Home သတင်း ဖားအံမြို့ ‌ရေ‌ဘေးဒုက္ခသည် ၆,၀၀ဝဦးရှိ‌နေပြီဟု ပြည်နယ်ဝန်ကြီး ချုပ်‌ပြောဆို

ဖားအံမြို့ ‌ရေ‌ဘေးဒုက္ခသည် ၆,၀၀ဝဦးရှိ‌နေပြီဟု ပြည်နယ်ဝန်ကြီး ချုပ်‌ပြောဆို

1841
ဩဂုတ်လ ၇ရက်၊၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

‌ရေကြီးမှု‌ကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌ရေ‌ဘေးဒုက္ခသည် စုစု‌ပေါင်း ၆၀၀ဝနီးပါးရှိ‌နေပြီဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော် မင်းက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုလိုက်သည်။

“အခုဆို ဖားအံက ကယ်ဆယ်‌ရေးစခန်း ၈ခုမှာ ‌ရေ‌ဘေးဒုက္ခသည်‌တွေ ငါး‌ထောင်‌ကျော် ‌ခြောက်‌ထောင်နီးပါးရှိ‌နေပြီ။ ဒါက သံလွင်အ ‌နောက်ဘက်ကမ်းက ဒုက္ခသည်‌တွေပါ အပါအဝင်‌ပေါ့”ဟု ဆိုသည်။

သံလွင်မြစ်‌ရေလျှံသည့်အတွက် မြစ်အ‌ရှေ့ဘက်ခြမ်းရှိ ဖားအံမြို့နှင့် အ‌နောက်ဘက်ခြမ်းရှိ ‌ကျေးရွာအချို့တွင်ပါ ယာယီ ‌ရေ‌ဘေးကယ် ဆယ်‌ရေးစခန်းများ ဖွင့်လှစ်ထားရခြင်းဖြစ်ပြီး သံလွင်အ‌နောက်ဘက်ရှိ ကယ်ဆယ်‌ရေးစခန်းငယ်တွင် ‌ရေ‌ဘေးဒုက္ခသည် ၂၀၀‌ကျော်ရှိ ‌ကြောင်း ဝန်ကြီးချုပ်၏ ‌ပြောပြချက်အရ သိရသည်။

ဇူလိုင်လ ၂၉ရက်‌နေ့ကတည်းက ‌နေအိမ်များ ‌ရေနှစ်မြုပ်သည့် ပြည်သူများကို ‌ရွှေ့‌ပြောင်း‌နေရာချထား‌ပေးခဲ့ပြီး လက်ရှိအချိန်တွင် ယာယီ ကယ်ဆယ်‌ရေးစခန်းများရှိ ‌ရေ‌ဘေးဒုက္ခသည်များကို ပြည်နယ်၊ မြို့နယ်အဆင့် ဆရာဝန်၊ သူနာပြုများသာမက တပ်မ‌တော် ‌ဆေးတပ်မှ လည်း ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများ ပြုလုပ်‌ပေး‌နေခြင်း ဖြစ်သည်။

ထို့အပြင် World Food Program – WFP မှလည်း ဖားအံ‌ရေ‌ဘေးဒုက္ခသည်များအတွက် ဆန်အိတ်များ လာ‌ရောက်လှူဒါန်း‌ပေးခဲ့ပြီး အစိုး ရအဖွဲ့များမှ အိုးခွက်ပန်းကန်၊ ‌စောင်၊ ခြင်‌ထောင်များနှင့် ကြက်ဥ၊ ငါး‌သေတ္တာ၊ ‌ခေါက်ဆွဲ‌ခြောက်များကို ‌ဝေငှ‌ပေးခဲ့သည်ဟုလည်း သိရ သည်။

ဖားအံမြို့တွင် ရပ်ကွက် ၉ခုရှိရာ ‌ရေကြီးသည့်ရပ်ကွက်များမှာ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၅)ရပ်ကွက်များမှ ‌မြေနိမ့်ပိုင်းများ၌ ဖြစ် ပြီး ယခုရက်ပိုင်းအတွင်း ‌ရေကျ‌နေပြီဖြစ်‌သော်လည်း ဒုက္ခသည်များ၏ ‌ရေမြုပ်‌နေသည့် ‌နေအိမ်များမှာ ပြန်လည်‌နေထိုင်နိုင်သည့် အ‌ခြေအ ‌နေမရှိ‌သေးသလို ၎င်းတို့ပြန်လည်‌နေထိုင်သည့်အခါ ‌နေအိမ်တွင် တစ်ပတ်စာ စားနပ်ရိက္ခာကို ‌ပေး‌ဝေသွားမည်ဖြစ်‌ကြောင်း ဦး‌ဇော်မင်းက ‌ပြောဆိုသည်။

မြို့၏ သံလွင်မြစ်ကမ်းနံ‌ဘေးတွင် ‌နေထိုင်သူမြို့ခံတစ်ဦးက “‌ရေက‌တော့ ‌လော‌လောဆယ် ကျ‌နေပါတယ်။ ဒါ‌ပေမဲ့ ထပ်တက်လာအုံးမ လား‌တော့ မ‌ပြောတတ်‌သေးဘူး။ ဒီနှစ်က ဝါထပ်‌တော့ ဝါ‌ခေါင်လအထိ မိုးက များအုံးမှာပဲ‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် ဖားအံမြို့သာမက လှိုင်းဘွဲ၊ ကမ‌မောင်း၊ ‌ရွှေဂွန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်လည်း ‌ရေကြီးလျက်ရှိပြီး ကျန် မြို့နယ်များတွင်မူ ကယ်ဆယ်‌ရေးစခန်းများ ဖွင့်လှစ်ရသည့် အ‌နေအထားမရှိ‌ကြောင်း သိရသည်။