Home သတင်း လူထုအ‌ခြေပြုအဖွဲ့အစည်းတွင် လူထုများ ပါဝင်ရန်လိုအပ်ဟု KCSN ‌ပြော

လူထုအ‌ခြေပြုအဖွဲ့အစည်းတွင် လူထုများ ပါဝင်ရန်လိုအပ်ဟု KCSN ‌ပြော

1926
ဇူလိုင်လ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ်ရှိ ပြည်တွင်း၊ ပြည်ပ ကရင်နီလူထုအ‌ခြေပြုအဖွဲ့အစည်း CBOs အဖွဲ့များတွင် ပြည်သူလူထုများပါ ပါဝင်‌ဆောင် ရွက်ရန် လိုအပ်‌ကြောင်း ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် CBOs အဖွဲ့တခုဖြစ်သည့် ကရင်နီ လူမှုအသင်းအဖွဲ့ ဆက်စပ်‌ဆောင်ရွက်‌ရေးကွန် ယက် (KCSN) က ယ‌နေ့ ‌ပြောသည်။

ကရင်နီပြည်နယ်တွင် လူထုအတွက် အလုပ်လုပ်‌ပေး‌နေသည့် ပြည်ပ CBOs အဖွဲ့ ၅ခု နှင့် ပြည်တွင်း CBOs အဖွဲ့ ၉ခုရှိပြီး အစိုးရနှင့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေစဉ်ကာလအတွင်း ပြည်သူလူထုအတွက် ပိုမိုထိ‌ရောက်သည့် လုပ်‌ဆောင်မှုများ လုပ်‌ဆောင်ရန် ပြည်တွင်းနှင့် ပြည်ပရှိ CBOs တို့ ပူး‌ပေါင်းပြီး ပြည်သူလူထုများပါ ပါဝင်လာ‌အောင် ‌ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ CBOs အဖွဲ့များ ပူး‌ပေါင်းသွားရန် ယခင်လ ဇွန် ၃ဝရက်‌နေ့က ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်သည့် workshop တခုကို လည်း ထိုင်း-မြန်မာနယ်စပ် မဲ့‌ဟောင်‌ဆောင်ခရိုင်တွင် ကျင်းပခဲ့သည်။

“ကျ‌နော်တို့ ပြည်တွင်းက CBOs နဲ့ နယ်စပ်က CBOs ‌တွေရဲ့ တာဝန်ရှိသူ‌တွေ ‌တွေ့ဆုံကြတယ်။ ‌နောက်လည်း ‌တွေ့ဆုံသွားဖို့ရှိတယ်။ အပြန်အလှန်‌ဆွေး‌နွေးဖို့လည်း လို‌သေးတယ်။ ပြည်သူလူထု‌တွေ ပါဝင်လာ‌အောင်လည်း လုပ်‌ဆောင်ရမယ်”ဟု KCSN ၏ ‌ပြော‌ရေးဆိုခွင့် ရှိသူ ခူးမီရယ်က ‌ပြောသည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP သည် အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ်က ကရင်နီပြည်နယ်အတွင်း အပစ် ခတ်ရပ်စဲ‌ရေးနှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုကိစ္စများ ‌စောင့်ကြည့်သွားရန် ‌လေ့လာ‌စောင့်ကြည့်‌ရေး အဖွဲ့တဖွဲ့ထားရှိရန် သ‌ဘောတူထားခဲ့ ကြသည်။

ယင်းကိစ္စ‌ကြောင့် KNPP က ကရင်နီပြည်နယ်အတွင်း ငြိမ်းချမ်း‌ရေး ‌လေ့လာ‌စောင့်ကြည့်‌ရေးအဖွဲ့ ထားရှိရန်အတွက် ပြည်တွင်းရှိ လူထုအ ‌ခြေပြုအဖွဲ့အစည်း CBOs တို့နှင့် ဇွန်လ ၁၁ရက်‌နေ့တွင် ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ခူးမီရယ်က “KNPP နဲ့ ကျ‌နော်တို့ ‌တွေ့တုန်းက‌တော့ အဓိက ‌လေ့လာ‌စောင့်ကြည့်‌ရေးအဖွဲ့ ဘယ်လိုထားမလဲ။ ဘယ်လိုလုပ်ငန်း‌တွေ ‌ဆောင်ရွက်သွားမလဲ။ ပြီး‌တော့ CBOs အ‌နေနဲ့ပဲ သွားမှာလား။ ဒါမှမဟုတ် ပြည်သူလူထုအ‌နေနဲ့ သွားမှာလား စတာ‌တွေကို ‌ဆွေး‌နွေးကြ တယ်။ ဒါ‌ပေမယ့် အ‌ကောင်အထည်‌တော့ မ‌ဖော်နိုင်‌သေးဘူး။ ‌ရှေ့ဆက် ‌ဆွေး‌နွေးဖို့‌တော့ အများကြီးလိုအပ်‌သေးတယ်”ဟု ဆက်လက် ‌ပြောဆိုသည်။

ဇွန်လ ၆ရက်‌နေ့က KNPP နှင့် လက်ရှိအစိုးရတို့၏ အပစ်ခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးမှုလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ကရင်နီလူထုအ‌ခြေပြု လူမှုအသင်းအဖွဲ့များက ကြိုဆို‌ထောက်ခံ‌ကြောင်း၊ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးကို နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည် ‌လေးစားမှု အပါအ ဝင် အချက် ၂ဝချက်ပါ ‌ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။