Home သတင်း ‌ကျောက်ကြီး IDPများလွတ်လပ်စွာ လုပ်ကိုင်စား‌သောက်ခွင့်နှင့် စားနပ်ရိက္ခာ ခက်ခဲ‌ကြောင်း တင်ပြ‌တောင်းဆို

‌ကျောက်ကြီး IDPများလွတ်လပ်စွာ လုပ်ကိုင်စား‌သောက်ခွင့်နှင့် စားနပ်ရိက္ခာ ခက်ခဲ‌ကြောင်း တင်ပြ‌တောင်းဆို

1854
‌မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်


ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်‌မြေ ‌ကျောက်ကြီး‌ဒေသအတွင်းရှိ အိမ်‌ခြေမဲ့ ပြည်သူများ(IDPs)က ၎င်းတို့အတွက် လွတ်လပ်စွာ လုပ်ကိုင်စား‌သောက်ခွင့်နှင့် အစားအစာ လိုအပ်‌ကြောင်း အကူအညီ‌ပေး‌နေ‌သော အဖွဲ ့များအား ‌တောင်းဆိုလိုက်သည်။

‌နော်‌ဝေနိုင်ငံ ဒုတိယနိုင်ငံခြား‌ရေဝန်ကြီး(Mr. Torgeir Larsen)၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးခင်ရီနှင့် KNU မှ ဗိုလ်မှူးထူးထူး‌လေးတို့အဖွဲ့သည် ယမန်‌နေ့(‌မေ ၂၈ရက်‌နေ့) မွန်းလွဲ ၁နာရီမှ ၃နာရီအထိ ‌ကျောက်ကြီးမြို့ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးတွင် ‌ဒေသခံ အိုးအိမ်စွန့်ခွာ ‌နေထိုင်‌နေရသူများနှင့် သွား‌ရောက်‌တွေ့ဆုံခဲ့စဉ် Mr. Torgeir Larsen ၏ လိုအပ်ချက်‌မေးမြန်းမှုကို တက်‌ရောက်လာသည့် ကရင်တိုင်းရင်းသားတစ်ဦးက တင်ပြ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‌ကျောက်ကြီး‌ဒေသခံ IDP ပြည်သူ ‌စောလှတင်မူးက “ရာသီဥတုက မမှန်‌တော့ ‌တောင်ယာလုပ်တာ အရင်လို အဆင်မ‌ပြေ‌တော့ဘူး။ အခု စားစရာ လိုအပ်‌နေတယ်”ဟု ‌ပြောသည်။

အဆိုပါ‌တွေ့ဆုံပွဲတွင် ‌နော်‌ဝေနိုင်ငံ ဒုတိယနိုင်ငံခြား‌ရေးဝန်ကြီး Mr. Torgeir Larsen က တိုင်းရင်းသား‌ဒေသများအား ကူညီရန် အ‌မေရိ ကန်‌ဒေါ်လာ ၅သန်း လျာထား‌ကြောင်း ‌ပြောကြားခဲ့ပြီး ထို‌ငွေ‌ကြေးဖြင့် အိမ်ယာမဲ့‌နေသူများအတွက် အစားအစာ အပါအဝင် ပြန်လည်ထူ ‌ထောင်‌ရေးအတွက် အသုံးပြုသွားမည်ဟု ‌ပြောကြားသွားခဲ့သည်။

ထို့အပြင် မြန်မာအစိုးရဖက်ကလည်း ‌ကျောက်ကြီး‌ဒေသရှိ အိုးအိမ်မဲ့‌နေသူ အမျိုးသား ၃၃ဦးနှင့် အမျိုးသမီး ၃ဦးတို့အား နိုင်ငံသားဖြစ် ‌ကြောင်း သက်‌သေခံကဒ် ထုတ်‌ပေးခဲ့ပြီး ထိုကဒ်ဖြင့် ပြည်တွင်းပြည်ပခရီးသွားနိုင်‌ကြောင်း ဝန်ကြီးဦးခင်ရီက ‌ပြောသည်။

‌ကျောက်ကြီး‌ဒေသတွင် ပြည်တွင်းစစ်‌ကြောင့် ‌နေရပ်စွန့်ခွာ‌နေရသည့် အိုးအိမ်မဲ့ပြည်သူ ၁,၅၀ဝဦး‌ကျော်ရှိ‌ကြောင်း တက်‌ရောက်လာသူများ ၏ ‌ပြောဆိုချက်အရ သိရပြီး ထိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် သက်‌သေခံကဒ်များ ဆက်လက် ထုတ်‌ပေးသွားမည် ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲပြီး‌နောက် နှစ်ဖက်တပ်များ ဆက်သွယ်လုပ်‌ဆောင်နိုင်ရန်အတွက် ဆက်ဆံ‌ရေးရုံးကို ‌ကျောက်ကြီးမြို ့တွင် ဧပြီလ ၉ရက်‌နေ့က နှစ်ဖက် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များက ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။