Home သတင်း မွန်ဒီမိုက‌ရေစီပါတီ-MDP ပါတီတည်‌ထောင်ခွင့်ရ

မွန်ဒီမိုက‌ရေစီပါတီ-MDP ပါတီတည်‌ထောင်ခွင့်ရ

1632
‌မေလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

၁၉၉ဝ ‌ရွေး‌ကောက်ပွဲအပြီး ဖျက်သိမ်းခံထားရသည့် မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ (MNDF) ကို မွန်ဒီမိုက‌ရေစီပါတီ (MDP) အမည်ဖြင့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ယမန်‌နေ့က ပါတီတည်‌ထောင်ခွင့်ပြုလိုက်သည်။

မွန်အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ MNDF သည် မွန်ဒီမိုက‌ရေစီပါတီ MDP အဖြစ် အမည်သစ်‌ပြောင်းလဲခဲ့ပြီး ဧပြီလ ၂၆ရက်‌နေ့က ပြည်ထာင် စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ ပါတီတည်‌ထောင်ခွင့်‌လျှောက်ထားခဲ့သည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က နိုင်‌ငွေသိမ်း အပါအဝင် ၁၅ဦးတို့ ‌လျှောက်ထားသည့် မွန်ဒီမိုက‌ရေစီပါတီ တည်‌ထောင်ခွင့် ‌လျှောက်ထားချက်သည် ဥပ‌ဒေ၊ နည်းဥပ‌ဒေများနှင့် ညီညွတ်‌ကြောင်း ‌တွေ့ရှိရသဖြင့် ၂၀၁၂ခုနှစ်၊ ‌မေလ ၃ဝရက်‌နေ့တွင် နိုင်ငံ‌ရေးပါတီ တည်‌ထောင်ခွင့်ပြုလိုက်‌ကြောင်းကို ယ‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

“‌နောက်ထပ်တဆင့် ပါတီမှတ်ပုံတင်ဖို့ လုပ်ရ‌တော့မယ်။ ကျ‌နော်တို့က ၂၄ရက်‌နေ့မှာ အစည်းအ‌ဝေးလုပ်ဖို့စီစဉ်ထားတယ်။ ဒါ‌ပေမယ့် အခု ပါတီမှတ်ပုံတင်ဖို့ကိစ္စအတွက် အ‌ရေး‌ပေါ် အစည်းအ‌ဝေး‌ခေါ်ရ‌တော့မယ်။ ဒီရက်ပိုင်းမှာ‌ပေါ့”ဟု မွန်ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိမ်းက ‌ပြောသည်။

နိုင်ငံ‌ရေးပါတီတည်‌ထောင်ခွင့်ပြုပြီး‌နောက် တစ်လ‌တောအတွင်း ပါတီမှတ်ပုံတင်ရမည်ဟု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ အ‌ကြောင်းကြားထား ‌ကြောင်းလည်း နိုင်‌ငွေသိမ်းက ဆက်‌ပြောသည်။

၎င်းက “ပါတီမှတ်ပုံတင်ရင် ပါတီရဲ့ဖွဲ့စည်းပုံတို့၊ အလံတို့ အဲဒါ‌တွေ တင်ပြရမယ်။ ပြီး‌တော့ ‌ခေါင်း‌ဆောင်နှစ်ဦးက‌နေ လက်မှတ်ထိုးရမှာ။ အဲဒါကို ဒီလာမယ့် အ‌ရေး‌ပေါ် အစည်းအ‌ဝေးမှာ ‌ဆွေး‌နွေးမယ်။ ‌ရွေးချယ်သွားမယ်”ဟု ‌ပြောသည်။

မွန်ဒီမိုက‌ရေစီပါတီအ‌နေဖြင့် ပါတီမှတ်ပုံတင်ပြီး‌နောက် တရားဝင် နိုင်ငံ‌ရေးပါတီအဖြစ် ရပ်တည်ခွင့်ရရှိပြီး‌နောက် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီနှင့် ၂၀၁၄ခုနှစ်ကုန်ပိုင်းတွင် နှစ်ပါတီ ပူး‌ပေါင်းသွားရန် ဆုံးဖြတ်ထားကြ‌သော် လည်း လတ်တ‌လောအ‌ခြေအ‌နေအရ ပါတီနှစ်ခု ပူး‌ပေါင်းသွားရန် ခက်ခဲလျှက်ရှိ‌ကြောင်း မွန်နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်အချို့က သုံးသပ်‌နေ ကြသည်။

မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ကို ၁၉၈၈ခုနှစ်၊ ‌အောက်တိုဘာလ ၁၁ရက်‌နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စား လှယ် ၁၉ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် ငါး‌နေရာ အနိုင်ရရှိခဲ့သည်။ ထိုစဉ်က စစ်အစိုးရမှ ‌ရွေး‌ကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ရန် ငြင်းပယ်ခဲ့ပြီး‌နောက် ၁၉၉၁ခုနှစ်တွင် ပါတီ‌ခေါင်း‌ဆောင်များ ဖမ်းဆီးခံရကာ ၁၉၉၂ခုနှစ်၊ မတ်လ ၁၉ရက်‌နေ့တွင် ပါတီဖျက်သိမ်းခြင်း ခံရသည်။

ထိုအတူ ပါတီတည်‌ထောင်ခွင့်ကျပြီး ပါတီမှတ်ပုံတင်ထားသည့် ရခိုင်ဒီမိုက‌ရေစီအဖွဲ့ချုပ်ကိုလည်း ၂၀၁၂ခုနှစ်၊ ‌မေလ ၃ဝရက်‌နေ့မှစ၍ နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်းဥပ‌ဒေပုဒ်မ ၉နှင့်အညီ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလုပ်‌ကြောင်း ယ‌နေ့ ထုတ်သတင်းစာတွင် ပါရှိသည်။