Home သတင်း ဘုရားသုံးဆူတွင် ပြန်‌ပေးဆွဲမှုဖြစ်ပွား

ဘုရားသုံးဆူတွင် ပြန်‌ပေးဆွဲမှုဖြစ်ပွား

1615
‌မေလ ၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အတွင်း လူထု ၇ဦးကို ‌ပြောက်ကျားဝက်စုံ ဝတ်ဆင်ထားသည့် အမည်မသိ ‌သေနတ်သမားတစုက ယမန် ‌နေ့ည ၉နာရီ၌ ပြန်‌ပေးဆွဲခဲ့သည်ဟု မျက်မြင်သက်‌သေ မြို့ခံများက ‌ပြောသည်။

အဆိုပါ ပြန်‌ပေးသမားများက ရပ်ကွက်(၂) ငုဝါလမ်းထိပ်ရှိ ထမင်းဆိုင်တဆိုင်တွင် အမျိုးသား ၅‌ယောက်နှင့် အမျိုးသမီး ၂ဦးကို ဖမ်းဆီး ‌ခေါ်‌ဆောင်သွားခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် နီးစပ်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မြို့ထဲဝင်ပြီး‌တော့ ပြန်‌ပေးဆွဲတာ။ ‌ပြောက်ကျားဝတ်စုံနဲ့ ဝတ်ထားတဲ့သူပဲ။ သုံး‌ယောက်က‌တော့ ‌သေနတ်အရှည် ၃လက် ကိုင်ထားတယ်။ ဆိုင်ရဲ့ အပြင်ဘက်မှာ‌တော့ ၂‌ယောက် ‌စောင့်တယ်။ ပြန်‌ပေးဆွဲခံရသူက‌တော့ ခုနှစ်‌ယောက်။ မ‌နေ့ညက အမျိုးသမီးတစ်‌ယောက် ထွက် ‌ပြေးလွတ်လာတယ်။ ဒီမနက် အမျိုးသားတစ်‌ယောက် ထွက်‌ပြေးလွတ်လာတယ်။”ဟု သူက ‌ပြောသည်။

လက်ရှိ ပြန်‌ပေးသမားများက ပြန်‌ပေးခံထားရသည့် လူ ၅ဦး၏ ‌ဆွေမျိုးများထံတွင် ထိုင်းဘတ်‌ငွေ ၅သိန်းဖြင့် ပြန်‌ရွေးရန် ဖုန်းဖြင့် ဆက် သွယ်အ‌ကြောင်းကြားထားသည်ဟု သူက ဖြည့်စွက်‌ပြောဆိုသည်။

ယခုလ ၆ရက်‌နေ့က ဘုရားသုံးဆူမြို့၏ ‌လောင်းကစားဆိုင်များတွင် ပန်းသီးပုံး(‌လောင်းကစားပစ္စည်းတမျိုး) ၈လုံးကို ‌လောင်းကစားဆိုင် ၌ ရှုံးနိမ့်သူ ကစားသမားတဦးက ရိုက်ခွဲဖျက်ဆီးပြီး‌နောက် ထိုသို့ ပြန်‌ပေးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယမန်‌နေ့က အခင်းဖြစ်ပွားပြီး မကြာခင်တွင် မြို့တွင်း ရဲစခန်းသို့ တိုင်ကြားထားမှုများ‌ကြောင့် ရဲများက ထိုပြန်‌ပေးဆွဲအမှုကို လိုက်လံစုံစမ်း ‌နေဆဲဖြစ်ပြီး ပြန်‌ပေးသမားများသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်‌မြေဘက်သို့ ထွက်သွားခဲ့‌ကြောင်း ဘုရားသုံးဆူမြို့ခံ မျက်မြင် သက်‌သေများက ‌ပြောဆို‌နေကြသည်။

ဘုရားသုံးဆူဂွင်တွင် လက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိ‌သော်လည်း မြို့ခံလူထု၏ အကျိုးစီးပွားကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွားကိုသာ ရှာသည့်အဖွဲ့သာ များကြသလို ယင်းပြန်‌ပေးမှု‌ကြောင့် ဘုရားသုံးဆူမြို့လူထုမှာ စိုးရိမ်ထိတ်လန့်‌နေကြသည်။

မြို့ခံတဦးက “မြို့ကလူ‌တွေ ‌တော်‌တော် စိုးရိမ်ထိတ် လန့်‌နေကြတယ်။ အထူးသဖြင့် ပိုက်ဆံ(‌ငွေ) နည်းနည်းရှိတဲ့သူ‌တွေ ပို စိုးရိမ်ကြ တယ်။”ဟု ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် အစိုးရစစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ မြို့လုံခြုံ‌ရေးအပါအဝင် မွန်ပြည်သစ်ပါတီ-NMSP၊ နယ်ခြား‌စောင့်တပ်-BGF, ကရင် ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တို့ လှုပ်ရှားသွားလာလျှက်ရှိပြီး ပြန်‌ပေးဆွဲမှု များ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။