Home သတင်း လစာ‌ငွေ ထပ်မံ ‌လျော့ချခံရမည်ကို မယ်‌တော်‌ဆေးခန်း ဝန်ထမ်းများ စိုးရိမ်

လစာ‌ငွေ ထပ်မံ ‌လျော့ချခံရမည်ကို မယ်‌တော်‌ဆေးခန်း ဝန်ထမ်းများ စိုးရိမ်

1817
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ အခမဲ့ ‌ဆေးကုသ‌ပေးလျှက်ရှိ‌သော မယ်‌တော်‌ဆေးခန်းတွင် ဝန်ထမ်းများကို လစာ‌ငွေ ၂ဝရာခိုင်နှုန်း ‌လျှော့ချခံထားရပြီး‌နောက် ထပ်မံ၍ ‌လျှော့ချခံရမည်ကို ဝန်ထမ်းများက စိုးရိမ်‌နေကြသည်။

“ကျ‌နော်ရဲ့ လစာက ထိုင်းဘတ် ၁,၈၀ဝ ရတယ်။ ၂ဝရာနှုန်း‌တော့ ‌လျှော့ပြီ။ ‌နောက် ၁၅ရာခိုင်နှုန်း ထပ်‌လျှော့ဖို့ ရှိတယ်လို့ ကြားတယ်။ ထပ်‌လျှော့မှာကို စိုးရိမ်တယ်။ ကျ‌နော်က မိသားစုနဲ့ဆို‌တော့ အလုပ်ထွက်မယ်ဆိုလည်း ဗြုန်းခနဲ ဘာလုပ်ရမှန်း မသိဘူး။”ဟု မယ်‌တော်‌ဆေးခန်း အတွင်းလူနာဌာနတွင် အလုပ်ဆင်း‌နေသူ ‌ဆေးဝန်ထမ်းတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းကို ‌ထောက်ပံ့‌ပေးလျှက်ရှိ‌သော အလှူရှင်အချို့က ‌ထောက်ပံ့‌ငွေဖြတ်‌တောက်လိုက်‌သော‌ကြောင့် ပြီးခဲ့သည့် ဇွန်လ၌ မယ်‌တော်‌ဆေးခန်းမှ ဝန်ထမ်းများကို လစာ‌ငွေ‌လျှော့ချလိုက်ခြင်းဖြစ်ပြီး လာမည့် ဩဂုတ်လတွင် ၁၅ရာခိုင်နှုန်း ထပ်မံ‌လျှော့ချရန် သတင်းထွက်‌ပေါ်လာသည်ဟု သူက ဆက်‌ပြောသည်။

၂၀၁၂ခုနှစ်အတွင်း မယ်‌တော်‌ဆေးခန်းတွင် လုပ်ငန်းအားလုံး လည်ပတ်နိုင်ရန်အတွက် လို‌ငွေဘတ်ဂျတ် ထိုင်းဘတ်‌ငွေ ၁၈သန်း (အ‌မေရိကန်‌ဒေါ်လာ ၆သိန်း)ရရှိရန် လိုအပ်သည်ဟု မယ်‌တော်‌ဆေးခန်း ဝက်ဘ်ဆိုက် http://maetaoclinic.org/ တွင် ‌ဖော်ပြထား သည်။

