Home သတင်း ဖားကန့်-မိုး‌ကောင်းကားခ အဆမတန် မြင့်တက်

ဖားကန့်-မိုး‌ကောင်းကားခ အဆမတန် မြင့်တက်

1732
ဇွန်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်

မိုင် ၆ဝသာ ကွာ‌ဝေး‌သော ဖားကန့်မှ မိုး‌ကောင်းမြို့သို့သွားသည့် ခရီးသည်တစ်ဦးလျှင် ကားခမှာကျပ်၈‌သောင်းအထိ ‌ဈေးတက်သွားခဲ့ ‌ကြောင်း မြစ် ကြီးနား‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။

“အဆင်းကားခ (ဖားကန့်မှ မိုး‌ကောင်းအလာ) ‌ဈေးတက်သွားတာ။ အရင်က ဗဲန်(Ven)ကားနဲ့သွားရင် တစ်‌ယောက်ကို ၂‌သောင်းခွဲ(ကျပ်) ပဲ ရှိတယ်။ ဒီ‌မေလကုန်ပိုင်းက စတက်တာ။ ရိုးရိုးကားဆိုရင် အရင်က ၈၀၀၀(ကျပ်)က‌နေ အခု ၂၅၀၀၀(ကျပ်)ဖြစ်သွားပြီ”ဟု ‌မေလ ၃ဝ ရက်က ပြန်လာသူ မြစ်ကြီးနား‌ဒေသခံတစ်ဦးက ‌ပြောသည်။

မြန်မာအစိုးရက ဖားကန့်‌ဒေသတွင် ‌ကျောက်တူး‌နေမူများအား ‌မေလ‌နောက်ဆုံးပတ်မှစ၍ ၆လရပ်ဆိုင်းရန် ညွှန်ကြားခဲ့ပြီး‌နောက် ဖားကန့် အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး ကားများ မသွားလာရဲဖြစ်လာရာမှ ‌ဈေးတက်လာခဲ့ခြင်းဖြစ်သည်။

ယခင်က ဖားကန့်မှ မိုး‌ကောင်းသို့ တစ်‌နေ့လျှင် ကားအစီး‌ရေ တစ်ရာခန့် အသွားအပြန် သွားလာ‌နေ‌သော်လည်း ယခုရက်ပိုင်းတွင် အစီး ၂ဝခန့်သာ သွား‌တော့‌ကြောင်း ‌ဒေသခံများထံမှ သတင်းရရှိသည်။

“ကားခ‌ဈေးကြီးလို့ မပြန်နိုင်တဲ့ အလုပ်သမား‌တွေ အများကြီးပဲ။ ကျ‌နော့်ဆီမှာ‌တောင် တစ်ရာ‌လောက် ပိတ်မိ‌နေတယ်။ ဟိုရက်က ကိုယ့် ‌ရှေ့မှာပဲ တိုက်ပွဲဖြစ်‌နေ‌တော့ လူ‌တွေက ‌ကြောက်လန့်‌နေတာ‌ပေါ့”ဟု ဖားကန့်‌ဒေသရှိ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ‌ပြောသည်။

မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်‌ရေးတပ်မ‌တော် (KIA)ကြား တိုက်ပွဲဖြစ်ပွား‌နေသည်မှာ တနှစ်နီးပါးရှိ‌နေပြီး ဇွန်လ ၁ရက်‌နေ့က မြန်မာ အစိုးရဖက်မှ ဝန်ကြီးဦး‌အောင်မင်း ‌ခေါင်‌ဆောင်‌သော ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ် ‌မော် ဦး‌ဆောင်‌သောအဖွဲ့တို့သည် KIO နယ်‌မြေအတွင်း ‌တွေ့ဆုံခဲ့ကြသည်။

အဆိုပါ‌တွေ့ဆုံပွဲတွင် နှစ်ဖက်စစ်တပ်များ ‌နေရာချထား‌ရေးသာ ‌ဆွေး‌နွေးခဲ့ပြီး ထပ်မံ ‌တွေ့ဆုံရန် သ‌ဘောတူညီမှု ရရှိခဲ့သဖြင့် အ‌ခြေအ‌နေ ‌ကောင်းမွန်‌ကြောင်း ဝန်ကြီးဦး‌အောင်မင်းက ‌ပြောသည်။