Home သတင်း အပစ်အခတ်ရပ်စဲထား‌သော် လည်း ‌တောင်ငူတွင် တိုက်ပွဲဖြစ်ပွား

အပစ်အခတ်ရပ်စဲထား‌သော် လည်း ‌တောင်ငူတွင် တိုက်ပွဲဖြစ်ပွား

1435
ဇူလိုင်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ်ရှိ ဝါးစိုးရွာအနီး ရှဲလို‌ဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လက်‌အောက်ခံတပ်နှင့် မြန်မာအစိုး ရတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၇ရက်‌နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ‌ဒေသရှိ မြန်မာအစိုးရတပ် တပ်မ(၆၆)လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း ခလရ(၁)သည် KNU ထိန်းချုပ်ထားသည့် သတ်မှတ်နယ် ‌မြေအတွင်း ဝင်‌ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU ‌တောင်ငူခရိုင်မှ ခရိုင်တာဝန်ခံ ‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ယခု လို ‌ပြောသည်။

“သူတို့(အစိုးရတပ်)က အပစ်ရပ်ကာလမှာ ကြိုတင်အ‌ကြောင်းမကြားဘဲ ကျ‌နော်တို့ သတ်မှတ်နယ်‌မြေအတွင်းမှာ ဝင်လာ‌တော့ တိုက်ပွဲ ဖြစ်တာ‌ပေါ့။ တိုက်ပွဲဖြစ်တာက ကျ‌နော်တို့ရဲ့ တပ်စုတစ်စုပါပဲ။ သူတို့ဘက်က အရင်ပစ်လို့ ဖြစ်တာ။ မိနစ်ပိုင်း‌လောက်ဖြစ်ပြီး ကျ‌နော်တို့ ဘက်က ပြန်ဆုပ်တယ်။ ထိခိုက်မှု‌တော့ မရှိဘူး။”ဟု သူက ‌ပြောသည်။

ဇွန်လ ၂၃ရက်‌နေ့က သံ‌တောင်မြို့နယ်ရှိ ‌ကော်‌သေးဒဲရွာသို့ ဆန်သွားဝယ်ပြီး ပြန်လာ‌သော ဟီ‌ဒေါ‌ခေါ်နှင့် ‌သေခိုဒဲရွာသား ၄ဦးကို ပစ်ခတ် ခဲ့ပြီး ထိုတ‌နေ့တည်းမှာပင် ‌တောင်ယာခင်းတွင် စု‌ပေါင်း မြက်ခုတ်ထွင်ရှင်းလင်း‌နေ‌သော ဟီ‌ဒေါ‌ခေါ်ရွာနှင့် ဝါးစိုးရွာသား ၁ဝဦးအား ပစ်ခတ်ခဲ့သည်။

တစ်ဆက်တည်းပင် မြန်မာအစိုးရတပ်များသည် ‌ဒေသခံရွာသားများ ပစ်ခတ်မှုများရှိသည့်အ‌ပေါ် လွတ်လပ်စွာ လုပ်ကိုင်စား‌သောက်မှုနှင့် သွားလာမှုများ၌ အခက်အခဲဖြစ်ရသည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတဦးက ‌ပြောသည်။

သူက “အပစ်အခတ်ရပ်စဲ‌ရေးအချိန်မှာ နည်းနည်း‌အေးချမ်းမလားလို့။ အခု အရင်အတိုင်းပဲဆို‌တော့ စိတ်မ‌ကောင်းဘူး။ အခုထိ ကျ‌နော်တို့ ‌ဒေသခံ‌တွေ ‌ကြောက်‌ကြောက်လန့်လန့်နဲ့ သွားလာအလုပ်လုပ်‌နေရတယ်။ (ဇွန်လ) ၂၃ရက်‌နေ့က ‌တောင်ယာမှာ အလုပ်လုပ်တဲ့သူ‌တွေ ‌တောမှာ လိုက်အိပ်ရ‌သေးတယ်။”ဟု ‌ပြောဆိုသည်။

‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၆ရက်‌နေ့က မြန်မာအစိုးရ၏ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်မှု လုပ်ငန်း‌ကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် ‌တွေ့ဆုံခဲ့ပြီး စစ်‌ရေးကိစ္စများကိုပါ အနည်းငယ် ‌ဆွေး‌နွေးခဲ့‌ကြောင်း သိရသည်။