Home သတင်း KNU တပ်မဟာ(၄)တွင် တပ်သားများ သွားလာလှုပ်ရှားရန် ခက်ခဲ‌နေ

KNU တပ်မဟာ(၄)တွင် တပ်သားများ သွားလာလှုပ်ရှားရန် ခက်ခဲ‌နေ

3633
ဩဂုတ်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (ကရင်သတင်းဌာန)

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိထားခဲ့‌သော်လည်း ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ KNU တပ်မဟာ(၄)နယ်‌မြေတွင် တပ်သားများအ‌နေဖြင့် ယခင်အတိုင်း သွားလာလှုပ်ရှားရန် မလွယ်ကူ‌တော့ ‌ကြောင်း သိရသည်။

အမည်မ‌ဖော်လိုသူ KNU တပ်မဟာ(၄) မှ တပ်မှူးတစ်ဦးက “ကရခ(ကမ်းရိုးတန်းစစ်ဌာနချုပ်)က‌တော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှား‌နေ ကြသလို စစ်‌ရေးအရ ကြိုတင်ပြင်ဆင်မှု‌တွေကိုလည်း အဆက်မပြတ် လုပ်‌ဆောင်‌နေတာကို ‌တွေ့‌နေရပါတယ်။ ကျ‌နော်တို့ ‌ကေအဲန်ယူ တပ်‌တွေကျ‌တော့ စစ်‌ရေးအရ ကြိုတင်ပြင်ဆင်မှု‌တွေလုပ်ဖို့မ‌ပြောနဲ့ တစ်‌နေရာက‌နေ အခြားတစ်‌နေရာကို‌ရွှေ့ဖို့ကို‌တောင် ‌တော်‌တော် အခက်အခဲ ‌တွေ့‌နေရပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ကရခ ကွပ်ကဲမှု‌အောက် တပ်ရင်းနယ်‌မြေထဲကို ဝင်လာပါက ကြိုတင်အ‌ကြောင်းကြားရမည်ဖြစ်ပြီး ရိက္ခာမ‌တောင်းရ၊ အခွန်မ ‌ကောက်ရ၊ ယူနီ‌ဖောင်းမဝတ်လာရ၊ လက်နက်မယူလာရ၊ စည်းရုံး‌ရေးမလုပ်ရ၊ လူသစ်မစု‌ဆောင်းရ၊ သတ်မှတ်ထားသည့်‌နေရာထက် ပိုမ ဝင်လာရစသည့် တားမြစ်ချက်များနှင့်လည်း ရင်ဆိုင်‌နေရ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အပစ်အခတ်ရပ်စဲ‌ရေးမယူခင်က ‌ကေအဲန်ယူတပ်သားများအ‌နေဖြင့် မိမိတို့‌ဒေသတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သလို ပြည်သူနှင့် လည်း လွတ်လွတ်လပ်လပ် ‌တွေ့ဆုံနိုင်သည်ဟု ဆိုသည်။

ကရခ(ကမ်းရိုးတန်းစစ်ဌာနချုပ်)တပ်ရင်းများမှ ချမှတ်ထား‌သော တားမြစ်ချက်များနှင့် ပတ်သက်၍ KNU တပ်မဟာ(၄) ဘိတ်-ထားဝယ် ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်းကို ‌မေးမြန်းကြည့်ရာ ထိုတားမြစ်ချက်များ ချမှတ်ထားသည်ကို မသိရှိရ‌ကြောင်း ‌ပြောသည်။

ပဒိုကွယ်ထူးဝင်းက “ကျ‌နော်တို့က‌တော့ ဘာမှမကြားမိပါဘူး။ ရိက္ခာ‌တောင်းတယ်ဆိုရင်လည်း ပြည်သူ‌တွေပဲ ဒုက္ခ‌ရောက်မှာဆို‌တော့ ကျ‌နော်တို့မ‌တောင်းပါဘူး။ ယူနီ‌ဖောင်းဝတ်ပြီး ‌သေနတ်ကိုင်ပြီး ရွာထဲနဲ့ မြို့‌တွေမှာသွားလာရင်‌တော့ ‌ကေအဲန်ယူမှ မဟုတ်ပါဘူး။ စစ်တပ် ကိုလည်း ‌ဒေသခံ‌တွေက မကြိုက်တာပါ။ ကိုယ့်‌မြေထဲမှာဆိုရင်‌တော့ လွတ်လွတ်လပ်လပ်ပဲ သွားပါတယ်”ဟု ‌ပြောသည်။

တစ်ဆက်တည်းမှာပင် ကရင်အမျိုးသားအစည်းအရုံး(KNU)အ‌နေဖြင့် အစိုးရနယ်‌မြေ၊ KNU နယ်‌မြေဟူ၍ တိတိကျကျ သတ်မှတ်ထား ခြင်းမျိုးလည်း မရှိသဖြင့် မိမိတို့အ‌နေဖြင့် လွတ်လပ်စွာ သွားလာ၍ရ‌ကြောင်းလည်း ပဒိုကွယ်ထူးဝင်းက ဆက်‌ပြောသည်။

တနသင်္ာရီတိုင်းအတွင်း အစိုးရ လက်‌အောက်ခံတပ်ရင်း‌ပေါင်း ၄၆တပ်ရင်းရှိပြီး KNU တပ်မဟာ(၄)မှ တပ်ရင်း ၄ရင်းနှင့် ကရင်အမျိုးသား ကာကွယ်‌ရေးအဖွဲ့အစည်း(KNDO)မှ တပ်ရင်း ၁ရင်းတို့ အ‌ခြေစိုက်လှုပ်ရှားလျှက်ရှိသည်။