Home သတင်း ‌တောထဲသို့ အင်ဥ ထွက်ရှာသည့် အီတိုးထာ့ IDP တစ်ဦး ပစ်သတ်ခံရ

‌တောထဲသို့ အင်ဥ ထွက်ရှာသည့် အီတိုးထာ့ IDP တစ်ဦး ပစ်သတ်ခံရ

3759
ဇွန်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်(IDP)စခန်းမှ အသက် (၄၈)နှစ်အရွယ် ‌စောကရီးမူးဆိုသူသည် ‌တောထဲသို့ အင်ဥ(မှို) သွားရှာစား‌နေစဉ်မြန်မာအစိုးရတပ် (ခလရ-၁၉)၏ကိုကြာ့ခို့စခန်းအခြစိုက်ကန့်သတ် နယ်‌မြေအတွင်းတွင် ဇွန်လ(၁၃)ရက်‌နေ့က ပစ်သတ်ခြင်းခံခဲ့ရသည်ဟု အီတိုးထာ့‌ဒေသခံများက ‌ပြောသည်။

အခင်းဖြစ်ပွားသည့် ‌နေရာတွင် အီတိုးထာ့၏ ‌မြောက်ဘက်မှာ ‌ခြေလျင်ဖြင့် တစ်နာရီ‌ကျော် ခရီးရှိပြီးခလရ-၁၉အ‌ခြေစိုက်တပ်စခန်းနှင့် ကိုက် ၁၀ဝ ‌ကျော်အကွာတွင်တည်ရှိသည်ဟု ပြည်တွင်းကရင်ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့် (Karen Office Relief Development-KORD)အဖွဲ့မှ တာဝန်ခံ ‌စော‌မော‌လောက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “သူပစ်သတ်ခံရတဲ့ ‌နေရာက မြန်မာတပ်စခန်းနဲ့ ‌တော်‌တော်နီးတယ်။ ကန့်သတ်နယ်‌မြေဆို‌တော့ ပစ်လိုက်တယ်တဲ့ သ‌ဘောပဲ။ ဒီလူက အရပ်ဝတ်နဲ့ဆို‌တော့ အ‌ဝေးက‌နေ မြင်ရင်‌တော အရပ်သားဆိုတာ သိနိုင်တယ်။ အခုက အ‌ဝေးက‌နေ ပစ်ထိပြီး အနီးကပ် ထပ်ပစ်တဲ့အသွင် ‌တွေ့ရတယ်။ ဘယ်ဘက် မျက်လုံးတဖက် မရှိ‌တော့ဘူး။”ဟု ‌ပြောသည်။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့၏ အပစ်အခတ်ရပ်စဲ‌ရေးကာလတွင် အီတိုးထာ့ စခန်းရှိ လူများက ‌ဝေးလံသည့် ‌တောထဲသို့ သွား‌သော်လည်း အန္တရာယ်ကြီးကြီးမားမား ရှိမည်ဟု မယူဆဘဲ အင်ဥများ ‌ပေါက်‌နေသည့်ယခုလို မိုးရာသီတွင် ထိုကဲ့သို့ အင်ဥများ ရှာထွက်ခြင်းဖြစ်သည်ဟုသိရသည်။

“အဲဒီ‌နေ့ အင်ဥရှာထွက်တာ ‌စောကရီးမူးနဲ့ အ‌ဖော်နှစ်‌ယောက်ပါ။ အင်ဥ‌တွေ ပိုရချင်တဲ့‌ဇောနဲ့ အ‌ဖော်နှစ်‌ယောက်ရဲ့ အ‌ရှေ့မှာသွား‌တော့ အပစ်ခံရတာပဲ။ ပြီး‌တော့ သူတို့သုံး‌ယောက်ရဲ့အ‌နောက်မှာ အမျိုးသမီးတဖွဲ့ရှိ‌သေးတယ်။ ‌သေနတ်သံကြား‌တော့ အားလုံး ထွက်‌ပြေးသွားကြတယ်။”ဟု အီတိုးထာ့ ဒုက္ခသည်တဦး၏ စကားကို ကိုးကား၍ ‌စော‌မော‌လောက ဖြည့်စွက်‌ပြောဆိုသည်။

အီတိုးထာ့စခန်းရှိ လုံခြုံ‌ရေးတာဝန်ရှိသူများက ပစ်သတ်ခံရသူ ‌စောကရီးမူး၏ ရုပ်အ‌လောင်းကို ဇွန်လ ၁၄ရက်‌နေ့တွင် ရှာ‌တွေ့ပြီး ၎င်းပစ်သတ်ခံရသည့်‌နေရာ ‌တောထဲ၌ပင် ‌မြေမြှုပ်သၤဂြိုလ်ခဲ့သည်။

ပစ်သတ်ခြင်းခံရသည့် ‌စောကရီးမူးသည် ဇနီးအပါအဝင် ကျန်ရစ်သူ မိသားစု ၇ဦးရှိသည်ဟု သိရသည်။