Home သတင်း လူပွဲစားဖြင့် မ‌လေးရှားနိုင်ငံ သွားသည့် လီဆူအမျိုးသမီး (၂)ဦး ‌ပျောက်ဆုံး‌နေ

လူပွဲစားဖြင့် မ‌လေးရှားနိုင်ငံ သွားသည့် လီဆူအမျိုးသမီး (၂)ဦး ‌ပျောက်ဆုံး‌နေ

1974
ဇူလိုင်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

လူပွဲစားများ၏ ဆက်သွယ်‌ပေးမှုဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် မ‌လေးရှားနိုင်ငံသို့ ‌တောလမ်းဖြင့်သွားသည့် အသက် ၂၈နှစ်အ ရွယ် အာချီနှင့် အသက် ၂၁အရွယ် အာချာဆိုသူ လီဆူတိုင်းရင်းသူ ညီအစ်မ နှစ်ဦး ‌ပျောက်ဆုံး‌နေသည်ဟု သိရသည်။

ယခုနှစ်၊ ဧပြီလ ၁၉ရက်‌နေ့၌ မမွန်ဆိုသူ ပွဲစားနှင့်ချိတ်ဆက်၍ လူတစ်ဦးလျှင် ထိုင်းဘတ်‌ငွေ ၂၄,၅၀ဝ (နှစ်‌သောင်း‌လေးထာင်ငါးရာ)ဖြင့် မ‌လေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည့် လူ ၂၄ဦးကို ရန်ကုန်မှ မြဝတီသို့ ပို့‌ဆောင်ခဲ့ပြီး ထိုမှတဆင့် ခရီးဆက်ခဲ့ရာ ‌တောလမ်းတ‌နေရာ တွင် အဆိုပါညီအစ်မနှစ်ဦး ‌ပျောက်ဆုံးရာမှ ယ‌နေ့အထိ ဆက်သွယ်မရခဲ့ခြင်းဖြစ်သည်ဟု အတူပါသွားခဲ့သူ ကိုအာဖူက ‌ပြောသည်။

“ပွဲစား မမွန်က သူ့လူ‌တွေနဲ့ မ‌လေးရှားအ‌ရောက်ပို့ ‌ပေးမယ်လို့ ‌ပြောပါတယ်။ မြဝတီက‌နေ ၂၈ရက်‌နေ့မှာ ကျ‌နော်တို့ကို် လူစုခွဲပြီး ကားနဲ့ ပို့ ကြတယ်။ ‌နောက် မ‌လေးကို ‌တောလမ်းနဲ့ ခရီးဆက်တယ်။ ‌တောလမ်းမှာ ‌ချောင်းကူးဖို့ လူစုခွဲရတဲ့အခါမှာ အာချာကို မ‌တွေ့ရ‌တော့ဘူး။ မ‌လေးမှာက သူတို့ညီအစ်မနဲ့ ကျ‌နော်တို့ကို လာကြိုမယ့် အသိ‌တွေရှိတယ်။”ဟု သူက ‌ပြောသည်။

၎င်းတို့အား ထိုသို့ ‌ခေါ်‌ဆောင်သွား‌သော ပွဲစားအမျိုးသားမှာ ‌တောထဲတ‌နေရာအ‌ရောက် ‌ပျောက်သွားသဖြင့် ကိုအာဖူ အပါအဝင် ၉ဦးမှာ တစ်ရက်နှင့်တစ်ည ‌ရေမ‌သောက်၊ အစာမစားရဘဲ ‌နေခဲ့ရသည်ဟု သိရသည်။

ဆက်လက်၍ “‌မေ ၁ရက်‌နေ့ မနက်မှာ ကုလားအမျိုးသားတစ်ဦး‌ရောက်လာပြီး ကျ‌နော်တို့ကို လာပြန်‌ခေါ်ပါတယ်။ (ထိုင်းနိုင်ငံ) မဲ‌ဆောက် ကို ပြန်ပို့‌ပေးတယ်။ မင်းတို့ကို လိုက်ပို့‌ပေးတဲ့လူ ထွက်‌ပြေးသွားပြီးလို့ ‌ပြောတယ်။ ဒီလိုနဲ့ ကျ‌နော်တို့ မြဝတီက‌နေတဆင့် ရန်ကုန်ပြန်ခဲ့ကြ တာပါ။ မပြန်ခင် ‌မေ ၂ရက်၊ ၃ရက်‌တွေမှာ ပွဲစား မမွန်ဆီသွား‌တော့ အိမ်တံခါးလည်း ပိတ်ထားပါတယ်။ သူ့ဆီ ဖုန်းဆက်‌တော့ ‌နောက်‌နေ့ အာချီနဲ့ အာချာ ညီအမကို သွား‌ခေါ်‌ပေးမယ်‌ပြောတယ်။ ‌နောက်‌တော့ ‌သေပြီး ငါသွားရှာမယ်လို့‌ပြောပြီး သူ့ဖုန်းက ဆက်မရ‌တော့ပါဘူး။” ဟု ကိုအာဖူက ‌ပြောသည်။

ယင်းကိစ္စကို ကူညီ‌ဆောင်ရွက်‌ပေး‌နေ‌သော ‌စောတင့်နိုင်မှ မဲ‌ဆောက်မြို့ရဲစခန်းနှင့် ‌ဆေးရုံများသို့ သွား‌ရောက်စုံစမ်းပြီး ထိုင်း-မြန်မာနယ် စပ်ရှိ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများကိစ္စ ကူညီ‌ဆောင်ရွက်‌ပေးသည့် BLC ၊ ‌ရောင်ခြည်ဦးအလုပ်သမားအဖွဲ့များသို့ အကူအညီ ‌တောင်းခံထား‌ကြောင်း သိရသည်။

ကိုအာဖူက “မ‌လေးမှာရှိတဲ့ လူ‌တွေကို ဆက်သွယ်‌တော့လည်း သူတို့ညီအစ်မ မ‌ရောက်လာ‌သေးဘူး‌ပြောတယ်။ မဲ‌ဆောက်မှာ‌တော့ အမှု ဖွင့်ထားပြီးပါပြီ။ ဇူလိုင်လ ၅ရက်‌နေ့မှာ မြဝတီမှာရှိတဲ့ လူကုန်ကူး တိုက်ဖျက်‌ရေးအဖွဲ့နဲ့သွား‌တွေ့ပြီး တိုင်ချက်ဖွင့်ပါမယ်။ ပွဲစားမမွန်နဲ့ လမ်းမှာပို့‌ပေးတဲ့ ကုလားအမျိုးသား‌တွေကိုလည်း လိုက်ရှာပြီး‌တွေ့မယ်လို့ စီစဉ်ထားပါတယ်။”ဟု ဆိုသည်။

အာချီနှင့် အာချာသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့မှ‌နေ၍ ရန်ကုန်မြို့သို့ ‌ရောက်လာကာ လူပွဲစားများ၏ ချိတ်ဆက်‌ပေးမှုဖြင့် မြဝတီသို့ လာ‌ရောက်ကြခြင်းဖြစ်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရာတွင် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို ယခင်‌စောင့်ကြည့်အဆင့် ၃မှ အဆင့် ၂သို့ အ‌မေရိကန်အစိုးရမှ တိုးမြှင့် အသိအမှတ်ပြုလိုက်‌ကြောင်း လူကုန်ကူးမှုဆိုင်ရာ နှစ်လည်အစီရင်ခံစာကို ကိုးကား၍ မြန်မာပြည်တွင်းထုတ် THE VOICE ဂျာနယ်တွင် ဇွန်လက ‌ဖော်ပြထားသည်။