Home သတင်း KNU နှင့် ပြည်နယ်ဝန်ကြီးများ ၄၂နှစ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ တက်‌ရောက်

KNU နှင့် ပြည်နယ်ဝန်ကြီးများ ၄၂နှစ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ တက်‌ရောက်

1713
‌မေလ ၂၂ရက်၊ ၂၀၁၂။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ရွှေကုက္ကို‌ကျေးရွာတွင် ယ‌နေ့မနက် ကျင်းပခဲ့သည့် ၄၂နှစ်‌မြောက် ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု သင်တန်းဆင်းပွဲနှင့် ဆု‌ပေးပွဲ အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး -KNU နှင့် မြန်မာအစိုးရအသိုင်းအဝိုင်းမှ တက်‌ရောက်ခဲ့ကြသည်။

KNU ဘက်မှ ဗဟိုသစ်‌တောတာဝန်ခံ ပဒို‌စောအားတိုး၊ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေး၊ KNLA တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ် ‌ဂျော်နီနှင့် တပ်ရင်း(၁၀၁)မှူး ဒုဗိုလ်မှူးကြီး‌ဖောဒိုတို့ တက်‌ရောက်ခဲ့ကြသလို ပြည်နယ်လွှတ်‌တော်ဥက္ကဌ ဦး‌စော‌အောင်‌ကျော်မင်း အပါအ ဝင် ကရင်ဝန်ကြီးအချို့နှင့် မြန်မာစစ်တပ်မှ အမှတ်(၇၇) တပ်မမှူး ဗိုလ်မှူးချုပ်စိုးနိုင်ဦး၊ မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦးမြင့်တင်တို့ ပါဝင်ခဲ့ကြ သည်။

အဆိုပါ အခမ်းအနားတွင် ပဒို‌စောအားတိုးက အမှာစကား‌ပြောကြားရာ၌ သင်တန်းသူ၊ သင်တန်းသား မျိုးဆက်သစ်များအ‌နေဖြင့် မိမိတို့ ၏ စာ‌ပေနှင့် ယဉ်‌ကျေးမှုကို ထိန်းသိမ်းရန်အပြင် ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေးကိုလည်း ထိန်းသိမ်းလုပ်‌ဆောင်ရန် အ‌ရေးကြီး ‌ကြောင်း ‌ပြောဆိုခဲ့သည်။

ဧပြီလ ၁၉ရက်မှ ‌မေလ ၁၉ရက်အထိ တစ်လကြာမြင့်သည့် ယခု ‌နွေရာသီ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းကို ကရင်ပြည်နယ်ရှိ ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်များ၊ မွန်ပြည်နယ်တွင် ကျိုက်မ‌ရော၊ ဘီးလင်းနှင့် တနသင်္ာရီတိုင်းရှိ ‌ရေးမြို့နယ်မှ ရွာ‌ပေါင်း ၃၃ ရွာ ပါဝင်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ၊သား‌ပေါင်း ၂,၀၁၈ဦးရှိ‌ကြောင်း သင်တန်းဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဌ ‌ဒေါ်နန်းမြင့်တင်က ‌ပြောသည်။

“မနှစ်ကနဲ့စာရင် ရွာနည်း‌ပေမဲ့ သင်တန်းသူ၊ သင်တန်းသားက များလာတယ်။ ပထမဦးဆုံး ဆရာဖြစ်သင်တန်းကို ကရင်‌ဘော်ဒါ‌ဆောင်မှာ ၁၄ရက် ဖွင့်တယ်။ အဲဒီက‌နေမှ ‌ကျေးရွာ‌တွေကို အသီးသီး ဆရာပို့ပြီး သင်ကြား‌စေခဲ့တယ်။”ဟု ဆိုသည်။

သင်တန်းတွင် အ‌ခြေခံအဆင့်မှ ၄တန်းအထိ စာ‌ပေသင်ကြားခဲ့သလို ယဉ်‌ကျေးမှုဆိုင်ရာ သင်ကြားမှုတွင် ရိုးရာဒုံးအက၊ ‌စောင်း‌ကောက်၊ ဗျပ်‌စောင်းနှင့် မိ‌ချောင်းလျှာတီးခတ်မှုများကို သင်ကြား‌ပေးခဲ့သည်။ သင်တန်းဆင်းပွဲကာလ ‌မေလ ၂ဝရက်‌နေ့နှင့် ၂၁ရက်‌နေ့များတွင် စာစီစာကုံး၊ ‌ဆောင်းပါး၊ ဝတ္ထုတို၊ ပန်းချီနှင့် ရိုးရာဒုံးအက၊ ကဗျာ‌တေးသရုပ်‌ဖော် အပါအဝင် ယဉ်‌ကျေးမှုပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြသည်။

