Home သတင်း မွန်တိုင်းရင်းသားတို့၏ အမည်လွဲများ ပြင်‌ပေးရန် မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ကြိုးပမ်း

မွန်တိုင်းရင်းသားတို့၏ အမည်လွဲများ ပြင်‌ပေးရန် မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ကြိုးပမ်း

2122
ဇွန်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ်

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အိမ်‌ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိထားသူ လူမျိုး‌နေရာတွင် မှားယွင်း‌ရေးသွင်း ခံထားရသူများအတွက် ပြန်လည်ပြင်ဆင်‌ပေးရန် မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (ရန်ကုန်)မှ ဦး‌ဆောင်ကြိုးပမ်းလျှက်ရှိသည်။

မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်မင်း‌သောင်းသျှင်က “ကျ‌နော်တို့ ဇွန်လ ၂၃ ရက်‌နေ့မှာ မွန်နာ‌ရေးကူညီမှုအသင်းက‌နေ အစည်းအ‌ဝေးရှိတယ်၊ အဲဒီမှာ အိမ်‌ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မှားယွင်းတဲ့ကိစ္စကို ‌ပြောပြသွားမယ်။”ဟု ‌ပြောသည်။

အစည်းအ‌ဝေးတွင် အိမ်‌ထောင်စု နှင့် မှတ်ပုံတင် မှားယွင်း‌နေသူများ၏ စာရင်းကို ‌ကောက်ခံသွားမည်ဖြစ်ပြီး ထိုရရှိသည့်စာရင်းကို အ‌ခြေခံ၍ ‌ရှေ့ဆက်လုပ်‌ဆောင်သွားမည်ဟုလည်း ၎င်းက ‌ပြောသည်။

ယခုကဲ့သို့ မှတ်ပုံတင်ရှိ လူမျိုး‌နေရာတွင် တိုင်းရင်းသားတို့၏ လူမျိုးအမည်များအစား “ဗမာ” ဟုဆိုပြီး မှားယွင်း‌ရေးသွင်းခံရသည့်ဖြစ်စဉ်များ မွန်လူမျိုးများတွင်သာမက တခြား ကရင်၊ သျှမ်းအစရှိသည့် တိုင်းရင်းသားလူမျိုးများမှာလည်း အများအပြားရှိ‌နေသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲကျင်းပခဲ့စဉ်က ရန်ကုန်တိုင်း‌ဒေသကြီးတွင် မွန်လူမျိုး ၅၇,၀၀ဝ မပြည့်ဟု အ‌ကြောင်းပြကာ မွန် လူမျိုးများကို ကိုယ်စားပြုသည့် တိုင်းရင်းသားလူမျိုး‌ရေးရာကိုယ်စားလှယ် ‌ရွေးချယ်ပိုင်ခွင့် မရရှိခဲ့သည်ကို ကြည့်ကာ ယခုလို လွဲမှား‌နေသည့် အမည်စာရင်းများကို ပြုလုပ်လာခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ‌ဒေါက်တာ နိုင်ဗညား‌အောင်မိုးက ‌ပြောသည်။

နိုင်ဗညား‌အောင်မိုးက “‌ရွေး‌ကောက်ပွဲတုန်းက ကျ‌နော်တို့ ကရင်ပြည်နယ်(မွန်‌နေထိုင်တဲ့‌နေရာ‌တွေ)မှာ တ‌နေရာပဲ တိုင်းရင်းသား‌ရေးရာ ဝန်ကြီးရတယ်။ ကျန်တဲ့ တနသင်္ာရီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီး‌တွေမှာ မွန်လူဦး‌ရေ ၅၇,၀၀ဝ (ငါး‌သောင်း ခုနှစ်‌ထောင်)မပြည့်ဘူးဆိုပြီး ကျ‌နော်တို့ ရသင့်ရထိုက်တဲ့ တိုင်းရင်းသား‌ရေးရာဝန်ကြီး မရခဲ့ဘူး”ဟု ‌ပြောသည်။

ဆက်လက်၍ သူက အမှန်စင်စစ် ရန်ကုန်တိုင်း‌ဒေသကြီးတွင် မွန်တိုင်းရင်းသား ၅၇,၀၀ဝ ‌ကျော်‌နေထိုင်လျှက်ရှိ‌သော် လည်း အိမ်‌ထောင်စု စာရင်းနှင့် မှတ်ပုံတင်များ မှားယွင်းခဲ့ခြင်း‌ကြောင့် မွန်လူမျိုးအစား ဗမာလူမျိုးများဖြစ်‌နေကြသည် ဟု ‌ထောက်ပြ‌ပြောဆိုသည်။

မှတ်ပုံတင်ပြန်ပြင်မည့်ကိစ္စကို အသင်းအဖွဲ့အ‌နေနှင့် ဦး‌ဆောင်‌ဆောင်ရွက်သွားရန် စီစဉ်ထားပြီး ၂၀၁၅ ခုနှစ် ‌ရွေး‌ကောက်ပွဲမတိုင်မီ အပြီး‌ဆောင်ရွက်သွားမည်ဟု မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (ရန်ကုန်)က ‌ပြောသည်။

ယခု ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလက ပထမအကြိမ် ပြည်သူ့လွှတ်‌တော် အစည်းအ‌ဝေးတွင် တိုင်းရင်းသားလူမျိုးများ၏ အမည်လွဲမှား‌နေသည့် မှတ်ပုံတင်များအား အမှန်ပြန်လည်ပြင်ဆင်‌ပေးရန် ရှိ/မရှိနှင့်ပတ်သက်၍ သျှမ်းအမျိုးသား လွှတ်‌တော် ကိုယ်စားလှယ်တစ်ဦး၏ ‌မေးမြန်းချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည်ပြင်ဆင်‌ပေးမည်ဟု ‌ဖြေကြားခဲ့သည်။