Home သတင်း မိုးများလွန်း၍ ပန်းတ‌နော်မှ ကွမ်းခြံစိုက်‌တောင်သူများ အခက်ကြုံ

မိုးများလွန်း၍ ပန်းတ‌နော်မှ ကွမ်းခြံစိုက်‌တောင်သူများ အခက်ကြုံ

1486
ဩဂုတ်လ ၄ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (ကရင်သတင်းဌာန)

မိုးများ အဆက်မပြတ် ရွာသွန်းပြီး မြစ်‌ရေကြီးမှုတို့‌ကြောင့် ဧရာဝတီတိုင်း ပန်းတ‌နော်အ‌ရှေ့ပိုင်းရှိ ကွမ်းခြံခုံများ ‌ရေနှစ်မြှပ်သဖြင့် ကွမ်းစိုက် ‌တောင်သူများမှာ စားဝတ်‌နေ‌ရေး အခက်အခဲ ကြုံဆုံ‌နေရသည်ဟု ‌ဒေသခံများက ကရင်သတင်းဌာနကို ‌ပြောသည်။

‌ကျောင်း‌တော်‌ကျေးရွာရှိ ခရစ်ယာန်‌ကျောင်းထိုင်ဆရာ‌တော် မန်းမြင့်ထူးက “ကျ‌နော်တို့ရွာဘက်မှာ ဆိုးတာက ကမ်းပြိုလို့ ရွာ‌နောက်ဆုတ် ရတဲ့အပြင် ကွမ်းခြံ‌တွေကလည်း တစ်ခုမကျန် မြုပ်ကုန်တယ်‌လေ။ ဒီနှစ်က ‌လေပြင်းပါ ပါတယ်။ ဒီ‌တော့ ကွမ်းခြံ‌တွေ လဲကုန်တာ။ ကွမ်းခြံ မလဲရင် ‌ရေမြုပ်ကွမ်း‌လောက်‌တော့ ခူး‌ရောင်းလို့ ရ‌သေးတာ‌လေ”ဟု ‌ပြောသည်။

ထို့အပြင် ‌ကျောင်း‌တော်ရွာအနီးရှိ ‌တော‌ကျောင်းရွာမှ ကွမ်းခြံများမှာလည်း တစ်ဝက်စီ ‌ရေနစ်မြုပ်‌နေပြီး ‌တောင်သူအများစုမှာ လုပ်ငန်းအ တွက် ရင်းနှီး‌ငွေကို အတိုးဖြင့် ‌ချေးယူ၍ စိုက်ပျိုးထားကြရသဖြင့် ပျက်စီးသည့် ကွမ်းများအစား ထပ်မံ စိုက်ပျိုးရန် လာမည့် ‌အောက်တို ဘာ၊ နိုဝင်ဘာလများတွင် ‌ချေးယူ၊ စိုက်ပျိုးခြင်းများ လုပ်‌နေကြရသည်ဟု သိရသည်။

‌တော‌ကျောင်းရွာသား မန်းမင်း‌ဇော်ဦးက “ရွာမှာ‌တော့ ဒီကွမ်းနဲ့ပဲ အသက်‌မွေးကြတာ‌လေ။ မိုးက ‌လေပါ‌တော့ ဆိုးတယ်ဗျ။ တက်‌ရေက လည်း ကျသွားတယ် မရှိဘူး။ အချို့က ခုံတစ်ဝက် ကျန်လို့ ထမင်းစားဖို့ ရ‌သေးတယ်။ တချို့က‌တော့ အားလုံးမြှုပ်ကုန်တာ‌လေ။ ငါးရှာ ဖားရှာထွက်တာကလည်း ဟင်းစားပဲ ရတာပါ”ဟု ဆိုသည်။

ပန်းတ‌နော်မြို့နယ်အတွင်းရှိ ကွမ်း‌တောင်သူများမှာ ကွမ်းညွှန့် ၁,၀၀ဝကို ‌ငွေကျပ် ၃၀,၀၀ဝဖြင့် ‌ပေးဝယ်ရပြီး ကွမ်းခြံခုံတစ်ခုလျှင် အနည်း ဆုံး ကျပ် ၅သိန်းမှ ၁၅သိန်းထိ ရင်းနှီး‌ငွေရှိ‌ကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်းတွင် ပန်းတ‌နော်၊ ‌ကျောင်းကုန်းနှင့် ‌မြောင်းမြ‌ဒေသများမှ ကွမ်းများအနက် ပန်းတ‌နော်ကွမ်းမှာ ‌ဈေးအမြင့်ဆုံး ဖြစ်‌သော် လည်း ယင်းသို့ ‌ရေမြုပ်သည့် ကွမ်းခြံများမှ ထွက်ရှိလာ‌သော ကွမ်းရွက်များမှာ ကြာရှည်မခံသဖြင့် ‌ဈေးကွက်တွင် ‌ဈေး‌ကောင်းမရရှိ ‌ကြောင်း ကွမ်းကုန်သည်များက ‌ပြောဆိုသည်။

“ပန်းတ‌နော်ကွမ်းက လတ်တ‌လော အချိန်တစ်ဆယ်(၁ဝ ပိဿာ)ကို ‌လေး‌သောင်းခွဲ ‌ဈေး‌ပေါက်တယ်။ ‌နောက်ပိုင်းမှာ ၇‌သောင်းက‌နေ ၈‌သောင်းအထိ ရှိနိုင်တယ်”ဟု ပန်းတ‌နော်မြို့ရှိ ကျွန်း‌ပေါ်သား ကွမ်းဒိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

၎င်း‌ဒေသတွင် မြစ်ကမ်းပြိုခြင်း၊ ‌ရေမြုပ်ခြင်းများ နှစ်စဉ်လိုလို ဖြစ်‌လေ့ရှိ‌သော်လည်း မည်သည့်လူမှု‌ရေးအဖွဲ့များ၊ နိုင်ငံ‌ရေးပါတီများမှ လာ ‌ရောက်ကူညီခြင်း မရှိ‌ကြောင်း သိရသည်။