Home သတင်း သမ္မတဦးသိန်းစိန်လွတ်ငြိမ်း ခွင့်ဖြင့် နိုင်ငံ‌ရေးအကျဉ်းသား ၂၀‌ကျော် လွတ်‌မြောက်လာ

သမ္မတဦးသိန်းစိန်လွတ်ငြိမ်း ခွင့်ဖြင့် နိုင်ငံ‌ရေးအကျဉ်းသား ၂၀‌ကျော် လွတ်‌မြောက်လာ

1825
ဇူလိုင်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရ သမ္မတဦးစိန်၏ လွတ်ငြိမ်းသာခွင့်ဖြင့် အကျဉ်း‌ထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစု‌ပေါင်း (၈ဝ) ဦးတို့အား ယ‌နေ့ ဇူလိုင်လ ၃ရက်‌နေ့တွင် လွတ်‌ပေးခဲ့ရာ နိုင်ငံ‌ရေးအကျဉ်းသား ၂၀‌ကျော် ပါဝင်သည်ဟု သိရသည်။

ထိုင်း-မြန်မာအ‌ခြေစိုက် နိုင်ငံ‌ရေးအကျဉ်းသားများကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ(AAPP)၏ အတွင်း‌ရေးမှူး ကိုတိတ်နိုင်က “ဒီ‌နေ့ လွတ်လာတဲ့အထဲမှာ ‌နောက်ဆုံး ကျ‌နော်တို့ ရထားတဲ့ စာရင်းအရ နိုင်ငံ‌ရေးအကျဉ်းသား ၂၄ဦးပါတယ်။ အဲဒီအထဲမှာ အမျိုးသမီး ၅ဦးနဲ့ ဘုန်းကြီးတစ်ပါး ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံ‌တော် ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေပုဒ်မ ၂၀၄(က) နှင့်အညီ အကျဉ်း‌ထောင် အသီးသီးမှ နိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၄၆ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပ‌ဒေ ပုဒ်မ ၄၀၁ (၁) အရ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ရက်‌နေ့မှစ၍ ပြစ် ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့‌ကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်‌ပေးခဲ့ကြာင်း အစိုးရသတင်းစာတွင် ယမန်‌နေ့က ထုတ်ပြန်ပြီး ‌နောက် ထိုသို့ လွတ်လာခဲ့ကြခြင်း ဖြစ်သည်။

ယ‌နေ့ လွတ်လာသည့် အကျဉ်းသားများထဲတွင် အများအားဖြင့် ဥပ‌ဒေပုဒ်မ ၅(ည)၊ ၁၇/၁၊ ၁၇/၃နှင့် ၁၇/၂ဝ တပ်ခံရသူများဖြစ်ပြီး အင်းစိန်၊ မန္တ‌လေး၊ ပူတာအို၊ ‌ကော့‌သောင်း၊ ထားဝယ်၊ မြစ်ကြီးနား၊ သရက်၊ ကသာ၊ က‌လေး၊ မြင်းခြံ၊ ဖားအံ စသည့် အကျဉ်း‌ထောင်များမှ ဖြစ်‌ကြောင်း သိရသည်။

ဆက်လက်၍ ကိုတိတ်နိုင်က အစိုးရအ‌နေဖြင့် အကျဉ်းသားများအား လွှတ်‌ပေး‌သော်လည်း တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့များနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌နေချိန်တွင် နိုင်ငံ‌ရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်‌သေးသည့်အတွက် အားရ‌ကျေနပ်မှု မရှိ‌သေး ‌ကြောင်း ‌ပြောသည်။

“အခု လွတ်လာတာ သိပ်နည်းလွန်းအားကြီးတယ်။ ငြိမ်းချမ်း‌ရေးစကား ‌ပြော‌နေစဉ်မှာ၊ အမျိုးသား ပြန်လည်သင့်မြတ်‌ရေး လုပ်‌ဆောင်‌နေ တဲ့အချိန်မှာ (‌ထောင်ထဲမှာ)နိုင်ငံ‌ရေးအကျဉ်းသားတစ်‌ယောက်မှ မရှိမှ ဖြစ်မှာပါ။ နိုင်ငံ‌ရေးအကျဉ်းသား‌တွေကို နည်းနည်း၊ နည်းနည်း လွှတ်‌ပေး‌နေတာဟာ ဓါးစာခံအဖြစ် ထားတာဖြစ်တယ်။”ဟု ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့ကလည်း မြန်မာအစိုးရ သမ္မတဦးသိန်းစိန်၏ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပ‌ဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)ဖြင့် အကျဉ်းသား ၆၅၁ဦးအား လွတ်ငြိမ်းချမ်းသာခွင့်‌ပေးခဲ့ရာတွင် သျှမ်းတိုင်းရင်းသား ‌ခေါင်း‌ဆောင် ဦးခွန်ထွန်းဦး၊ ၈၈‌ကျောင်းသား‌ခေါင်း ‌ဆောင် မင်းကိုနိုင် အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား ၂၀ဝဦး‌ကျော် လွတ်‌မြောက်လာခဲ့သည်။