Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌တွေ့အကြုံ‌ဆွေး‌နွေးပွဲ KWAG ပြုလုပ်ခဲ့

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌တွေ့အကြုံ‌ဆွေး‌နွေးပွဲ KWAG ပြုလုပ်ခဲ့

1673
ဇွန်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ငြိမ်းချမ်း‌ရေးဖြစ်စဉ်ဆိုင်ရာ အ‌တွေ့အကြုံ ‌ဆွေး‌နွေးပွဲကို ကရင်အမျိုးသမီးများလှုပ်ရှားမှုအဖွဲ့(KWAG) မှ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် M3 Food Center တွင် ဇွန်လ ၂ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့သည်။

၎င်း‌ဆွေး‌နွေးပွဲသို့ ၈၈မျိုးဆက်‌ကျောင်းသားများ၊ နိုင်ငံ‌ရေးပါတီများ၊ ဘာသာ‌ရေးအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူထုအ‌ခြေပြု အဖွဲ့-CBO များ၊ LNGO များ တက်‌ရောက်ခဲ့ကြပြီး KWAG စီမံခန့်ခွဲ‌ရေး ဒါရိုက်တာ ‌နော်စူစဲနာလှလှစိုးက KNU ငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့် သူမတို့အဖွဲ့၏ လုပ်ငန်းစဉ် အ‌တွေ့အကြုံ၊ အခက်အခဲများကို တင်ပြ‌ဆွေး‌နွေးခဲ့သည်။

ထို့အပြင် CBI မှ ‌ဒေါ်‌ရွှေ‌ရွှေစိန်လတ်က Geo Politic နှင့် ပတ်သက်၍ ‌ဆွေး‌နွေးသွားခဲ့သလို ကချင်အမျိုးသမီးအဖွဲ့မှ ‌ဒေါ်ခွန်ဂျာက KIO/ KIA ဖြစ်‌ပေါ်လာပုံ၊ ယခု လက်ရှိ ကချင်ပြည်နယ်၏ အ‌ခြေအ‌နေများအပြင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုများကို တင်ပြသွားသည်။

‌ဒေါ်ခွန်ဂျာက “ကချင်ပြည်နယ်ဟာ အာရှရဲ့ ပါဝါကြီးတဲ့ နိုင်ငံနှစ်ခုကြားမှာ တည်ရှိ‌နေတာပါ။ တရုတ်နိုင်ငံရဲ့ ဝင်‌ငွေတစ်ဝက်‌လောက်ဟာ ကချင်ပြည်နယ်က ရတာဖြစ်ပါတယ်။ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးတဲ့ ဖြစ်စဉ်‌တွေကို ကြည့်ရင် KNU နဲ့သာ သိသိသာသာ ‌ဆွေး‌နွေးတယ်ဆိုတာ ကို မြင်နိုင်ပါတယ်။ ကျမတို့ Roll Play လို ညှိနှိုင်း‌ရေးမျိုးကို မလိုချင်‌တော့ပါဘူး”ဟု ‌ပြောသည်။

သူမက ဆက်လက်၍ မြန်မာသည် ကမာ္ဘ‌ပေါ်တွင် လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် Oxfund အစီရင်ခံစာတွင်‌ဖော်ပြထားသည် ကို ‌တွေ့နိုင်‌ကြောင်း၊ လက်နက်အပြင် အခြားနည်းများဖြင့်လည်း သတ်နိုင်‌ကြောင်း ၂၀၁၁ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအတွင်း အသက် ၉နှစ်မှ ၅ဝနှစ်အတွင်း အမျိုးသမီး ၃၇ဦး မုဒိမ်းကျင့်ခံရခြင်းများကိုလည်း ရှင်းလင်း‌ဆွေး‌နွေးခဲ့သည်။

၈၈မျိုးဆက်‌ကျောင်းသား ကိုမင်းကိုနိုင်က “ကျ‌နော်တို့ တစ်တိုင်းပြည်လုံးလှည့်‌နေတာ ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်ဖို့အတွက်ပါ။ ကျ‌နော် တို့ တိုင်းပြည်ကို အခွင့်ထူးခံ‌တွေနဲ့ ‌ပေါင်းပြီး‌တော့ လက်ညှိုးထိုး‌ရောင်းစားမှာမျိုး။ နိုင်ငံတကာက ကမာ္ဘလှည့်လူလိမ်‌တွေနဲ့‌ပေါင်းပြီး လုပ် စားမှာမျိုး မလိုလားပါဘူး။ ကျ‌နော်တို့‌နောက်‌ကျောမှာ ဒဏ်ရာ‌တွေ ရှိပါတယ်။ အဲဒါ‌တွေကိုကြည့်ပြီး ယုံသင့်တာကိုယုံပါ။ ဖွင့်သင့်တာကို ဖွင့်ပါ”ဟု ‌ဆွေး‌နွေး‌ပြောဆိုသည်။

‌နော်စူစဲနာလှလှစိုးက “KNU ပါဝင်တဲ့ ငြိမ်းချမ်း‌ရေးလမ်းတစ်‌လျှောက်ကို စီးပွား‌ရေးကုမ္ပဏီကြီးနှစ်ခုက ‌ထောက်ပံ့ထားတယ်ဆိုတာကို သိ ရတယ်။ သိန်း ၇၀ဝကုန်တယ်လို့ အစိုးရဘက်က ကျမတို့ကို ‌ပြောပြပါတယ်။ ဒီဖြစ်စဉ်မှာ ငြိမ်းချမ်း‌ရေးအတွက် ဘတ်ဂျတ်မရှိဘူးလို့ ‌ပြော ‌နေ‌တော့ ငြိမ်းချမ်း‌ရေးလုပ်ရာမှာ စီးပွား‌ရေးလုပ်ငန်း‌တွေ မပါဝင်ဖို့ကိုလည်း ‌တောင်းဆိုမှု‌တွေ လုပ်သွားမယ်”ဟု သူမက ‌ပြောသည်။

ယခု‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်ကြသူများက အ‌မေးအ‌ဖြေများ ပြုလုပ်ခဲ့ကြသည့်အပြင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာ၌ စီးပွား‌ရေးအမြတ် ထုတ်မှုကို ဆန့်ကျင်ကန့်ကွက်သည့် ‌တောင်းဆိုမှု လက်မှတ်‌ရေးထိုးခြင်းကိုလည်း KWAG က တစ်ပါတည်း ပြုလုပ်သွားခဲ့သည်။

ကရင်အမျိုးသမီးများလှုပ်ရှားမှုအဖွဲ့-KWAG သည် ၂၀၁၂ခုနှစ်အတွင်း ငြိမ်းချမ်း‌ရေးနှင့်ပတ်သက်၍ မျိုးဆက်သစ်လူငယ်များအဖွဲ့(GW)နှင့် “ကျည်ဆံ‌တွေအစား ပန်းများပွင့်‌စေသတည်း ငါတို့ချစ်တဲ့မြန်မာပြည်” လှုပ်ရှားမှုကို ပူး‌ပေါင်းပါဝင်လုပ်‌ဆောင်ခဲ့သည်။