Home သတင်း ရခိုင်ပြည်နယ် ဒုက္ခသည်များ အတွက် အလှူ‌ပေးအပ်ပွဲပြုလုပ်

ရခိုင်ပြည်နယ် ဒုက္ခသည်များ အတွက် အလှူ‌ပေးအပ်ပွဲပြုလုပ်

2152
ဇွန်လ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရခိုင်ပြည်နယ်အတွင်းကယ်ဆယ်‌ရေးစခန်းများရှိ ဒုက္ခသည်များအတွက် အလှူ‌ပေးအပ်ပွဲ အခမ်းအနားတစ်ခုကိုရန်ကုန်မြို့ တာ‌မွေမြို့နယ် ‌အောင်‌မြေ‌ဗောဓိဓမ္မရိပ်သာ အလို‌တော်ပြည့်‌ကျောင်းတိုက်တွင် ယမန်‌နေ့ကပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အလှူ‌ပေးအပ်ပွဲတွင်အလှူ‌ငွေကျပ် ၄၂၁ သိန်း၊ က‌လေးအဝတ်အထည် ၂,၂၆၁ ထည်၊ အမျိုးသားအဝတ်အထည် ၉၁၄ ထည်၊ အမျိုးသမီးအဝတ်အထည် ၄,၁၁၃ ထည်အပါအဝင် ‌ဆေးဝါးပစ္စည်း၊ ဆန်၊ ‌ကျောင်းသုံးစာအုပ်၊ ‌စောင်၊ ခြင်‌ထောင်များရရှိခဲ့သည်ဟုအလှူခံ‌ဂေါပကအဖွဲ့က‌ပြောသည်။

အလှူ‌ပေးအပ်ပွဲအခမ်းအနားတွင် ပါဝင်သည့် အလို‌တော်ပြည့်‌ကျောင်းတိုက် စာချနာယက အရှင်ဝိသာရဒက “ဒီအလှူခံရရှိတဲ့ပစ္စည်း‌တွေကိုဒုက္ခ‌ရောက်‌နေတဲ့ လူ‌တွေအတွက်‌တော့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ အ‌နောက်ဖက်ကမ်း(ရခိုင်ပြည်နယ်)မှာ‌နေထိုင်ကြတဲ့ညီအစ်ကို‌မောင်နှမများအတွက် ဖြစ်ပါတယ်။ ဆက်လက်ကူညီ‌ပေးကြပါ။”ဟုတိုက်တွန်း‌ပြောကြားခဲ့သည်။

ယခုအလှူ‌ပေးအပ်ပွဲပြုလုပ်‌နေသည့်‌နေ့တွင် ရခိုင်‌ဒေသရှိဒုက္ခ‌ရောက်‌နေသူများ၏စို‌နေသည့် မျက်ဝန်းများကို သုတ်‌ပေး‌သော‌နေ့ဖြစ်သကဲ့သို့ ၎င်းတို့၏ ဘဝ‌အေးချမ်း‌စေရန်အတွက် ရည်ရွယ်၍ လှူဒါန်းကြရခြင်းဖြစ်‌ကြောင်း၎င်းက ဖြည့်စွက်‌ပြောခဲ့သည်။

‌ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌ဒေါ်နှင်းနှင်း‌အေးက“ကျမတို့ ရခိုင်မှာဖြစ်‌နေတဲ့ဒုက္ခ‌တွေအတွက် စိတ်မချမ်းသာပါဘူး။ ဒီလိုမျိုးဘယ်သူ့ကိုမှ မကြံ‌စေချင်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက်လည်းအမုန်း‌တွေ ‌ပြေ‌ပျောက်‌စေချင်ပါတယ်။”ဟု‌ပြောသည်။

ဆက်လက်၍ ရခိုင်အမျိုးသမီး အလှူရှင်တစ်ဦးဖြစ်သူ ‌ဒေါ်ရင်ရင်သန်းကလည်း ကယ်ဆယ်‌ရေးစခန်းရှိအမျိုးသမီးများသည် စိတ်ဓါတ်မကျဘဲကိုယ့်အစွမ်းအစများဖြင့် ဘာသာတရား၏ အဆုံးအမနှင့်တကွ ကြိုစားရပ် တည်ကြပါရန် အား‌ပေးစကား‌ပြောကြားခဲ့သည်။

ယင်းလှူဒါန်းပွဲသို့မြန်မာနိုင်ငံ ဝန်ကြီးချုပ်‌ဟောင်းဦးခင်ညွှန့်(ယခင် စစ်အစိုးရလက်ထက်)၊နိုင်ငံ‌ရေးပါတီများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများအပြင် ရုပ်ရှင်သရုပ်‌ဆောင်‌နေထက်လင်း၊ရဲတိုက်တို့တက်‌ရောက်ခဲ့ကြသည်။

လက်ရှိအ‌ခြေအ‌နေအရ ရခိုင်ပြည်နယ်တွင်စစ်‌တွေ၊ ရ‌သေ့‌တောင်၊ ပုဏ္ဍားကျွန်း၊ ‌ပေါက်‌တောစသည့်မြို့တို့တွင် ကယ်ဆယ်‌ရေးစခန်း ၃၇ ခုဖွင့်လှစ်ထားပြီးဒုက္ခသည်‌ပေါင်း၃၀,၀၀၀(သုံး‌သောင်း)‌ကျော် ခိုလှုံ‌နေကြရသလိုထိုစခန်းများရှိက‌လေးများမှာ ဝမ်းပျက်ဝမ်း‌လျှောဖြစ်ပွား‌နေသည်ဟုရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီ(RNDP)က ‌ပြောဆိုထားသည်။

တဆက်တည်း၌ပင် ရခိုင်ပြည်နယ် ပဋိပက္ခတွင်‌မေလ ၂၈ ရက်မှ ဇွန်လ ၁၄ရက်‌နေ့အထိ ‌သေဆုံးသူနှင့် ဒဏ်ရရှိသူဦး‌ရေမှာ၁၀ဝ ‌ကျော်ရှိပြီဟုဇွန်လ ၁၆ရက်‌နေ့က မြန်မာအစိုးရသတင်းစာတွင် ‌ဖော်ပြထားသည်။

‌မေလ ၂၈ရက်‌နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရခိုင်အမျိုးသမီးမသီတာ‌ထွေးကိုဘဂင်္လီလူမျိုးသုံးဦး၏ အဓမ္မပြုကျင့်ပြီးသတ်လိုက်‌ကြောင်းသတင်းထွက်‌ပေါ်ပြီး‌နောက် ဇွန်လ (၃)ရက်‌နေ့တွင် အစ္စလာမ်ဘာ သာဝင် ခရီးသည် ၁ဝ ဦးအသတ်ခံခဲ့ရာမှ ရခိုင်နှင့် ဘဂင်္လီလူမျိုးအကြား အဓိကရုဏ်းဖြစ်ပွားကာ ‌ဒေသခံလူထုများအိုးအိမ်များ ပြာပုံဖြစ်ရသည်အထိ‌ရောက်လာခဲ့ခြင်းဖြစ်သည်။