Home သတင်း မွန်ဒီမိုက‌ရေစီပါတီကို နိုင်ငံ‌ရေးပါတီ အဖြစ်မှတ်ပုံတင်ခွင့်ပြု

မွန်ဒီမိုက‌ရေစီပါတီကို နိုင်ငံ‌ရေးပါတီ အဖြစ်မှတ်ပုံတင်ခွင့်ပြု

1505
ဇူလိုင် ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


မွန်ဒီမိုက‌ရေစီပါတီ(MDP)အားတရားဝင်နိုင်ငံ‌ရေးပါတီ အဖြစ် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ဇူလိုင်လ ၁ဝ ရက်‌နေ့ ရက်စွဲဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။

MDP ကို နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်အမှတ် ၅၈ ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်‌ကြောင်း ယ‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

“ပါတီမှတ်ပုံတင်ထားတာ အခုကျလာပြီး၊ ပါတီစည်းမျဉ်း‌တွေ ပါတီဝင်အင်အားစာရင်း‌တွေ ထပ်တင်ပြဖို့ စီစဉ်ရ‌တော့မယ်။ ပြီး‌တော့ ပါတီရဲ့ ‌ရှေ့ဆက်လုပ်‌ဆောင်စရာရှိတာ‌တွေကို လုပ်‌ဆောင်သွားမယ်။”ဟု MDP ဗဟို‌ကော်မတီဝင်တဦးက ‌ပြောသည်။

ပါတီ မှတ်ပုံတင်ခွင့် မ‌လျှောက်စဉ်ကပင် ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့် ပါတီဝင်အင်အားစာရင်းများကို ကြိုတင်ပြင်ထားလျှက်ရှိကာ ပါတီမှတ်ပုံတင်ကျလာသည်နှင့်အမျှ၎င်းကို အချိန်တိုအတွင်း တင်ပြသွားမည်ဖြစ်သကဲ့သို့ ပါတီစည်းရုံး‌ရေးလုပ်ငန်းစဉ်များကိုလည်း စတင်အ‌ကောင်အထည်‌ဖော်သွားမည်ဖြစ်‌ကြောင်း MDP ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

MDP သည် ‌မေလ ၃ဝ ရက်‌နေ့တွင် နိုင်ငံ‌ရေးတည်‌ထောင်ခွင့်ရခဲ့ပြီး ပါတီမှတ်ပုံတင်ရန်အတွက် ကိုယ်စားလှယ် ‌ခေါင်း‌ဆောင်အဖြစ် ဒု-ဥက္ကဌ နိုင်သက်လွင်နှင့် ဒု‌ခေါင်း‌ဆောင်အဖြစ် ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီ နိုင်စိုးမြင့်တို့ကို ‌ရွေးချယ်ခဲ့သည်။

ပါတီကို တရားဝင်နိုင်ငံ‌ရေးပါတီအဖြစ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ တင်ပြရန်အတွက် မွန်အမျိုးသား ဒီမိုက‌ရေစီ(MNDF)အဖွဲ့မှ မွန်ဒီမိုက‌ရေစီပါတီ(MDP)အဖြစ် အမည်‌ပြောင်းထားသည့်ပါတီဖြစ်သည်။

၁၉၉ဝ ‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ် ၁၉ ခု ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည့် MNDF (ယခု MDP) သည် ၅ ‌နေရာ အနိုင်ရရှိခဲ့‌သော်လည်း စစ်အစိုးရက ‌ရွေး‌ကောက်ပွဲ ရလာဒ်ကို အသိအမှတ် မပြုဘဲ ပါတီ‌ခေါင်း‌ဆောင်များကို ဖမ်းဆီး‌ထောင်ချကာ ၁၉၉၂ ခုနှစ်တွင် ပါတီဖျက်သိမ်းခြင်း ခံခဲ့ရသည်။