Home သတင်း ဘုရားသုံးဆူမြို့တွင် မြို့တွင်းစီးနိုင်သည့် ဆိုင်ကယ်မှတ်ပုံတင် ပြုလုပ်‌ပေး‌နေ

ဘုရားသုံးဆူမြို့တွင် မြို့တွင်းစီးနိုင်သည့် ဆိုင်ကယ်မှတ်ပုံတင် ပြုလုပ်‌ပေး‌နေ

2087
ဇွန်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် လိုင်စင်မရှိ‌သော ဆိုင်ကယ်ကို မြို့အတွင်း စီးနိုင်ရန်အတွက် ရပ်ကွက် အုပ်ချုပ်‌ရေးမှူးက ဆိုင်ကယ်မှတ်ပုံတင် ပြုလုပ်‌ပေးလျှက်ရှိသည်ဟု သိရသည်။

ရပ်ကွက်‌ပေါင်း ၄ခုရှိသည့် ဘုရားသုံးဆူမြို့ရှိ လိုင်စင်မဲ့ ဆိုင်ကယ်များ ယာဉ်တိုက်မှုဖြစ်ပွားသည့်အခါ အလွယ်တကူ ‌ဖြေရှင်းနိုင်‌စေရန် ရည်ရွယ်၍ ယခု ဇွန်လ ၁ရက်‌နေ့မှစတင်ကာ ယခုလို ဆိုင်ကယ်မှတ်ပုံတင် ပြုလုပ်‌ပေး‌နေခြင်းဖြစ်‌ကြောင်း ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃) ဥက္ကဌ ဦး‌အေးကိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မြို့တွင်းမှာ ဆိုင်ကယ်တိုက်မှု‌တွေ ဖြစ်တဲ့အခါ ဒီမှတ်ပုံတင် ရှိခြင်းအားဖြင့် အလွယ်တကူ ‌ဖြေရှင်းလို့ရတယ်။ ဆိုင်ကယ်မှတ်ပုံတင် မရှိ ဘူးဆိုရင် ဘယ်က ဆိုင်ကယ်၊ ဘယ်က လာလဲဆိုတာလည်း မသိဘူး‌လေ။ ကျ‌နော်တို့ လုပ်‌ပေးတဲ့ ဆိုင်ကယ်မှတ်ပုံတင်က‌တော့ ‌ဆေးသုတ်ထားတဲ့ သံပြား‌ပေါ် နံပါတ်ထည့်‌ပေးတယ်။”ဟု ‌ပြောဆိုသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို မှတ်ပုံတင်ရန် ဘုရားသုံးဆူမြို့ရှိ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးသို့ သွား‌ရောက်‌လျှောက်ထားရပြီး ဆိုင်ကယ်တစ်စီး လျှင် ထိုင်းဘတ်‌ငွေ ၅ဝအထက်‌ကျော်လွန်၍ မ‌ကောက်ခံ‌ကြောင်းနှင့် ဆိုင်ကယ်မှတ်ပုံတင် အလွယ်တကူလုပ်နိုင်ရန် နံနက် ၇နာရီမှ ၁ဝနာရီအထိ ရုံးဖွင့်လှစ်‌ပေးထား‌ကြောင်း သူက ဆက်‌ပြောသည်။

ဘုရားသုံးဆူမြို့ခံလူငယ်တစ်ဦးက ဆိုင်ကယ်မှတ်ပုံတင်ရရှိရန် မြို့ခံအများစုက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်‌ရေးရုံးသို့ သွား‌ရောက်လုပ် ‌ဆောင်‌နေ‌သော်လည်း ၎င်းအ‌နေဖြင့် ယခင်က တခါပြုလုပ်ခဲ့ပြီးဖြစ်‌သော‌ကြောင့် ရပ်ကွက်အုပ်ချုပ်မှူးများ၏ ဆိုင်ကယ်မှတ်ပုံတင်ခြင်းကို မပြုလုပ်‌တော့‌ကြောင်း ယခုလို ‌ပြောသည်။

သူက “ပြီးခဲ့တဲ့ ၂နှစ်တုန်းက ဒီလို တခါလုပ်‌ပေးပြီးပြီ။ ကျ‌နော်‌တော့ မလုပ်‌တော့ဘူး။ အကယ်၍ လုံးဝ မလုပ်မဖြစ်‌တော့မှ လုပ်မယ်။ အခု ဆိုင်ကယ်တစ်စီး ဘတ် ၅၀‌လေ။ တစ်ရပ်ကွက်ဆိုရင် ဆိုင်ကယ်အစီး‌ရေ ၃၀ဝအထိ ရှိတာ။ လုပ်‌ပေးတဲ့သူ ပိုက်ဆံ မနည်းရမှာ။”ဟု ရှင်းပြ သည်။

ဘုရားသုံးဆူ တာဝန်ရှိသူများ၏ ဆိုင်ကယ်မှတ်ပုံတင် လုပ်‌ဆောင်‌ပေးခြင်းသည် ၎င်းတို့ဝင်‌ငွေရရှိရန် လုပ်‌ဆောင်ခြင်းသာဖြစ်သည်ဟု မြို့ခံများက ‌ဝေဖန်‌ပြောဆို‌နေကြသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်ပြီး နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် ‌လောင်းကစားမှု၊ အဂတိလိုက်စားမှု၊ ပြန်‌ပေးဆွဲမှုနှင့် လူသတ်မှု စသည့် ရာဇဝတ်မှုအမျိုးမျိုး မကြာခဏ ဖြစ်‌ပေါ်‌လေ့ရှိသည်။