Home သတင်း ဘုရားသုံးဆူ KNU ဆက်ဆံ‌ရေး ရုံးဖွင့်ပွဲအခမ်းအနား လူထု ၂၀၀၀‌ကျော် တက်‌ရောက်ခဲ့

ဘုရားသုံးဆူ KNU ဆက်ဆံ‌ရေး ရုံးဖွင့်ပွဲအခမ်းအနား လူထု ၂၀၀၀‌ကျော် တက်‌ရောက်ခဲ့

2657
‌မေလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ဆက်ဆံ‌ရေးခွဲ ဖွင့်ပွဲအခမ်းအနားကို ဘုရားသုံးဆူမြို့၌ ယ‌နေ့မနက် မြန်မာ စံ‌တော်ချိန် ၉နာရီခန့်တွင် စတင် ကျင်းပပြုလုပ်ခဲ့ပြီး လူထု ၂၀၀ဝခန့် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ဘုရားသုံးဆူမြို့ ရပ်ကွက်(၃)တွင် ယ‌နေ့ကျင်းပခဲ့သည် အဆိုပါရုံးဖွင့်ပွဲအခမ်းအနား၌ ‌ကေအဲန်ယူဘက်မှ ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော် ‌ဆောင်‌ရေး‌ကော်မတီ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့် မြန်မာအစိုးရဘက်မှ ရထားပို့‌ဆောင်‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး ‌အောင်မင်းတို့က အဖွင့်မိန့်ခွန်း ‌ပြောကြားကာ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ရထားပို့‌ဆောင်‌ရေး ဦး‌အောင်မင်းက “ပြည်တွင်းငြိမ်းချမ်း‌ရေး အ‌ကောင်အထည်‌ဖော်ဖို့အတွက် ကျ‌နော်တို့ ‌ဒေါ်‌နော်စီဖိုးရာစိန်၊ ဗိုလ်ချုပ် ကြီးမူတူး‌စေးဖိုးအဖွဲ့နဲ့ ဖားအံမြို့မှာ၊ ပဲခူးမြို့မှာ၊ ‌နေပြည်‌တော်မှာ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့တယ်။ လက်မှတ်‌ရေးထိုးခဲ့တယ်။ အဲဒီ‌ဆွေး‌နွေးချက် ‌တွေမှာ တပ်‌တွေ ‌နေရာချထား‌ရေး၊ ဆက်ဆံ‌ရေးရုံးဖွင့်‌ရေး‌တွေ ပါပါတယ်။ အခု ကရင်တိုင်းရင်းသား‌တွေအ‌နေနဲ့ ‌ကျောက်ကြီးမှာ ဆက်ဆံ ‌ရေးရုံး ဖွင့်ပြီးပါပြီး၊ ထားဝယ်မှာလည်း ဖွင့်ပြီးပါပြီ။ အခုဘုရားသုံးဆူမှာ တတိယ‌မြောက် ဆက်ဆံ‌ရေးရုံးပဲဖြစ်ပါတယ်။ ဒါ‌တွေအားလုံးဟာ တိုးတက်တဲ့ လက္ခဏာ‌တွေဖြစ်ပါတယ်။”ဟု အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ‌ပြောဆိုသွားသည်။

ယခုဖွင့်လှစ်လိုက်သည့် ဆက်ဆံ‌ရေးရုံးမှာ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ဆက်လက်‌ဖော်‌ဆောင်‌ရေးအတွက် အစိုးရနှင့် ‌ကေအဲန်ယူအကြား လက် တွဲအ‌ကောင်အထည်‌ဖော်‌ရေးနှင့် ဆက်ဆံ‌ရေး ပိုမိုလွယ်ကူ‌အောင် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ဆက်ဆံ‌ရေးရုံး ဒုတာဝန်ခံ ပဒို‌စောထဲ ‌နေက ‌ကေအိုင်စီကို ‌ပြောသည်။

“အခု ဆက်ဆံ‌ရေးရုံးဖွင့်တာဟာ အလုပ်လုပ်တဲ့‌နေရာမှာ ကျ‌နော်တို့ နှစ်ဦးနှစ်ဖက် ဆက်သွယ်ရလွယ်ကူ‌အောင်၊ စကား‌ပြောရလွယ်ကူဖို့ အတွက် ဖြစ်တယ်။ ကျ‌နော်တို့က ပြည်တွင်းတည်ငြိမ်ငြိမ်းချမ်းလာဖို့၊ ပြည်သူလူထု‌တွေလည်း အရင်ကလို ‌ကြောက်ရွံ့ခြင်း‌တွေ မရှိ‌တော့ ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌နေထိုင်နိုင်ဖို့ ‌မျှော်လင့်တယ်။ ‌ကေအဲန်ယူအ‌နေနဲ့ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲ‌ရေးနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေး‌တွေ ရှိလာဖို့ လုပ်‌ဆောင်‌နေပါတယ်။”ဟု ပဒို‌စောထဲ‌နေက ‌ပြောသည်။

