Home သတင်း လိုင်းရင်းစခန်းရှိ ကချင်ဒုက္ခသည်များ နာမကျန်းဖြစ်သူများလာ

လိုင်းရင်းစခန်းရှိ ကချင်ဒုက္ခသည်များ နာမကျန်းဖြစ်သူများလာ

1568
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံအတွင်းရှိ လိုင်းရင်းဒုက္ခသည်စခန်းတွင် နာမကျန်းဖြစ်သူ များပြားလာ သည်ဟု လိုင်းရင်းရှိ ကချင်ကယ်ဆယ်‌ရေးအဖွဲ့-WPN က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

“အရင်အပတ်က တစ်ရက်ကို လူနာ တစ်ဆယ်၊ နှစ်ဆယ်‌လောက်ပဲရှိတာ။ ဒီရက်ဆိုရင် ငါးဆယ်‌ကျော်အထိ ရှိတယ်။ ‌ဆေးခန်းလာပြသူ ‌တွေက‌တော့ တုပ်‌ကွေး၊ ဖျားနာ၊ နှာ‌စေး၊ ‌ချောင်းဆိုးနဲ့ ဝမ်း‌လျှောတဲ့သူပါတယ်။”ဟု လိုင်းရင်းစခန်း၌ ဒုက္ခသည်များကို ‌ဆေးကုသ‌နေသည့် WPN မှ ဆရာမဒွဲဇင်က ‌ပြောသည်။

လိုင်းရင်း‌ဆေးခန်းသို့ လာ‌ရောက်သူများထဲတွင် လူကြီးများ ဖြစ်ကြပြီး အများစုမှာ တုပ်‌ကွေးဖြစ်ပွားသူ အမျိုးသမီးလူနာများ ဖြစ်ကြသည် ဟု သူမက ဆက်ရှင်းပြသည်။

လက်ရှိကာလသည် မိုးရာသီအချိန်ဖြစ်‌သော်လည်း ပုံမှန် မိုးမရွာဘဲ ‌နေပူတလှည့် မိုးရွာတလှည့်ဖြစ်ခြင်း၊ ယင်းစခန်းတွင် တရုတ်နိုင်ငံအ တွင်း မသန့်ရှင်းသည့် အမှိုက်ပုံ‌နေရာဖြစ်ခြင်းနှင့် ဒုက္ခသည်များသည် ‌မြေဩဇာပါသည့် ဟင်းသီးဟင်းရွက်များ စားရခြင်း စသည်တို့ ‌ကြောင့် ယခုလို လူနာဦး‌ရေ များပြားလာခြင်းဖြစ်နိုင်‌ကြောင်း WPN က ‌ပြောသည်။

‌ဆေးကုသမှုခံယူ‌နေသူ လိုင်းရင်းဒုက္ခသည် အမျိုးသမီးတဦးက “ကျမတို့ ဒီမှာ‌နေတာ တင်းတင်းကြပ်ကြပ် ‌နေရတယ်‌လေ။ လူလည်း များ တယ်။ ‌နောက် ‌ရောဂါဖြစ်ရင် ကူးစက်တာ ရှိတယ်။”ဟု ‌ပြောသည်။

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO တို့အကြား ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဇွန်လ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ချိန်မှစ၍ ‌ဒေသခံကချင်လူထုများသည် ‌နေရပ်ဌာ‌နေကို စွန့်ခွါကာ စစ်‌ပြေးဒုက္ခသည်အဖြစ် လိုင်းရင်းဒုက္ခသည်စခန်းတွင် လာ‌ရောက်ခိုလှုံခဲ့ကြရာ ထိုစခန်းတွင် လက်ရှိ စစ်‌ပြေးဒုက္ခသည်ဦး‌ရေ ၂,၀၀၀‌ကျော်ရှိသည်ဟု WPN က ‌ပြောဆိုထားသည်။