Home သတင်း မွန်ပညာ‌ရေးအတွက်အစိုးရမှ‌ထောက် ပံ့မှု‌ပေးမည်ဟု‌ပြော

မွန်ပညာ‌ရေးအတွက်အစိုးရမှ‌ထောက် ပံ့မှု‌ပေးမည်ဟု‌ပြော

2037
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ်


မွန်စာ‌ပေကို ‌ကျောင်းချိန်ပြင်ပ၌သာ သင်ကြားခွင့်‌ပေးပြီး ၎င်းအတွက် ပညာ‌ရေး‌ထောက်ပံ့‌ကြေး ‌ပေး‌ဆောင် သွားမည်ဟု သမ္မတဦးသိန်းစိန်က တိုင်းရင်းသားညီ‌နောင် ၆ပါတီနှင့် ‌တွေ့ဆုံခဲ့စဉ် ‌ပြောကြားခဲ့သည်။

သမ္မတနှင့် ဒီမိုက‌ရေစီ မဟာမိတ် ၁ဝပါတီတို့ ‌တွေ့ဆုံခဲ့ကြစဉ် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေးကိစ္စနှင့် ပတ်သက်ပြီး ညီ‌နောင် ၆ပါတီ ကိုယ်စား မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဒုဥက္ကဌ ‌ဒေါက်တာလှ‌အောင်က တင်ပြခဲ့သည်ကို သမ္မတက ထိုကဲ့သို့ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‌ဒေါက်တာလှ‌အောင်၏ တင်ပြချက်ကို ရထားပို့‌ဆောင်‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းက သမ္မတ၏ ခွင့်ပြုချက်ဖြင့် “မွန်‌တွေ စာ‌ပေသင်ကြား‌ရေးနဲ့ပတ်သက်ပြီး တင်ပြမယ်ဆိုတာ ကျ‌နော်တို့ သိပြီးသားပါ။ မွန်စာ‌ပေကို ‌ကျောင်းချိန်ပြင်ပမှာ သင်ကြားဖို့ လည်း ကျ‌နော်တို့ သ‌ဘောတူထားပြီးသား။ စာ‌ပေသင်ကြားဖို့အတွက်ကိုလည်း အစိုးရက‌နေ တနှစ်ကို ‌ဒေါ်လာတစ်သန်း ‌ထောက်ပံ့သွား မယ်”ဟု ‌ပြောခဲ့သည်။

အစိုးရ၏ ‌ကျောင်းချိန်ပြင်ပ စာ‌ပေသင်ကြား‌ရေးသည် လက်‌တွေ့တွင် အ‌ကောင်အထည်‌ဖော်ရန် မလွယ်ကူ‌ကြောင်း ၎င်းသည် တိုင်းရင်း သားတို့၏ ‌တောင်းဆိုမှုများကို လုံးဝ ဂရုမစိုက်သည့်သ‌ဘော သက်‌ရောက်‌ကြောင်း အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ‌ဒေါက်တာ ဗညား‌အောင်မိုးက ‌ပြောသည်။

“တကယ်‌တော့ ‌ကျောင်းချိန်ပြင်ပ စာ‌ပေသင်ကြားတဲ့ကိစ္စက နည်းလမ်းသိပ်မကျဘူး။ လွှတ်‌တော်မှာ ကျ‌နော်တို့တင်တာက တိုင်းရင်းသား အားလုံး ပြည်နယ်အားလုံးသူတို့ရဲ့ ကိုယ်ပိုင်ပညာ‌ရေးစနစ်နဲ့ မွန်ဆို မွန်ပညာ‌ရေးဌာန၊ ကရင်ဆို ကရင်ပညာ‌ရေးဌာန သူ့ပြည်နယ်နဲ့ သူ့စာ ‌ပေနဲ့ဖြစ်ဖို့ တင်တာ။ အဲဒါကို လူမျိုး‌ပေါင်း ၁၃၅‌ကျော်တယ်။ လုပ်လို့မရဘူးဆိုပြီး ပညာ‌ရေးဝန်ကြီးက ‌ပြောတယ်။ တိုင်းရင်းသားစာ‌ပေ‌တွေ ဘာသာစကား‌တွေ မ‌ပျောက်သွား‌အောင် တင်ပြတယ်။ ဘယ်တိုင်းရင်းသားမှာ ဘာသာဘယ်နှစ်ခုရှိတယ်ဆိုပြီး‌တော့ ငြင်းတယ်”ဟု ‌ဒေါက်တာဗညား‌အောင်မိုးက ‌ပြောသည်။

အစိုးရစာသင်‌ကျောင်းတွင် တိုင်းရင်းသားစာ‌ပေ သင်ကြားခွင့်ရရှိရန်အတွက် ပထမအကြိမ် အမျိုးသားလွှတ်‌တော် ပထမ ပုံမှန် အစည်းအ ‌ဝေးတွင် ‌ဒေါက်တာဗညား‌အောင်မိုးက တင်ပြခဲ့‌သော်လည်း လွှတ်‌တော်က ၎င်းအဆိုကို ငြင်းဆိုခဲ့သည်။

သို့‌သော် တိုင်းရင်းသားစာ‌ပေကို ‌ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရှိရန် ဆက်လက် ‌တောင်းဆိုသွားမည်ဟုလည်း ၎င်းက ‌ပြောသည်။

ယခင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ကိုယ်စားလှယ် ဦး‌အောင်မင်းတို့ ‌တွေ့ဆုံခဲ့ကြစဉ်က မွန်ပညာ‌ရေးဖွံ့ဖြိုးတိုး တက်‌ရေးအတွက် မွန်ပြည်သစ်ပါတီက ‌တောင်းဆိုခဲ့သည့်အ‌ပေါ် ယခုကဲ့သို့ မွန်ပညာ‌ရေးကို ‌ထောက်ပံ့‌ပေးခြင်းဖြစ်‌ကြောင်း ရခိုင်အမျိုး သားတိုးတက်‌ရေးပါတီ အတွင်း‌ရေးမှူး ဦးဦးလှ‌စောက ‌ပြောသည်။

ထိုနည်းတူ သျှမ်းစာ‌ပေကို ‌ကျောင်းချိန်အတွင်း သင်ကြားခွင့်ရနိုင်ရန်နှင့် သျှမ်းစာ‌ပေအ‌နေနှင့် သင်ရိုးညွှန်းတမ်းတခုတည်းဖြစ်‌အောင် သျှမ်းစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီတို့က ကြိုးပမ်းလျှက်ရှိသည်။

ပြီးခဲ့သည့် ‌မေလကလည်း တိုင်းရင်းသားစာ‌ပေ သင်ကြား‌ရေးနှင့် ပတ်သက်ပြီး အ‌ခြေခံပညာမူလတန်းအဆင့်တွင် တိုင်းရင်းသားစာ‌ပေကို ‌ကျောင်းချိန်ပြင်ပတွင် သင်ကြားခွင့်ပြုမည်ကို ပညာ‌ရေးဌာန ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာမြ‌အေးက တိုင်းရင်းသားဘာသာ သင်ကြား ‌ရေး အစည်းအ‌ဝေးတရပ်တွင် ‌ပြောဆိုခဲ့သည်။