ယခုဆက်ဆံ‌ရေးရုံးတွင် တာဝန်ခံအဖြစ် ဗိုလ်ကြီးတစူဖိုး၊ ဒုတာဝန်ခံအဖြစ် ပဒို‌စောထဲ‌နေနှင့် ပဒို‌စောထူးထူးတို့မှ တာဝန်ယူသွားမည်ဟု သိရသည်။

အခမ်းအနားကို ‌ကေအဲန်ယူဘက်မှ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ပဒို‌စော‌ဒေးဗစ်‌ထော၊ ဗိုလ်မှူး‌ရောဂျာခင်၊ ဗိုလ်မှူးထူးထူး‌လေး၊ ‌ကေအဲန်ယူ တပ်မဟာ(၆)၊ (၇)၊ (၄)မှ တပ်မဟာမှူးများ၊ ဖားအံ၊ ဒူးပလာယာ၊ ဘိတ်-ထားဝယ်နှင့် ‌ညောင်‌လေးပင်ခရိုင်မှ ခရိုင်ဥက္ကဌများနှင့် ‌ဒေသခံ စစ်ဘက်အရာရှိများ၊ ဌာနဆိုင်ရာတာဝန်ခံများ တက်‌ရောက်ခဲ့ကြသည်။

အလားတူ မြန်မာအစိုးရဘက်မှ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ စွမ်း အင်ဝန်ကြီး ဦးသန်း‌ဌေး၊ ကရင်ပြည်နယ်ဝန်ကြီး ဦး‌ဇော်မင်းနှင့် အခြား‌ဒေသခံ စစ်ဘက်ဆိုင်ရာ၊ ဌာနဆိုင်ရာ အရာရှိများ တက်‌ရောက်ခဲ့ သည်ဟု အခမ်းအနားကို တက်‌ရောက်သည့် ‌ကေအဲန်ယူ တပ်မှူးတစ်ဦးက ‌ပြောသည်။

“အခမ်းအနားက ၉နာရီက‌နေ ၁ဝနာရီအထိပါပဲ။ ဦး‌အောင်မင်းတို့က ‌လေယာဉ်နဲ့လာကြတယ်။ ကရင်ပြည်နယ် ဝန်ကြီးချုပ်က‌တော့ ကား နဲ့ပဲလာတယ်။ ဖွင့်ပွဲပြီး‌တော့ ကျ‌နော်တို့ နှစ်ဖက်‌ခေါင်း‌ဆောင်‌တွေ ‌ဆွေး‌နွေး‌ပြောဆိုကြ‌သေးတယ်။”ဟု ၎င်းတပ်မှူးက ဆိုသည်။

ဘုရားသုံးဆူမြို့ခမ်းမ‌ဆောင်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအ‌ဝေးတွင် အဓိကအားဖြင့် ပဒို‌စော‌ဒေးဗစ်‌ထောနှင့် အစိုးရဘက်မှ ဝန် ကြီး‌လေးဦးက ‌ပြောဆိုခဲ့ကြရာ ဝန်ကြီးဦး‌အောင်မင်းအ‌နေဖြင့် ‌ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံးကိုလည်း လျင်မြန်စွာ ဖွင့်လှစ်‌စေချင်‌ကြောင်း ‌ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ မွန်ပါတီ‌ခေါင်း‌ဆောင်များ တက်‌ရောက်ခဲ့ကြသလို ‌ကေ အဲန်ယူ ဒူးပလာယာခရိုင်အတွင်းရှိ ဝင်း‌ရေးနှင့် ကျုံဒိုးမြို့နယ်အတွင်းမှ လူထုကိုယ်စားလှယ်များအပြင် ဘုရားသုံးဆူမြို့ခံများသည်လည်း ထိုဖွင့်ပွဲအခမ်းအနားကို တက်‌ရောက်အား‌ပေးခဲ့ပြီး လက်ရှိ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့် မြန်မာအစိုးရနှင့် ‌ကေအဲန်ယူတို့၏ သ‌ဘော ထားနှင့် လုပ်‌ဆောင်ချက်များကို လာ‌ရောက်‌လေ့လာခဲ့ကြသည်။