Home သတင်း ကြာအင်းဆိပ်ကြီးတွင် အိမ်‌ခြေ ၁၀၀‌ကျော် ‌ရေနှစ်မြုပ်

ကြာအင်းဆိပ်ကြီးတွင် အိမ်‌ခြေ ၁၀၀‌ကျော် ‌ရေနှစ်မြုပ်

1514
ဩဂုတ်လ ၇ ရက်၊ ၂၀၁၂ ခုှနှစ်။ ဖိုးခွါး‌လေး (ကရင်သတင်းဌာန)

ကရင်ပြည်နယ် ကြာအင်းဆိ်ပ်ကြီးမြို့တွင် မိုးရွာသွန်းမှုများသဖြင့် ‌ရေကြီးမှုဖြစ်ကာ အိမ်‌ခြေ ၁၀၄လုံးရှိ‌သော အမှတ် (၆) ရပ်ကွက်တစ်ခု လုံး ‌ရေနစ်မြှုပ်သွားသည်ဟု သိရသည်။

ရပ်ကွက်‌ပေါင်း ၆ခုရှိသည့် ကြာအင်းဆိပ်ကြီးမြို့တွင် အမှတ် (၆) ရပ်ကွက်မှာ ‌မြေနိမ့်ပိုင်း ဖြစ်‌နေ‌သော‌ကြောင့် ‌ရေကြီးမှုဖြစ်လျှင် ၎င်းရပ် ကွက်သည်သာ ဦးစွာ ‌ရေနစ်မြှုပ်ခံရခြင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့ခံအမျိုးသမီးက “‌ရေက နည်းနည်းကြီး‌နေတယ်။ မ‌နေ့ကဆို ၃၂လက်မရှိပြီး‌တော့ ဒီ‌နေ့ဆိုရင် ၂လက်မကျတယ်။ ၃ဝ ‌ပေါ့။ ဒါ‌ပေမဲ့ ဒီ‌နေ့ တစ်‌နေ့လုံး မိုးအဆက်မပြတ်ရွာ‌တော့ ကြည့်ရတာ ပြန်ပြီး‌တော့တက်မယ့်သ‌ဘောပဲ”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောဆို သည်။

‌ရေ‌ဘေးဒဏ်ခံရသူများကို ကုန်းမြင့်ပိုင်းရှိရာ ရာဘာခြံတစ်ခုတွင် ယာယီအဖြစ် တဲထိုး‌နေရာချထား‌ပေး‌သော်လည်း ‌သေ‌ကြေပျက်စီးမှု မရှိ ‌ကြောင်း သိရသည်။ ယခုလို ‌ရေကြီးမှု‌ဘေးဒဏ်ခံရ‌သော အမှတ် ၆ရပ်ကွက်တွင် အိမ်‌ထောင်စု ၁၁၂စု၊ လူဦး‌ရေ‌ပေါင်း ၄၇၅ဦး‌နေထိုင် လျှက်ရှိသည်။

‌ရေ‌ဘေးဒုက္ခသည်များအတွက် စားဝတ်‌နေ‌ရေးကို ‌ကျောင်းသားလူငယ်များ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်များ၊ ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ် ဖများ၊ (WFP) – world food program အဖွဲ့များနှင့် သတ္တုတွင်းဝန်ကြီး ဦး‌ဆော‌လောလလည်း လာ‌ရောက်ကူညီ‌ပေး‌နေသည်ဟု သိရ သည်။