Home သတင်း ဒုသမ္မတ စိုင်း‌မောက်ခမ်း အာဇာနည်ကုန်းသို့ သွား‌ရောက်အ‌လေးပြု

ဒုသမ္မတ စိုင်း‌မောက်ခမ်း အာဇာနည်ကုန်းသို့ သွား‌ရောက်အ‌လေးပြု

1906
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်

ယ‌နေ့ကျ‌ရောက်သည့် ၆၅နှစ်‌မြောက် အာဇာနည်‌နေ့ အခမ်းအနားသို့ နှစ်‌ပေါင်း ၂၀‌ကျော်အတွင်း နိုင်ငံ‌တော် အကြီးအကဲများထဲမှ ဒုတိယ သမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်းသည် နံနက် ၈နာရီ‌ကျော်တွင် အာဇာနည်ကုန်းသို့ သွား‌ရောက်ကာ ပန်း‌ခွေချ အ‌လေးပြုခဲ့သည်။

ထို့အပြင် ဗိုလ်ချုပ်‌အောင်ဆန်း၏သမီးဖြစ်သူ ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း လွှတ်‌တော်ကျင်းပရာ ‌နေပြည်‌တော်မှ ပြန်လာ၍လည်း ‌ကောင်း၊ သားကြီး ဦး‌အောင်ဆန်းဦးကိုယ်စား ဦးလှ‌ဖေကလည်း‌ကောင်း လွမ်းသူပန်း‌ခွေချ အ‌လေးပြုခဲ့သည်။

၎င်းအပြင် အခြားအာဇာနည် ‌ခေါင်း‌ဆောင်ကြီးများ၏ မိသားစုဝင်များနှင့် အဖွဲ့အစည်းများက တာဝန်ရှိသူများလည်း အာဇာနည်များ၏ ဂူဗိမာန်အသီးသီး၌ လာ‌ရောက် အ‌လေးပြုခဲ့ကြသည်။

ငါးနှစ်ဆက်တိုက် အာဇာနည်ကုန်းသို့ သွား‌ရောက်သတင်းယူခဲ့သူ ပြည်တွင်းသတင်း‌ထောက်တစ်ဦးက “တက်ခဲ့ဖူးတဲ့ အာဇာနည်‌နေ့ထဲ မှာ ဒီနှစ် လူအများဆုံးပဲ”ဟု ‌ပြောသည်။

ယင်း‌နောက် ၆၅နှစ်‌မြောက် အာဇာနည်‌နေ့ ကျင်းပ‌ရေး ဦးစီး‌ကော်မတီ ဥက္ကဌ ရန်ကုန်တိုင်း‌ဒေသကြီး စည်ပင်သာယာ‌ရေးဝန်ကြီး ရန်ကုန် မြို့‌တော်ဝန် ဦးလှမြင့်၊ တိုင်း‌ဒေသကြီး လွှတ်‌တော်ဥက္ကဌ ဦးစိန်တင်ဝင်းနှင့် ရန်ကုန် အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီများက ဗိုလ်ချုပ်‌အောင်ဆန်း နှင့်တကွ အာဇာနည်‌ခေါင်း‌ဆောင်ကြီးများ၏ ဂူဗိမာန်များ၌ လွမ်းသူပန်း‌ခွေချ အ‌လေးပြုခဲ့ကြသည်။

ထို့အပြင် ၈၈မျိုးဆက်‌ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင် အပါအဝင် ထင်ရှား‌သော အနုပညာရှင်များလည်း ယ‌နေ့ မွန်းလွဲ ၂နာရီခွဲအ ချိန်က အာဇာနည်ကုန်းသို့ လာ‌ရောက်ကာ ပန်း‌ခွေချ အ‌လေးပြုခဲ့ကြသည်ဟု ကိုယ်တိုင်မြင်‌တွေ့သူများက ‌ပြောဆိုသည်။