Home သတင်း မြဝတီခရိုင်၊ နို့ဖိုး‌ကျေးရွာမှ စစ်‌ရေးပြ ပါဝင်သည့် ကရင့်အာဇာနည်‌နေ့ အခမ်းအနား

မြဝတီခရိုင်၊ နို့ဖိုး‌ကျေးရွာမှ စစ်‌ရေးပြ ပါဝင်သည့် ကရင့်အာဇာနည်‌နေ့ အခမ်းအနား

1587
ဩဂုတ်လ ၁၂ရက်။ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ယ‌နေ့ကျ‌ရောက်သည့် ၆၂နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့၌ ကရင်ပြည်နယ် မြဝတီမြို့နယ် နို့ဖိုး‌ကျေးရွာတွင် မြို့နယ်အဆင့် ကရင်အမျိုး သားအစည်းအရုံး-KNU တပ်မဟာ(၆)က စစ်‌ရေးပြအခမ်းအနားနှင့်အတူ ယ‌နေ့ မနက် ၇နာရီမှ ၁ဝနာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

KNU အဖွဲ့ဝင်များ အပါအဝင် နို့ဖိုး၊ ထီးမူးထာ့နှင့် မဲ့ကနဲ ‌ကျေးရွာသုံးတို့မှ လူထုပရိဿတ် ၄၀ဝဦးခန့် တက်‌ရောက်ခဲ့သည့် ယင်းအခမ်းအ နားတွင် ပထမဦးဆုံး စစ်‌ရေးပြ အစီအစဉ် ပြုလုပ်ခွင့်ရခြင်းလည်းဖြစ်သည်ဟု KNU တပ်မဟာ(၆) အထူးစစ်‌ကြောင်းမှူး ဗိုလ်ကြီးလှမင်းက ‌ပြောသည်။

ဗိုလ်ကြီးလှမင်းက “အပစ်ရပ်ကာလဖြစ်လို့ ကျ‌နော် ဒီနို့ဖိုးရွာမှာ စစ်‌ရေးပြအခမ်းအနားနဲ့ လုပ်နိုင်ခဲ့တာ သိပ်‌ကောင်းပါတယ်။ မျိုးချစ်စိတ်နဲ့ အမျိုးသား‌ရေးစိတ် နိုးကြား‌ရေးအတွက်လည်း ဖြစ်တာ‌ပေါ့။ အရင်တုန်းကဆိုရင် အခုလို အာဇာနည်‌နေ့မှာ စစ်‌ရေးပြတာ ‌တောတွင်းမှာ လုပ်တဲ့အခါမှာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် KNU တပ်မဟာ(၃)မှ ‌ညောင်‌လေးပင်ခရိုင် စည်းရုံး‌ရေးဌာန တာဝန်ခံ ‌စောပိုပိုထူး‌အောင်နှင့် ကရင်လူငယ်အစည်းအရုံး(KYO) ဒုဥက္ကဌ ‌စောအဲ့ကလူ‌စေးတို့လည်း အခမ်းအနားသို့ တက်‌ရောက်ခဲ့ပြီး လူထုပရိဿတ်များအား အား‌ပေးစကား ‌ပြောကြားခဲ့သည်။

ကရင့်အာဇာနည်‌နေ့ကို တက်‌ရောက်ခဲ့သည့် မဲ့ကနဲမှ လူငယ်တဦးက “နို့ဖိုးမှာ လုပ်ဖူးတဲ့ အာဇာနည်‌နေ့မှာ အခု ကျ‌နော် ပထမဆုံး တက် ‌ရောက်ခဲ့တာပါ။ အရမ်းဂုဏ်ယူမိပါတယ်။ အာဇာနည်‌နေ့ပတ်သက်ပြီး ‌ခေါင်း‌ဆောင်‌တွေရဲ့ ‌ပြောစကားကြားရ‌တော့ ဗဟုသုတ‌တွေ အများ ကြီး တိုးပွားလာတယ်”ဟု ‌ပြောသည်။

အခမ်းအနားတွင် ကရင့်အမျိုးသားအတွက် အသက်‌ပေးသွားကြသူများကို ‌အောက်‌မေ့ဂုဏ်ပြုသည့်အ‌နေဖြင့် ကရင့်အလံ‌တော်ကို တိုင် တစ်ဝက်ချထားခြင်း၊ ‌ခေါင်း‌ဆောင်များ စစ်‌ရေးပြ စစ်သည်များနှင့် မြန်မာအစိုးရ စစ်တပ်‌ကြောင့် ခင်ပွန်း၊ ဇနီး ‌သေဆုံးပြီး ကျန်ရစ်ခဲ့သူများ အား ပန်းကုံးစွပ်‌ပေးခြင်းနှင့် အာဇာနည်‌ကျောက်တိုင်တွင် လွမ်းသူ့ပန်း‌ခွေချခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့သည်။

နို့ဖိုးရွာတွင် ကရင်အာဇာနည်‌နေ့ကို နှစ်စဉ် ပြုလုပ်လာခဲ့သည်မှာ ယခုဆိုလျှင် ၁၃ကြိမ်‌မြောက်ရှိပြီး ဖြစ်ပြီး ယခုနှစ်တွင် အာဇာနည်‌နေ့ မတိုင်မီ ဩဂုတ်လ ၁၁ရက်‌နေ့တွင် လူငယ်‌မောင်မယ်များ၏ သီချင်းဆိုပြိုင်ပွဲ၊ ‌ဘောလုံးအားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့သည်။

အလားတူ ကရင့်အမျိုးသား အာဇာနည်‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေတွင်လည်း‌ကောင်း၊ ကလို့ထူး‌ဘောကရင် အစည်းအရုံး(KKO)နှင့် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(DKBA)နယ်‌မြေ မြဝတီခရိုင် ‌ကော်သူးမွဲခီး(ဆုံဆည်းမြိုင်)‌ကျေးရွာတွင် လည်း‌ကောင်း ပြုလုပ်ခဲ့ကြရာ လူပရိဿတ် ‌ထောင်နှင့်ချီ၍ တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့(KNDO)မှ ဖွင့်လှစ်ထားသည့် ‌ကော်သဘ‌လေး‌ကျောင်းတွင် ၆၂နှစ် ‌မြောက် ကရင့်အမျိုးသားအာဇာနည်‌နေ့ကို ကျင်းပခဲ့ကြပြီး ‌ကော့ကရိတ်မြို့နယ်၊ တပ်မဟာ(၆)နယ်‌မြေတွင် ကျင်းပသည့် အခမ်းအနားသို့ ၈၈မျိုးဆက်‌ကျောင်းသားများဖြစ်ကြသည့် ကိုမြ‌အေးနှင့် ကို‌ဌေးကြွယ်တို့ တက်‌ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။