Home သတင်း မြဝတီမြို့နယ်ရှိ ကရင်လူငယ် ၁၀၀‌ကျော်နှင့် KYO ပထမဆုံး အကြိမ် နှီး‌နှောဖလှယ်

မြဝတီမြို့နယ်ရှိ ကရင်လူငယ် ၁၀၀‌ကျော်နှင့် KYO ပထမဆုံး အကြိမ် နှီး‌နှောဖလှယ်

1602
ဩဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

လူမှုအသိုင်းအဝိုင်းနှင့် အမျိုးသား‌ရေးတွင် ကရင်လူငယ်များ ပါဝင်ပူး‌ပေါင်း‌ဆောင်ရွက် တတ်လာ‌စေရန် ရည်ရွယ်၍ ကရင်လူငယ်အစည်း အရုံး-KYO က မြဝတီမြို့နယ်ရှိ နို့ဖိုးရွာ၌ ကရင်လူငယ် ၁၀၀‌ကျော်နှင့် ဩဂုတ်လ ၁၁ရက်‌နေ့က ပထမဆုံးအကြိမ် ‌တွေ့ဆုံခဲ့သည်။

‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်သည့် KYO ဒုဥက္ကဌ ‌စောအဲ့ကလူ‌စေးက “အရင်ကဆို ဒီလို‌နေရာ‌တွေမှာ လူငယ်နဲ့‌တွေ့ဆုံဖို့ ခက်တယ်။ ဒါ‌ပေမယ့် အခုလို အပစ်ရပ်စဲ‌ရေးကာလမှာ ဒီလူငယ်‌မောင်မယ်‌တွေနဲ့ ‌တွေ့ဆုံခွင့်ရတာ ဝမ်းသာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နို့ဖိုးရွာ နှစ်ခြင်းခရစ်ယာန်ဘုရား‌ကျောင်းခမ်းမ၌ ပြုလုပ်ခဲ့သည့် ၎င်းနှီး‌နှောဖလှယ်ပွဲတွင် နို့ဖိုး၊ ထီးမူးထာ့နှင့် မဲ့ကနဲ‌ကျေးရွာများမှ လူငယ် များ တက်‌ရောက်ခဲ့ကြပြီး “ကရင်လူငယ်နှင့် အမျိုးသား‌ရေး” ‌ခေါင်းစဉ်ဖြင့် ညဘက်တွင် အချိန်တစ်နာရီနီးပါး ‌ဆွေး‌နွေးဖလှယ်ခဲ့ကြခြင်း ဖြစ်သည်။

နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သူ လူငယ်တဦးက “ဒီလို နှီး‌နှောဖလှယ်ပွဲ‌တွေ လာလုပ်‌ပေးတာ ‌ကောင်းတယ်။ ဖြစ်နိုင်ရင် ထပ်ပြီး လာလုပ် ‌ပေးဖို့ ‌မျှော်လင့်တယ်။ ဘာဖြစ်လဲဆို‌တော့ တိုင်းပြည်ငြိမ်းချမ်း‌ရေးနဲ့ လွတ်‌မြောက်မှုရဖို့ဆိုရင် ကျ‌နော်တို့လူငယ်‌တွေဟာ အမျိုးသား‌ရေး စိတ်ဓါတ်ကို သိရှိဖို့လိုအပ်တယ်”ဟု ‌ပြောသည်။

သို့‌သော် ယင်း‌ဒေသရှိ လူငယ်များသည် ဖိနှိပ်မှုနှင့် အ‌ကြောက်တရားများ‌အောက်တွင် ကြီးပြင်းလာခဲ့ရပြီး အများအားဖြင့် ပညာ‌ရေးအ ဆင့်အတန်း နိမ့်ကျ‌နေ‌သေးခြင်းတို့‌ကြောင့် အပြန်အလှန် ‌ဆွေး‌နွေးမှု၌ အားနည်း‌နေ‌သေးသည်ကို ‌တွေ့ရ‌ကြောင်း KYO တာဝန်ခံများက သုံးသပ်‌ပြောဆိုသည်။

“‌နောက်ဆက်တွဲအ‌နေနဲ့ အခုလို ‌ဆွေး‌နွေးပွဲမျိုးကို ထပ်လုပ်ဖို့ ရှိတယ်။ ဒါ့အပြင် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)ခုအတွင်းမှာ အလားတူ လူငယ်နှီး‌နှောဖလှယ်ပွဲမျိုးကို ဆက်လုပ်သွားဖို့ ‌ကေဝိုင်အိုထဲက အဖွဲ့ဝင်‌တွေနဲ့ ဆက်ပြီး တိုင်ပင်သွားမယ်”ဟု ‌စောအဲ့ကလူ‌စေး က ‌ပြောသည်။

၎င်းနှီး‌နှောဖလှယ်ပွဲတွင် ‌ကေဝိုင်အို တွဲဖက်အတွင်း‌ရေးမှူး ‌စောဂျစ်ပစီ၊ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆)မှ ‌ခေါင်း‌ဆောင် အချို့နှင့် တပ်မဟာ(၃)မှ ‌ညောင်‌လေးပင်ခရိုင် စည်းရုံး‌ရေးဌာန တာဝန်ခံ ‌စောပိုပိုထူး‌အောင်တို့က လူငယ်များနှင့်အတူ ပါဝင်‌ဆွေး‌နွေးခဲ့ ကြသည်။