Home သတင်း ‌ကေအဲန်အယ်လ်‌အေ၏ ဆွဲမိုင်း‌ကြောင့် နအဖ ၇ဦး ထိခိုက်‌သေဆုံး

‌ကေအဲန်အယ်လ်‌အေ၏ ဆွဲမိုင်း‌ကြောင့် နအဖ ၇ဦး ထိခိုက်‌သေဆုံး

2119
‌အောက်တိုဘာလ ၃၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေတွင် ယမန်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့ဝင်များ၏ ဆွဲမိုင်း‌ကြောင့် နအဖစစ်တပ် ခမရ ၂၀၈တပ်ရင်း၊ စစ်‌ကြောင်း (၁)မှ တပ်ဖွဲ့ဝင် ၄ဦး ‌သေဆုံးပြီး ၃ဦးက အပြင်းအထန် ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သတင်းရရှိသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောဒီ့ကွယ်က “မ‌နေ့က မနက် ၆နာရီ မိနစ် ၅ဝအချိန်မှာ နအဖ ခမရ ၂၀၈တပ်ရင်းမှ စစ်‌ကြောင်း(၁) လှုပ်ရှားရာ က‌လေ့ဖိုးကလိုးနဲ့ ထီးတို‌ကော် ရွာစပ်ကြားမှာ ကျ‌နော်တို့ တပ်ရင်း(၂၂) တပ်ဖွဲ့ဝင်‌တွေ ဆွဲမိုင်းနဲ့ သွား‌စောင့်ဆွဲခဲ့တယ်။ အဲဒီမှာ နအဖဘက်က ၄‌ယောက်ပွဲချင်းပြီး ‌သေတယ်။ ၃‌ယောက်ဒဏ်ရာခဲ့တယ်။ ကျ‌နော်တို့ဘက်က တ‌ယောက်မှ မထိဘူး”ဟု ‌ပြောသည်။

အဆိုပါ တပ်အင်အား (၃၀)‌ကျော်ပါ ခမရ (၂၀၈)စစ်‌ကြောင်း(၁)သည် ‌ကေအဲန်အယ်‌အေ၏ ဆွဲမိုင်းကို ခံခဲ့ရပြီး‌နောက် က‌လေ့ဖိုးကလိုးရွာအတွင်းသို့ ပြန်ဝင်လာပြီး တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်မဟာ ၉၉၉မှ တပ်ရင်း (၄)၊ (၇)တပ်ဖွဲ့တို့နှင့် ပူး‌ပေါင်းကာ ထို ‌ကျေးရွာအတွင်းရှိ ရွာသူရွာသားများ ရွာအပြင်သို့ လုံးဝမထွက်ရန် ဒီက‌နေ့မနက်အ‌စောပိုင်းတွင် အမိန့် ထုတ်လိုက်သည်ဟု ဗိုလ်မှူး‌စောဒီ့ကွယ်က ဆက်‌ပြောသည်။

ယခုအချိန်တွင် စပါးရိတ်သိမ်းအချိန်ဖြစ်သည့်အ‌လျောက် အချိန်ကန့်သတ်မှုမရှိဘဲ ယင်းကဲ့သို့ အမိန့်ထုတ်လိုက်သည့်အ‌ပေါ် စပါးရိတ်သိမ်းချိန်‌နှောင့်‌နှေးမှာကို ရွာသားများ စိုးရိမ်‌နေကြ‌ကြောင်း ရွာသား များ၏ ‌ပြောဆိုချက်ကို ‌စောဒီ့ကွယ်က ပြန်လည်‌ပြောဆိုသည်။

က‌လေ့ဖိုးကလိုး ရွာတရွာတည်းသာ ပိတ်ပင်သည့်ကိစ္စနှင့်ပတ်သက်၍ ‌ကေအဲန်ယူ တပ်မဟာ (၇)နယ် ‌မြေအတွင်း လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေတပ်ဖွဲ့များကို ဆက်သွယ်‌မေးမြန်းရန် ‌ကေအိုင်စီက အကြိမ်ကြိမ်ကြိုးပမ်းခဲ့‌သော်လည်း ဆက်သွယ်‌ရေး ဖြတ်‌တောက်ထားသည်။

အဆိုပါ ‌နေရာသည် လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတုန်းက နအဖစစ်တပ်နှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၃)ခုပူး‌ပေါင်းကာ ‌ကေအဲန်ယူကို ထိုးစစ်ဆင်ခဲ့ရာနယ်‌မြေများဖြစ်ပြီး ထိုးစစ်‌ကြောင့် ‌ဒေသခံကရင်ရွာသား (၄,၀၀၀)‌ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်းယန်းမြို့နယ်သို့ ထွက်‌ပြေးခိုလှုံခဲ့ရသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ ‌ကေအဲန်အယ်လ်‌အေ ‌နေရာအချို့ကို နအဖနှင့် ဒီ‌ကေဘီ‌အေတို့ ပူး‌ပေါင်းစစ်ဆင် သိမ်းပိုက်လိုက်သည့်‌နောက် ‌ကေအဲန်အယ်လ်‌အေနှင့် ဒီ‌ကေဘီ‌အေတို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျှက်ရှိ‌သော်လည်း နအဖနှင့် ‌ကေအဲန်အယ်လ်‌အေကြားတွင် ယခုတိုက်ပွဲသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ထိုတပ်မဟာ(၇)နယ်‌မြေတွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅၅၅)၊ (၉၉၉)လက်‌အောက်ခံ တပ်ရင်းများနှင့် နအဖစစ်တပ်မှ ခမရ (၂၀၈)တပ်ရင်းတို့ ပူး‌ပေါင်းလှုပ်ရှားခဲ့သလို ‌ကေအဲန်ယူ တပ်မဟာ (၇)လက်‌အောက်ခံ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိသည်။

အလားတူ ဒီယ‌နေ့မနက် ၁နာရီအချိန်တွင် ‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ ‌ဝေါ်‌လေအ‌ခြေစိုက် ‌ကေအဲန်အယ်လ်‌အေ (၂၀၁)တပ်ရင်းနှင့် ဒီ‌ကေဘီ‌အေ(၉၀၇)တပ်ရင်းတို့ကြား ၁ဝမိနှစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒီ‌ကေဘီ‌အေဘက်က တပ်သားတဦး ‌သေဆုံးကာ တပ်ခွဲမှူးတဦး ထိခိုက်ဒဏ်ရခဲ့ပြီး ‌ကေအဲန်အယ်လ်‌အေဘက်တွင် ထိခိုက်‌သေဆုံးမှုမရှိ‌ကြောင်း သိရသည်။