Home သတင်း ကူညီ‌ထောက်ပံ့မှု‌လျှော့ကျ၍ ‌ဘော်ဒါ‌နေ‌ရွှေ့ ‌ပြောင်း ...

ကူညီ‌ထောက်ပံ့မှု‌လျှော့ကျ၍ ‌ဘော်ဒါ‌နေ‌ရွှေ့ ‌ပြောင်း မြန်မာ‌ကျောင်းသူ‌ကျောင်းသားများ အခက်ကြုံ

2051
ဇွန်လ၂၆ရက်။၂၀၁၂ခုနှစ်။နန်းသူး‌လေ(‌ကေအိုင်စီ)


ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်မဲ‌ဆောက်မြို့ရှိ‌ရွေ့‌ပြောင်းမြန်မာ‌ကျောင်း များတွင် ‌ဘော်ဒါ‌နေ‌ကျောင်းသူ ‌ကျောင်းသားများ အတွက်အလှူရှင်များ၏ ကူညီ‌ထောက်ပံ့မှုများ ‌လျှော့ချလိုက်သဖြင့် အခက်အခဲများနှင့်ကြုံ‌တွေ့‌နေရ‌ကြောင်းသိရသည်။

မဲ‌ဆောက်မြို့ရှိ Children Development Centre (CDC)‌ကျောင်း၏ဒု‌ကျောင်းအုပ်ဆရာ‌နေမျိုး‌အေးက “အလှူရှင်‌တွေကအကူညီ‌တွေ ၂ဝရာခိုင်နှုန်း‌လောက်‌လျှော့ချလိုက်‌တော့ က‌လေး‌တွေအ‌တော်ဒုက္ခ‌ရောက်တယ်။ အစားအ‌သောက်အပိုင်း‌တွေ၊ အခြား‌ဘော်ဒါအတွက် ကုန်ကျမှု‌တွေရာ ရနိုင်တာ‌လေး‌တွေနဲ့မျှသုံး‌နေတာ‌ပေါ့။” ဟု‌ပြောသည်။

ထို့အတူSAW‌ရွေ့‌ပြောင်းမြန်မာစာသင်‌ကျောင်း က‌ဘော်ဒါအုပ်ကိုမျိုးကိုကလည်း “အစားအစာ‌တွေကအရင်လိုမ‌ကျွေးနိုင်‌တော့ဘူး‌လေ။ ပိုက်ဆံကမ‌လောက်‌တော့အသားအငါး‌တွေမဝယ်နိုင်‌တော့ဘူး။ ဟင်းသီးဟင်းရွက်‌တွေပဲအစားထိုးဝယ်ပြီးက‌လေး‌တွေကို‌ကျွေး‌နေရပါတယ်။”ဟု‌ပြောသည်။

မူလတန်းမှ၁၂တန်းထိရှိ‌သော CDC ‌ကျောင်းတွင်‌ဘော်ဒါ‌နေ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း၅၀၀‌ကျော်ရှိပြီးမူလတန်းမှ၁ဝအထိရှိ‌သော Saw ‌ကျောင်းတွင်မူ‌ဘော်ဒါ‌နေ‌ကျောင်းသူ‌ကျောင်းသား၆၂ဦးရှိသည်ဟု သိရသည်။

တဆက်တည်း၌ပင်‌ဘော်ဒါ‌နေ‌ကျောင်းသူ‌ကျောင်သား ၂၀ဝဦးရှိသည့်ခွဲက‌ဘောင်‌ကျောင်းမှ‌ဘော်ဒါ‌ဆောင်သည် လည်းလာမည့်ဇွန်လိုင်လမှစ၍အကူအညီရရှိရန် မ‌သေချာ‌တော့‌ကြောင်း‌ကျောင်းအုပ်ဆရာအဲ‌ကျော်အဲက‌ကေအိုင်စီကို‌ပြောသည်။

သူက “၇လပိုင်း(ဇူလိုင်)မှစပြီး‌တော့အကူအညီရရှိဖို့မကြိမ်း‌သေ‌တော့ဘူး။ အဲဒီအတွက်ဒီ၇လပိုင်းမှာကျ‌နော်တို့၆လကရတဲ့အကူအညီနဲ့ပဲမျှသုံးရမယ်။ က‌လေး‌တွေ‌ဘော်ဒါမှာ‌နေပြီး‌ကျောင်းတက်နိုင်ဖို့ကကျ‌နော်တို့ဆရာမကြီးစီသီယာ‌မောင်နဲ့တိုင်ပင်ပြီးနည်းလမ်းရှာသွားမယ်။”ဟု‌ပြောသည်။

အလှူရှင်များက မြန်မာနိုင်ငံတွင်ပြုပြင်‌ပြောင်းလဲ‌နေပြီဟု ဆိုကာပြည်တွင်းသို့ အကူအညီများ‌ရောက်‌နေကြသလို၊ ‌ပြောင်းလဲမှုမရှိ‌သေးဘဲရပ်တည်‌နေ‌သေးသည့် နယ်စပ်ရှိ‌ရွေ့‌ပြောင်း‌ကျောင်းများကိုလည်းကူညီ‌ပေးရန်လိုအပ်‌နေ‌သေး‌ကြောင်းCDC ဒု‌ကျောင်းအုပ်ဆရာ‌နေမျိုး‌အေးကဖြည့်စွက်‌ပြောဆိုသည်။

ထိုင်းနိုင်ငံတွင်ဝင်‌ရောက်လာသည့် International Non-Government Organization-INGO
၏အ‌ထောက်အပံ့များဖြင့် လွန်ခဲ့သည့်၁ဝနှစ်‌ကျော်က‌ရွှေ့‌ပြောင်းမြန်မာ စာသင်‌ကျောင်းများစတင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းပညာ‌ရေးဌာနက တရားဝင်စာသင်‌ကျောင်း အဖြစ်ရပ်တည်ခွင့်မပြုဘဲသင်ကြား‌ရေးဌာန (Learning Center)အဖြစ်ခွင့်ပြုထားခြင်းဖြစ်သည်။

တာ့ခ်ခရိုင်အတွင်းတွင်မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း၇၄‌ကျောင်းရှိကာအထက်တန်းကျာင်း၊ အလယ်တန်း‌ကျောင်း၊မူလတန်း‌ကျောင်း၊ မူကြို‌ကျောင်းအပြင်အထက်တန်းလွန်‌ကျောင်း၅‌ကျောင်းနှင့်အသက်‌မွေးဝမ်း‌ကျောင်းတစ်‌ကျောင်းရှိသည်။

ယင်းကဲ့သို့ပင်၂၀၁၂-၂၀၁၃ပညာသင်နှစ်အတွက်လက်ရှိ စာရင်းအရ‌ကျောင်း‌နေသည့် က‌လေးအ‌ရေအတွက်မှာ၁၃,၀၀၀(တစ်‌သောင်းသုံး‌ထောင်) ဝန်းကျင်ရှိပြီးဆရာ၊ ဆရာမဦး‌ရေ၇၅ဝခန့်ရှိသည် ဟုမြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး‌ကော်တီက ထုတ်‌ဖော်‌ပြောဆိုထားသည်။