Home သတင်း ကားတိုက်‌သေဆုံးသူ မြန်မာ အလုပ်သမားတစ်ဦး ဥပ‌ဒေအရ ရင်ဆိုင်ခွင့်ဆုံးရှုံး

ကားတိုက်‌သေဆုံးသူ မြန်မာ အလုပ်သမားတစ်ဦး ဥပ‌ဒေအရ ရင်ဆိုင်ခွင့်ဆုံးရှုံး

1664
ဩဂုတ်လ ၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့အနီးရှိ ဆူဖန်ဘူရီတွင် ဩဂုတ်လ ၁ရက်‌နေ့က မ‌တော်တဆ ကားတိုက်မှု ဖြစ်ပွားကာ ‌သေဆုံးခဲ့သည့် မြန်မာ အလုပ်သမား ‌မောင်ဝင်းနိုင် ၃၃နှစ်အတွက် ၎င်း၏ အလုပ်ရှင်နှင့် ထိုင်းအာဏာပိုင်များက မည်သည့်အ‌ရေးတယူ လုပ်‌ဆောင်‌ပေးခြင်း မရှိ ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

‌သေဆုံးသူ၏ ညီ ‌မောင်‌နေ‌ဇော်‌ဌေးက “အကို့သူ‌ဌေးက ဒီကိစ္စနဲ့ပတ်သက်ပီး‌တော့ ဘာမှ အ‌ထောက်အထားမရှိ‌တော့ သူတို့ ဘာမှ မလုပ် တတ်ဘူးလို့ပဲ ‌ပြောတယ်။ ရဲစခန်းသွား‌ပြော‌တော့လည်း သူတို့က ဗမာပြည်သားဖြစ်‌တော့ မလုပ်‌ပေးတတ်ဘူးတဲ့။ အဲလိုပဲ‌ပြောတယ်”ဟု ‌ပြောသည်။

ဆက်လက်၍ သူက “ကျ‌နော့်အကိုက ‌ရေခဲဆိုင်မှာ အလုပ်လုပ်ပါတယ်။ အလုပ်ပြီးချိန် ည‌နေပိုင်းမှာ ကားတိုက်သွားတာလို့ပဲ သိရတယ်။ ကျ‌နော်တို့ ‌ဆေးရုံလိုက်သွား‌တော့ အကိုဆုံး‌နေပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အခင်းဖြစ်ပွားသည့် ည‌နေတွင် ‌သေဆုံးသူ၏သ‌ဌေးက ‌မောင်‌နေ‌ဇော်‌ဌေးအား အကိုဖြစ်သူ၏ နိုင်ငံကူးလက်မှတ် (Passport) နှင့် အလုပ် သမားလက်မှတ် (Work permit)တို့ကို‌တောင်း၍ ‌မောင်ဝင်းနိုင် ကားတိုက်ခံရ‌ကြောင်း‌ပြောပြပြီး မည်သည့်အ‌ရေးကိုမှ လုပ်‌ဆောင်‌ပေး ခြင်းမရှိ‌ကြောင်းလည်း ‌မောင်‌နေ‌ဇော်‌ဌေးက ‌ပြောသည်။

ထိုကိစ္စကို အကူညီ‌ပေး‌နေသည့် ဘန်‌ကောက်ရှိ Federation of Trade Union-Burma (FTUB)မှ ကို‌ကျော်မြင့်က “အခု ကျ‌နော် တိုက်သွားတဲ့အချိန်မှာ မြင်တဲ့သက်‌သေ‌တွေရယ်၊ ‌နောက်ပြီး ဘယ်လိုကားမျိုးက တိုက်သွားလဲဆိုတာ သူတို့ကို ပြန်ရှာခိုင်းထားတယ်။ သူတို့ဆီက အချက်အလက် အစုံအလင်ရပြီးမှ ကျ‌နော်တို့ ‌ရှေ့‌နေ‌တွေနဲ့ တိုင်ပင်ပြီး‌တော့မှ လုပ်လို့ရပါမယ်။”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားတစ်ဦးမှ လုပ်ငန်းခွင်၌ ထိခိုက်‌သေဆုံးသည်ဆိုပါက အလုပ်ရှင်အ‌နေဖြင့် ဘတ်‌ငွေတစ်သိန်းထက်မနည်း နစ်နာ‌ကြေးအဖြစ် ‌ပေး‌ဆောင်ရ‌သော်လည်း ယခုလို လုပ်ငန်းခွင်ပြင်ပမှ ဖြစ်ပွားသည့် ‌သေဆုံးမှုများကိုမူ အလုပ်ရှင်မှ တာဝန်ယူ‌ပေးရမည့် ဥပ‌ဒေမရှိသည့်အတွက် မလုပ်‌ဆောင်‌ပေးတတ်‌ကြောင်း ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌ရေးကို အကူညီ‌ပေး‌နေသည့် မဲ‌ဆောက်အ‌ခြေ စိုက် ‌ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ဥပ‌ဒေ‌ရေးရာတာဝန်ခံ ကို‌ထွေးနိုင်က ‌ကေအိုင်စီသို့ ရှင်းပြခဲ့သည်။

‌သေဆုံးသူ ‌မောင်ဝင်းနိုင်မှာ ကရင်ပြည်နယ် မြိုင်ကြီးငူ‌ဒေသတွင် ‌နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွား‌ရောက်လုပ်ကိုင်‌နေသည်မှာ ၁ဝနှစ် ရှိပြီဖြစ်ပြီး ၎င်း၏ရုပ်အ‌လောင်းကို ဩဂုတ်လ ၆ရက်‌နေ့၊ ည‌နေ ၄နာရီတွင် ဆူဖန်ဘူရီရှိ ဝပ်ပလို့ ဘုန်းကြီး‌ကျောင်း၌ မီးသဂြိင်္ုလ်ခဲ့သည်။

လွန်ခဲ့သည့်နှစ် အနည်းငယ်ကလည်း ဘန်‌ကောက်မြို့တွင် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဘတ်စ်ကား‌ပေါ်မှ မ‌တော်တဆ ပြုတ် ကျ‌သေဆုံးသွားခဲ့ပြီး သူမအတွက် ‌လျော်‌ကြေးရရှိ‌ရေး ဘန်‌ကောက်အ‌ခြေစိုက် ပြည်ပ‌ရောက်‌ရွှေ့‌ပြောင်းကရင်များ လူမှု‌စောင့်‌ရှောက်‌ရေး အဖွဲ့-OKRSO မှ လိုက်လံ‌ဆောင်ရွက်‌ပေးနိုင်ခဲ့သည်။