Home သတင်း မယ်လစခန်းတွင် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ ကျင်းပပြီးစီး

မယ်လစခန်းတွင် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ ကျင်းပပြီးစီး

1844
ဇွန်လ ၂ဝရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ယ‌နေ့ ဇွန်လ ၂ဝရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို ကမ္ဘာတဝှမ်းမှ အခမ်းအနားများ ကျင်းပသကဲ့သို့ ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၌လည်း နံနက် ၇နာရီခွဲမှ ၁၁နာရီအထိ ‌အောင်မြင်စွာ ကျင်းပပြီးခဲ့သည်။

အခမ်းအနားကို တက်‌ရောက်ခဲ့သည့် UNHCR မှ တာဝန်ရှိသူတစ်ဦးက “တစ်နှစ်နဲ့ တစ်နှစ်ပြီးသွားတိုင်း ဒုက္ခသည်‌တွေက နည်းမလာဘူး။ ဒါ‌ကြောင့် ဒုက္ခသည်‌တွေ ဘာ‌ကြောင့် ကိုယ့်နိုင်ငံကို စွန့်ခွာခဲ့ရတာလဲဆို တာကို နိုင်ငံတကာကသိရှိ‌အောင် စဉ်းစား‌စေချင်တဲ့အတွက် ဒီ‌နေ့ကို ကျင်းပရခြင်းဖြစ်ပါတယ်။ ဒုက္ခသည်‌တွေ အ‌နေနဲ့ကလည်း ကြုံ‌တွေခဲ့ရတဲ့ အခက်အခဲ‌တွေကို ပြန်စဉ်းစားပြီး အနာဂတ်ဘဝကို ဘယ်လို အသက်ရှင်ရပ် တည်သွားကြမလဲဆိုတဲ့ ‌မျှော်လင့်ချက်‌တွေ ထားပါ။” ဟု‌ပြောသည်။

တဆက်တည်း၌ပင် ယ‌နေ့ မယ်လစခန်းတွင် ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး(UNHCR)က “ဒုက္ခသည်များအတွက် စိတ်က ‌ယောက်ကယက်ဖြစ်ရသည့် နှစ်(Dilemma)”ဟူသည့် ‌ဆောင်ပုဒ်ဖြင့် ဒုက္ခသည်များအား သတ်မှတ်‌ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုအနည်းငယ်ရှိလာသည်နှင့်အမျှ ဒုက္ခသည်များအ‌နေဖြင့် တတိယ နိုင်ငံတွင် သွား‌ရောက်အ‌ခြေချ‌နေထိုင်‌ရေး၊ ထိုင်းနိုင်ငံတွင် ဘဝရပ်တည်ခွင့်ရ‌ရေး၊ မိခင်နိုင်ငံတွင် ပြန်လည်ရပ် တည် ‌နေထိုင်‌ရေး စသည်တို့ဖြင့် စိတ်က‌ယောက်ကယက် ဖြစ်‌သော‌ကြောင့် UNHCR က ယခုနှစ် ကမ္ဘာ့ ဒုက္ခသည်များ‌နေ့အတွက် ယင်း‌ဆောင်ပုဒ်ကို သတ်မှတ်လိုက်ခြင်း ဖြစ်‌ကြောင်းသိရသည်။

မယ်လစခန်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဆရာမ ‌နော်‌တေး‌တေး‌ဝေါ်က “ဒုက္ခသည်‌တွေအားလုံး ကိုကြည့်ရှု ‌စောင့်‌ရှောက်ပြီး အကူအညီ‌ပေးတဲ့အဖွဲ့အစည်းအားလုံးကိုလည်း ‌ကျေးဇူးတင်ပါတယ်။ ဒုက္ခသည် ‌တွေအ‌နေနဲ့ကလည်း အားမငယ်ဘဲ ကြိုးစားကြပါ။ သူများနိုင်ငံ ဖြစ်တဲ့အတွက် စည်းကမ်းရှိကြပါ။ သူများနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါ။”ဟု ‌ပြောသည်။

ထို့အပြင် ဒုက္ခသည်များအား ကူညီ‌ပေး‌နေသည့် အဖွဲ့များဖြင့် ဖွဲ့စည်းထား‌သော CCSDTP မှ ဥက္ကဌ မိုက်ကယ် အဲဗက်က မြန်မာနိုင်ငံ ပြုပြင်‌ပြောင်းလဲ‌နေပြီဟုဆို‌သော်လည်း ပြုပြင်စရာ အများကြီး လိုအပ်‌နေ‌သော‌ကြောင့် ဒုက္ခသည်များကို ဆက်ပြီး ကူညီ‌ပေးဦးမည်ဖြစ်သလို မြန်မာနိုင်ငံ၏ ပြုပြင်‌ပြောင်းလဲ‌ရေးမှာလည်း တဖက် တလမ်းမှ ပါဝင်ကူညီသွားမည်ဟု ‌ပြောကြားသွားခဲ့သည်။

မယ်လစခန်းတွင် ပြုလုပ်သည့် ယ‌နေ့ အခမ်းအနားတွင် မယ်လစခန်းရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒုက္ခသည်များ၊ ‌ကျောင်းသူ‌ကျောင်းသားများ၊ ကရင်အဖွဲ့အစည်းများ အပါအဝင် UNHCR ၊ CCDPT စသည့် အဖွဲ့တို့မှ တာဝန်ရှိသူများ စုစု‌ပေါင်း ပရိဿတ် ၂၀၀ဝခန့် တက်‌ရောက်ခဲ့သည်။

အခမ်းအနားတွင် သက်ဆိုင်ရာအဖွဲ့အစည်းအချို့က မိန့်ခွန်းနှင့် အား‌ပေးစကား‌ပြောကြားပြီး အခမ်းအနားတက် ‌ရောက်သည့် မယ်လစခန်းရှိ ‌ကျောင်းသူ‌ကျောင်းသားများ ‌တေးသီချင်းသီဆိုခြင်းနှင့် ကပြ‌ဖျော်‌ဖြေခြင်းများ တင်ဆက်ခဲ့သည်။

အလားတူ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုး၊ ထမ်းဟင် စသည့်ကရင်ဒုက္ခသည်စခန်း ၇ခု နှင့်မယ်‌ဟောင်‌ဆောင်ဘက်ရှိ ကရင်နီစခန်း ၁နှင့် ၂ တို့ကလည်း ကမ္ဘာဒုက္ခသည်များ‌နေ့ကို ကျင်းပခဲ့ကြ ‌ကြောင်းသိရသည်။