Home သတင်း ဒဂုံမြို့သစ်‌မြောက်ပိုင်း အိမ် ၁၂လုံးကို အစိုးရအာဏာပိုင် ဖယ်ရှား

ဒဂုံမြို့သစ်‌မြောက်ပိုင်း အိမ် ၁၂လုံးကို အစိုးရအာဏာပိုင် ဖယ်ရှား

1691
ဇွန်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်ရှိ ဒဂုံမြို့သစ် ‌မြောက်ပိုင်း၊ ၅ဝ ရပ်ကွက်၊ ကျန်စစ်သားပတ်လမ်း၊ ထားဝယ်‌ချောင်သုသာန်အမှိုက်ပုံ ဧရိယာနယ်နမိတ်အတွင်းရှိ မိသားစု ၆ဝ ဦး ၏ ‌နေအိမ် ၁၂ လုံးကို အစိုးရအာဏာများဖြစ်သည့် မြို့နယ်စည် ပင်သာယာအဖွဲ့များ၊ ရဲဝန်ထမ်းများက ဖြိုချဖယ်ရှားခဲ့သည်ဟု သိရသည်။

ယခု ဇွန်လ ၂၁ရက်‌နေ့ ‌နောက်ဆုံးထား၍ အဆိုပါ ရပ်ကွက်ရှိ အိမ်များကို အစိုးရ အာဏာပိုင်များက ‌ရွှေ့‌ပြောင်း ရန် သတိ‌ပေးစာ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

ထိုနယ်နမိတ်အတွင်း အနှစ် ၂ဝ ‌ကျော်‌နေထိုင်ခဲ့သူ ဦးဝင်းချိုက “ကျ‌နော်အသက် ၅၃ နှစ်ရှိပါပြီး ။ အရင်က တိုး‌ကြောင်‌လေးဘက်မှာ ဘိုးဘွားပိုင်‌မြေမှာ လယ်လုပ်စားခဲ့တာပါ။ ဒါကို ပင်လုံ‌ဆေးရုံ‌ဆောက်‌တော့ ကျ‌နော်တို့ ‌မြေ‌တွေသိမ်းခံရပြီး အခု ဒီ‌နေရာကို ‌ရောက်လာတာပါ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၁၉၉ဝ ခုနှစ်က ယခု‌နေရာသည် ဘယ်သူတဦးမှ ‌နေထိုင်ခြင်းမရှိဘဲ ‌တောကိုခုတ်ထွင်းပြီး စည်ပင်ကို တနှစ်လျှင် ၇,၅၀ဝ ကျပ်‌ပေးကာ ၁၉၉၅ ခုနှစ်အထိ ၃၈ လမ်းသို့ အခွန်‌ဆောင်သွား‌ဆောင်ရ‌ကြောင်းနှင့် ၅ဝ ရပ်ကွက်ရှိ လူထုအားလုံး၏ ‌ထောက်ခံချက်ဖြင့် ‌နေထိုင်ခဲ့‌ကြောင်း သူက ဆက်‌ပြောသည်။

အိမ်ဖျတ်သိမ်းခံရ၍ ပိုင်ရှင်ရှိ‌သော သ‌ပြေခြံ တစ်ခြံထဲသို့ စည်ပင်မှ သွား‌ရောက်‌နေအိမ်‌ဆောက်ခိုင်းသူ အမျိုး သမီးတဦးက “ကျမတို့ သ‌ပြေခြံထဲမှာ ‌နေဖို့ ပိုင်ရှင်က သိသွားပြီး စည်ပင်ကို သွား‌ပြောတယ်။ သူ့ခြံထဲ လာ‌နေ ရင် ဓါးနဲ့ခုတ်မယ်လို့ ‌ပြောတယ်။ စည်ပင်ကို သွား‌ပြော‌တော့ ခုတ်ရင် ပြန်ခုတ်‌ပေါ့လို့ဘဲ ‌ဖြေတယ်။ ဒီသ‌ပြေခြံ ထဲမှာ အိမ်‌ဆောက်ဖို့ ၅ဝ ရပ်ကွက် ဥက္ကဌကလည်း ခွင့်‌ပေးပါတယ်။” ဟု ဆိုသည်။

အိမ်ဖျက်သိမ်းခံရမှုနှင့်ပတ်သက်၍ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်‌နေ့မှစ၍ သမ္မတ ဦးသိန်းစိန်ထံသို့ အသနားခံစာ ၄ ‌စောင်တိတိ တင်ထား‌သော်လည်း ယခုအချိန်ထိ အကျိုးအ‌ကြောင်းမသိရဘဲ ရန်ကုန်မြို့ ‌တော်စည်ပင်သာယာ‌ရေး‌ကော်မတီ ပတ်ဝန်းကျင် ထိမ်းသိမ်း‌ရေးနှင့် သန့်ရှင်း‌ရေးဌာနမှ ဖျတ်သိမ်း‌ပြောင်း ‌ရွှေ့‌ပေးရန် အ‌ကြောင်းကြားစာသာ ရရှိခဲ့သည်ဟု ထိုရပ်ကွက်ရှိ လူထုများက ‌ပြောသည်။

ယင်း‌နေရာမှာ ဂျပန်နိုင်ငံမှ အမှိုက်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်ရုံ‌ဆောက်မည့်‌နေရာ ဖြစ်‌ကြောင်း လည်း သိရသည်။
အိမ်ဖျက်ခံရသူ တစ်ဦးဖြစ်သူ ဦး‌အောင်ထွန်းကလည်း “ကျ‌နော်တို့က ဖယ်‌ပေးရမယ်ဆိုရင်လည်း ‌နေရာကို ပြန်ချ‌ပေး‌စေချင်ပါတယ်။ ဒီမှာက သ‌ပြေ၊ ကန်စွန်းစိုက်ပြီး ရှာစား‌နေကြရတာပါ ။ အခုဆို ဘုန်းကြီး‌ကျောင်းနဲ့ အလှူရှင်‌တွေ‌ကျွေးလို့ စား‌နေရတာပါ။” ဟု ‌ပြောသည် ။

လက်ရှိ ၎င်းတို့အား အနီးနားရှိ ဘုန်း‌တော်ကြီး‌ကျောင်းများအပါအဝင် လူ့‌ဘောင်သစ်၊ ‌သွေးလှူရှင်အဖွဲ့မှ ဥက္ကလာပ (BG)၊ မ/ဒဂုံ NLD၊ ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးအမျိုးသမီးကွန်ယက် ဖြစ်‌မြောက်‌ရေး ‌ကော်မတီအဖွဲ့တို့ ကူညီ‌ပေးလျှက်ရှိသည် ။

ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး အမျိုးသမီးကွန်ယက်မှ ‌ဒေါ်သန္တာက “ကျမတို့က ဒီအိမ် ၁၂လုံး ကိစ္စအတွက်တင် မကပါဘူး။ မြန်မာပြည်မှာရှိတဲ့ အိမ်ယာမဲ့တဲ့သူ‌တွေ အားလုံးအတွက် ရည်ရွယ်ပြီး လုပ်‌ပေး‌နေတာပါ။” ဟု ‌ပြောသည် ။

စည်ပင်သာယာမှ ၅ဝ ရပ်ကွက်ရှိ အိမ်များကို ‌နောက်ဆုံး အိမ်ဖယ်ရှား‌ပေးရန် သတိ‌ပေးစာတွင် ရုံးစည်းတံဆိပ် နှင့် တာဝန်ခံလက်မှတ်များ မပါရှိ‌ကြောင်း သိရသည်။