Home သတင်း ဒုတိယအကြိမ် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု ချီးမြှင့်ရန် စတင်‌ဆော်ဩ‌နေပြီ

ဒုတိယအကြိမ် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု ချီးမြှင့်ရန် စတင်‌ဆော်ဩ‌နေပြီ

1957
နိုဝင်ဘာလ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နန့်‌ရွှေကျင် တို့အား ရည်စူး၍ ၎င်းတို့၏ သားသမီးများ တည်‌ထောင်ထားသည့် ဖန်း‌ဖောင်‌ဒေးရှင်းက ဒုတိယအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို ချီးမြှင့်ရန် ယမန်‌နေ့က စတင်‌ဆော်ဩ‌နေပြီဖြစ်သည်။

အဆိုပါဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသားတိုးတက်‌ရေးအတွက် ပညာ‌ရေးဆိုင်ရာ၊ ရိုးရာယဉ်‌ကျေးမှု ဆိုင်ရာ စသည့်ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ‌ထောက်အကူဖြစ်‌အောင် စွမ်းစွမ်းတမံ လုပ်‌ဆောင်‌ပေးသူ ကရင်လူ ငယ်များကို ‌ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်းအဖွဲ့ဝင် နန့်ဘွားဘွားဖန်းက “ဒီ‌ခေါင်း‌ဆောင်ဆုကို ‌ပေးရတဲ့ရည်ရွယ်ချက်က‌တော့ အမျိုးသားတိုးတက်‌ရေး အတွက် ကြိုးပမ်းလုပ်‌ဆောင်‌ပေး‌နေတဲ့ ကျမတို့ ကရင်လူငယ်‌မောင်မယ်‌တွေကို အသိအမှတ်ပြု‌သောအားဖြင့် သူတို့‌တွေကို ဂုဏ်ပြုချီးမြှင့်တဲ့အ‌နေနဲ့ ကျမတို့ ချီးမြှင့်တာ ဖြစ်တယ်။ ကျမတို့ အ‌ဖေနဲ့ အ‌မေဟာ ကိုယ်ကျိုးစွန့် အနစ်နာပြီး‌တော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ‌ပေးဆပ်ခဲ့တယ်။ ကျမ အ‌ဖေဟာ လူငယ်‌တွေကို အရမ်းအား‌ပေးတယ်။ လူငယ်ဆိုတာ ကျမတို့ ကရင်လူမျိုးရဲ့ အနာဂတ်‌ခေါင်း‌ဆောင်‌တွေ ဖြစ်တယ်လို့ အ‌ဖေ‌ပြောခဲ့တယ်။ အဲဒါ‌ကြောင့် လူငယ်‌တွေကို‌ရွေးပြီး ‌ပေးတာပါ”ဟု ‌ပြောသည်။

၎င်းဆုကို သတ်မှတ်ထားသည့်စံနှုန်းအတိုင်း ကိုက်ညီပါက အသက် ၃၅နှစ်‌အောက်ရှိ မည်သည့်ကရင်လူငယ်မဆို လူတဦး ချင်းစီဖြစ်‌စေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတခုခုကိုဖြစ်‌စေ လာမည့်ဇန်နဝါရီလ ၃၁ရက်‌နေ့ ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ဆု‌ငွေ အ‌မေရိကန် ‌ဒေါ်လာ (၂၀၀၀)ကို ‌ပေးအပ်ချီးမြှင့်‌ပေးသွားမည်ဖြစ်သည်။

ကရင်အမျိုးသမီးငယ်တဦးက “ကရင်ပြည်နယ်အတွင်းမှာ လူထုအတွက် ‌အောက်‌ခြေအလုပ်ကို တကယ်သက်စွန့်စံဖျားလုပ်တဲ့ လူငယ်‌တွေ အများကြီးရှိတယ်။ ဒါ‌ကြောင့် ဖန်း‌ဖောင်‌ဒေးရှင်းအ‌နေနဲ့ ဒီဆုကို‌ပေးဖို့ ထိထိ‌ရောက်‌ရောက် ‌လေ့လာဖို့ လိုပါတယ်” ဟု သူမ၏အမြင်ကို ‌ပြောသည်။

ပထမအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို ယမန်နှစ်က စတင်‌ပေးအပ်ခြင်းဖြစ်ပြီး ကရင်အမျိုးသား‌ရေးအ တွက် အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်‌ဆောင်‌ပေးသူ ဖာပွန်ခရိုင်၊ ကရင်အမျိုးသမီးအစည်းအရုံး‌ကော်မတီဝင် ‌နော်‌ဖောကဘ လာထူးအား ်ချီးမြှင့်‌ပေးခဲ့သည်။

ထိုဆုအတွက် စာရင်းတင်သွင်းမည့်သူများအ‌နေဖြင့် အမည်၊ အသက်၊ ‌မွေးသက္ကရာဇ်၊ ‌နေရပ်နှင့် အဖွဲ့အစည်းနာမည်များ ဖြင့်တကွ မည်သည့်ကရင်အဖွဲ့အစည်း၊ ‌ဆွေမျိုးသားချင်းကိုမဆို နာမည်တင်သွင်းနိုင်‌သော်လည်း မိမိကိုယ်ကို အဆိုတင်သွင်း ခွင့်မရှိ‌ကြောင်း လာမည့် ဒီဇင်ဘာလ ၃၁ရက်‌နေ့‌နောက်ဆုံးထား၍ ကရင်၊ မြန်မာနှင့် အဂင်္လိပ်ဘာသာဖြင့် bwabwa.phan@ phanfoundation.org သို့ နာမည်စာရင်း ပို့‌ဆောင်‌ပေးရမည်ဖြစ်ပြီး အ‌သေးစိတ်သိရှိလိုပါက www.phafoundation.org တွင် ဝင်‌ရောက်ကြည့်ရှုနိုင်ပါသည်။

ဖန်း‌ဖောင်‌ဒေးရှင်း(Phan Foundation)ကို ‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံသတ်ဖြတ်ခံရ သည့် ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၄)ရက်‌နေ့တွင် ကျန်ရစ်သူ သားသမီး‌လေးဦးဖြစ်သည့် ‌စော‌စေး‌စေးဖန်း၊ နန့်ဇိုယာဖန်း၊ နန့် ဘွားဘွားဖန်းနှင့် စလုံ့ဖန်းတို့က စတင်တည်‌ထောင်ခဲ့သည်။