လူဦး‌ရေ ၃,၀၀ဝခန့် တက်‌ရောက်ခဲ့သည့် အဆိုပါသင်တန်းဆင်းပွဲတွင် ပိုးကရင်၊ စ‌ကောကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုပြိုင်ပွဲများ၌ ဆုရရှိသူ များ၊ ပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၂၃ဖွဲ့အနက် ဆုရရှိသွား‌သော မုက္ကဒိ၊ ‌တောင်ဒီး၊ ‌ရွှေကုက္ကို အမှတ်(၁) စသည့် ဒုံးအဖွဲ့များကိုလည်း အသီးသီး ဆု‌ပေးအပ်ချီးမြှင့်ခဲ့သည်။

၎င်းအပြင် နယ်ခြား‌စောင့်တပ် အမှတ်(၃) တပ်နယ်မှူး ‌စောချစ်သူကလည်း အခမ်းအနား တက်‌ရောက်လာသည့် ဝန်ကြီးများ၊ တပ်ဖက် အရာရှိများနှင့် KNU တပ်ဖက်၊ အရပ်ဖက် ‌ခေါင်း‌ဆောင်များအား လက်‌ဆောင်ပစ္စည်းများ ‌ပေးအပ်ခဲ့သည်။

အခမ်းအနား တက်‌ရောက်ခဲ့သူ ဘားအံမြို့၊ သု‌မေဓာရာမ ‌တောရ‌ကျောင်းတိုက်၏ ‌ကျောင်းထိုင်ဆရာ‌တော် ဦးစန္ဒာဝရက မျိုးဆက်သစ် ကရင်လူငယ်‌မောင်မယ်များအတွက် အမျိုးသားစာ‌ပေနှင့် ယဉ်‌ကျေးမှုကို ဆက်လက် ထိန်းသိမ်းမြှင့်တင်ရန် ယခုလို မြွက်ကြားခဲ့သည်။

“ကိုယ့်ရဲ့ စာ‌ပေ၊ ယဉ်‌ကျေးမှုကို သင်ယူကြပါ။ သူများက ‌လှေခါး‌ထောင်ထားပြီးပြီမို့ ကိုယ်က တက်လှမ်းရုံပဲ ရှိ‌တော့တယ်။ ကိုယ်ကတက် မှသာ ‌ရောက်မှာမို့ စာ‌ပေကို တတ်‌မြောက်‌အောင် သင်ကြားဖို့နဲ့ ယဉ်‌ကျေးမှုကိုလည်း ထိန်းသိမ်းသင်ယူကြပါ။ ဒါ‌တွေကို အလားတူ လိုက် ပါလုပ်‌ဆောင်ပြီး တိုးတက်‌အောင် လုပ်သွားဖို့ လာမဲ့ ကရင်မျိုးဆက်‌သွေးသစ်‌တွေကို မှာကြား‌ပြောဆိုချင်ပါတယ်။”ဟု မိန့်ဆိုခဲ့သည်။

ကရင်ပြည်နယ်တွင် အဆိုပါသင်တန်းကို တနှစ်တကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ် သင်တန်းဆင်းပွဲကို ဘားအံမြို့နယ်၊ ခ‌လောက်နို့ ‌ကျေးရွာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်၍ ပိုးကရင်စာ‌ပေ၏ ‌ရှေး‌ဟောင်း‌ပေစာ(လိက်ထူ့လီ)ကို ‌ရွှေကုက္ကို စာ‌ပေ၊ ယဉ်‌ကျေးမှုအဖွဲ့က ခ‌လောက်နို့‌ကျေးရွာ စာ‌ပေ၊ ယဉ်‌ကျေးမှုအဖွဲ့လက်ထဲသို့ လွဲ‌ပြောင်း‌ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ကရင်ပြည်နယ်တွင် ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းမှ ကြီးမှူး၍ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌နွေရာသီ သင်တန်းကို ၁၉၆၇ခုနှစ်ကတည်းက စတင် လုပ်‌ဆောင်ခဲ့‌သော်လည်း ယခုလို ‌ကျေးရွာများအလိုက် လိုက်လံသင်ကြားပို့ချ‌ပေးသည်မှာ ၄၂နှစ်ရှိပြီ ဖြစ်သည်။