Home သတင်း ဘုရားသုံးဆူတွင် ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးဖွင့်ပြီးစီး

ဘုရားသုံးဆူတွင် ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးဖွင့်ပြီးစီး

2668
‌မေလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ထိုင်းစံ‌တော်ချိန် ၁၁း၂ဝနာရီ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးကို ယ‌နေ့မနက် ၉နာရီ(မြန်မာစံ‌တော်ချိန်)တွင် ဖွင့်လှစ်ပြီးစီးခဲ့ရာ ‌ဒေသခံလူထု ၂၀၀၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ဆက်ဆံ‌ရေးရုံးဖွင့်ပွဲကို မြန်မာအစိုးရ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းနှင့် ‌ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားကို မနက် ၁ဝနာရီတွင် ရုပ်သိမ်းခဲ့ကြသည်။

၎င်းဆက်ဆံ‌ရေးရုံးဖွင့်ပွဲသို့ မြန်မာအစိုးရဘက်မှ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးခင်ရီ အပါအဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းလည်း တက်‌ရောက်ခဲ့သည်ဟု ဖွင့်ပွဲတက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ တပ်ဖက်အရာရှိတစ်ဦးက ‌ပြောသည်။

‌ကေအဲန်ယူဘက်မှ ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ အတွင်း‌ရေးမှူး ပဒို‌ဒေးဗစ်‌ထော၊ အဖွဲ့ဝင် ဗိုလ်မှူး‌ရောဂျာခင်တို့ အပါအဝင် တပ်မဟာ(၄)၊ (၆)၊ (၇)မှ တပ်မဟာမှူးများ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဒူးပလာယာ၊ ဖားအံခရိုင် ဥက္ကဌများနှင့် ဗိုလ်မှူးထူးထူး‌လေးလည်း တက်‌ရောက်ခဲ့ကြသည်။