Home သတင်း KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်

KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်

2069
‌မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)


ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်ရှိသူ ဗိုလ်မှူးကြီး‌စောမိုးဖြူ ၆၂နှစ်သည် ယ‌နေ့မွန်း လွဲ ၁း၄၅နာရီအချိန်တွင် ဆီးချို‌ရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တ‌နေရာ၌ ကွယ်လွန်သွားခဲ့သည်။

KNLA မှ စစ်ဦးစီးမှူး တတိယတန်း(G-3) ဗိုလ်မှူးတာမလာ‌သောက “G-2 ဗိုလ်မိုးဟာ ရိုးသားတယ်။ ကြိုးစားတယ်။ တာဝန်သိတယ်။ ရဲ‌ဘော်‌တွေကို အထက်‌အောက် မခွဲခြားဘဲ ဆက်ဆံတတ်တဲ့သူ ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သူသည် ‌မွေးချင်း‌မောင်နှမ သုံးဦးအနက် ဒုတိယ‌မြောက်ဖြစ်သလို မိဘမျိုးရိုးမှာ ‌ငွေ‌ကြေးချမ်းသာသူများဖြစ်‌ကြောင်းကို ငယ်စဉ်က ‌ကျောင်း‌နေဖက် ဖြစ်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံးမှ ကျန်းမာ‌ရေးတာဝန်ခံ ‌နော်မြိုင်ဖိုးက ယခုလို ‌ပြောသည်။

“သူ့မှာ အမနဲ့ညီမ ရှိတယ်။ ‌ကျောင်းပြီးတာနဲ့ ‌တော်လှန်‌ရေးထဲကို သူ တခါတည်း ဝင်လုပ်လိုက်တာနဲ့ သူ့အမ အင်ဂျင်နီယာဆို အလုပ်ပါ ပြုတ်သွားတယ်။ သူ့‌မောင် ‌တောခိုလို့‌လေ”ဟု ဆိုသည်။

ဗိုလ်မှူးကြီးမိုးဖြူသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကြိုးဝိုင်းရွာသားဖြစ်ပြီး ၁၉၇၅ခုနှစ်၊ မတ်လ ၁ရက်တွင် ကရင့်‌တော် လှန်‌ရေးသို့ KNU သထုံခရိုင်၊ တပ်မဟာ(၁)မှ စတင် ဝင်‌ရောက်ခဲ့သည်။

စီးပွား‌ရေးပညာဖြင့် ဘွဲ့ရရှိခဲ့သူ ဗိုလ်မှူးကြီးမိုးဖြူသည် ပြီးခဲ့သည့် ဧပြီလ ၄ရက်‌နေ့မှ ၁၁ရက်‌နေ့အထိ မြန်မာအစိုးရနှင့် ပြည်‌ထောင်စုအ ဆင့် သွား‌ရောက်‌ဆွေး‌နွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့ထဲတွင် ပါဝင်ခဲ့သူဖြစ်သည်။

၎င်း၏ဈာပနကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတစ်ခုဖြစ်သည့် တပ်မဟာ(၇)နယ်‌မြေတွင် လာမည့် တနလင်္ာ‌နေ့ (‌မေလ ၁၄ရက်‌နေ့)တွင် ပြုလုပ်‌ပေးသွားမည်ဟု ‌ကေအဲန်ယူအသိုင်းအဝိုင်းထံမှ သိရသည်။