မယ်‌တော်‌ဆေးခန်း၏ ‌ပြောခွင့်ရ ဆရာမ ‌နော်အဲ့သဝါးက “အ‌ခြေအ‌နေအရ ဝန်ထမ်း‌တွေကို လစာ‌ငွေ ၂ဝရာခိုင်နှုန်း ‌လျှော့လိုက်ရ တယ်။ ၁၅ရာခိုင်နှုန်း ထပ်‌လျှော့ဖို့က‌တော့ မ‌သေချာဘူး။ မယ်‌တော်‌ဆေးခန်းက တာဝန်ရှိသူ‌တွေကလည်း ဘယ်သူမှ မဆုံးဖြတ်ရ‌သေး ဘူး။ အခက်အခဲရှိလို့ အလုပ်ထွက်မယ့်သူရှိရင် ထွက်ခွင့်ပြုတယ်။ လစာ‌ငွေ ၂လစာကိုလည်း ‌ပေးပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တဆက်တည်း၌ပင် ‌ဆေးခန်းမှ အလုပ်ထွက်လိုက်သူ ဝန်ထမ်းအမျိုးသမီးတဦးက “ကျမက အလုပ်ထွက်ချင်တာ‌တော့ မဟုတ်ဘူး။ မထွက်ဘူးဆိုရင် ရတဲ့လစာက ဘတ် ၁,၂၀ဝ ပဲ‌လေ။ ထပ်‌လျှော့လိုက်တာ ၁,၀၀ဝပဲ ကျန်တယ်။ အိမ်ခန်းငှား‌နေရတယ်ဆို‌တော့ သုံးဖို့ မ‌လောက်ဘူး။ ‌နောက် ၁၅ရာခိုင်နှုန်းပါ ထပ်‌လျှော့မယ်လို့ ကြားလို့ ထွက်လိုက်ရတာပါ”ဟု ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းတွင် အပြင်လူနာဌာန၊ အတွင်းလူနာဌာန၊ လက်မှတ်ဌာန၊ မျက်စိဌာန၊ ‌ခြေတုလက်တုဌာန၊ သွားဌာန၊ လူမှုဆက်ဆံ ‌ရေးဌာနနှင့် ခွဲစိပ်ဌာန စသည့်ဌာနဆိုင်ရာ ၁ဝခု‌ကျော်ရှိပြီး ဝန်ထမ်း ၆၅၀‌ကျော် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှုရှိ‌နေပြီဟု နိုင်ငံတကာမှ ယူဆလာ‌သော‌ကြောင့် မယ်‌တော်‌ဆေးခန်းကို ကူညီ‌ထောက်ပံ့‌ပေး ‌နေသည့် အလှူရှင်‌တော်‌တော်များများမှာလည်း မြန်မာပြည်တွင်းသို့ ဝင်‌ရောက်သွားကြသည့်အ‌ပေါ် ယခုလို ‌ငွေ‌ကြေးအခက်အခဲများနှင့် ၎င်းတို့ ရင်ဆိုင်လာရခြင်းဖြစ်‌ကြောင်း ဆရာမ ‌နော်အဲ့သဝါးက ဖြည့်စွက်‌ပြောသည်။

မယ်‌တော်‌ဆေးခန်းတွင် တာဝန်ထမ်း‌ဆောင်‌နေသည့် ဝန်ထမ်း ၉၅ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ပြည်တွင်း ဌာ‌နေမဲ့သူ(Displaced People) ဖြစ်ပြီး မြန်မာပြည်တွင်း အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာလူထုစုစု‌ပေါင်း ၁၅၀,၀၀ဝ ‌ကျော်အား နှစ်စဉ် ကုသ‌ပေးလျှက်ရှိ သည်ဟု မယ်‌တော်‌ဆေးခန်း ဝက်ဘ်ဆိုက်တွင် ‌ဖော်ပြပါရှိသည်။

ထိုသို့ မြန်မာပြည် အ‌ပြောင်းအလဲရှိ‌နေပြီဟု ဆိုကြ‌သော်လည်း မယ်‌တော်‌ဆေးခန်းတွင် ‌ဆေးလာ‌ရောက် ကုသသူဦး‌ရေမှာ ‌လျှော့ကျသွား ခြင်းမရှိ‌ကြောင်း မယ်‌တော်‌ဆေးခန်း ‌ဆေးဝန်ထမ်းများက‌ပြောဆို‌နေကြသည်။ မယ်‌တော်‌ဆေးခန်းကို ကရင်အမျိုးသမီးဖြစ်သူ ‌ဒေါက်တာ စင်သီယာ‌မောင်မှ ဦး‌ဆောင်၍ ၁၉၈၉ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့ခြင်း ဖြစ်သည်။