Home သတင်း တပ်မ‌တော်တန်းမြင့်‌ကျောင်းအုပ် ထုတ်‌ပေးမည့် ‌တောင်ယာလုပ်ခွင့် ကဒ်ကိုဖရူဆို‌တောင်သူများ ငြင်းဆို

တပ်မ‌တော်တန်းမြင့်‌ကျောင်းအုပ် ထုတ်‌ပေးမည့် ‌တောင်ယာလုပ်ခွင့် ကဒ်ကိုဖရူဆို‌တောင်သူများ ငြင်းဆို

1580
ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ကယားပြည်နယ် ဖရူဆိုမြို့နယ်ရှိ မြို့မ‌ကျေးရွာအုပ်စုနှင့် မာခ‌ရော်‌ရှေ့‌ကျေးရွာအုပ်စုအတွင်း ‌တောင်ယာ‌မြေများကို သိမ်းဆည်းပြီး တပ်မ‌တော်တန်းမြင့် ‌ကျောင်း တည်‌ဆောက်လျက်ရှိရာ ‌ကျောင်းအုပ်ကြီးမှ ‌တောင်သူများ အား ‌တောင်ယာလုပ်ခွင့် ကတ်ပြားထုတ် ‌ပေးမည်ကို ‌တောင်သူများက ငြင်းဆိုခဲ့သည်။

“ကျ‌နော်တို့ ကိုယ့်‌တောင်ယာပဲ ပြန်လိုချင်တယ်။ လွတ်လွတ်လပ်လပ် လုပ်ကိုင်စား‌သောက်ချင်တယ်။ သူတို့က ကတ်ထုတ်‌ပေးတယ် ဆိုတာကလည်း ပိုက်ဆံ‌ပေးလုပ်ရမှာ။ အလကားမဟုတ်ဘူး။ ပြီး‌တော့ သတ်မှတ်ထားတဲ့ နယ်‌မြေပဲ ဝင်ထွက်ရမယ်။ ကျွဲနွား‌တွေက ‌ကျော်သွားမိရင် ဘယ်လိုသွားဖမ်းမလဲ။ အဲဒီအခါ ပြဿနာဖြစ်ဦးမယ်။ ကိုယ့်‌မြေကို ပြန်ငှားလုပ်‌နေရသလိုဖြစ်‌နေတာ။ ဒါ မတရားဘူး ‌လေ။ ကျ‌နော်တို့အတွက် အဆင်မ‌ပြေဘူး”ဟု မာခ‌ရော်‌ရှေ့ရွာမှ ‌တောင်သူအမျိုးသားတစ်ဦးက ‌ပြောသည်။

‌တောင်ယာ‌မြေများအား စတင် သိမ်းဆည်းစဉ်က ဧက ၂,၇၀ဝဟုဆို‌သော်လည်း ပြန်လည် တိုင်းတာခြင်းများ ပြုလုပ်‌သောအခါ ဧက ၃,၂၂၇ဖြစ်‌နေသည်ကို ‌တွေ့ရသည်ဟု ‌တောင်သူများက ‌ပြောဆိုသည်။

ထိုသို့ သိမ်းဆည်းရာတွင် တစ်ဧကလျှင် ကျပ်‌ငွေ ၅၀,၀၀ဝ ‌လျော်‌ကြေး‌ပေး‌သော်လည်း မာခ‌ရော်‌ရှေ့ရွာမှ ‌တောင်သူများက ဖြစ်နိုင်လျှင် ‌လျော်‌ကြေးမယူလိုဘဲ ၎င်းတို့၏ ‌တောင်ယာ‌မြေကိုသာ ပြန်လည် ရယူလိုသည်ဟု ဆိုကြသည်။

“ကျ‌နော်တို့‌လျော်‌ကြေးယူတယ်ဆိုတာ သ‌ဘောတူလို့ မဟုတ်ပါဘူး။ သိမ်းတဲ့လူ‌တွေက မယူလည်း သိမ်းမှာပဲ။ ယူလည်းသိမ်းမှာပဲလို့ လာ‌ပြောကြတာပါ။ မာခ‌ရော်‌ရှေ့က လူ‌တွေက‌တော့ မယူခဲ့ကြပါဘူး”ဟု ‌လောခို့ခူရွာသား ‌တောင်သူတစ်ဦးက ဆိုသည်။

ယင်းသို့ စစ်သင်တန်း‌ကျောင်း လာ‌ရောက်‌ဆောက်လုပ်ခြင်း‌ကြောင့် ဖြစ်‌ပေါ်လာသည့် ‌ဒေသခံများ၏ အခက်အခဲ ပြဿနာများကို သမ္မတ ကြီးထံ အသနားခံစာ တင်ခဲ့ကြပြီး ကယားပြည်နယ်အစိုးရကိုလည်း တင်ပြခဲ့ကြ‌သော်လည်း ယခုချိန်ထိ အ‌ကြောင်းပြန်ကြားမှု တစုံတရာ မသိရှိရ‌သေး‌ပေ။

ထို့အပြင် ‌ကျေးရွာများမှာ မိရိုးဖလာအဆက်ဆက် ထိမ်းသိန်းခဲ့‌သော ‌ကျေးရွာပိုင်သစ်‌တောထဲမှ သစ်ပင်များအား စစ်သင်တန်း‌ကျောင်း ကင်းပုန်းများ တဲများ‌ဆောက်ရန်ဟု အ‌ကြောင်းပြကာ ခုတ်ယူပြီး စီးပွားဖြစ် ‌ရောင်းချလျက်ရှိသည်ကို ‌ဒေသခံများက သိရှိ မြင်‌တွေ့ကြ ‌သော်လည်း မည်ကဲ့သို့ တိုင်ကြား‌ပြောဆိုရမည်ကို မသိရှိဘဲ ဖြစ်‌နေသည်။

အမှတ်(၁၄) တန်းမြင့်‌လေ့ကျင့်‌ရေး‌ကျောင်း‌ဆောက်ရန် သိမ်းယူခဲ့သည့် ‌မြေယာများအတွက် ‌တောင်သူများက ဖရူဆိုမြို့ ‌မြေစာရင်းရုံး တွင် ၂၀၁၁၊ ‌အောက်တိုဘာလထိ ‌နောက်ဆုံး ‌မြေယာခွန် ‌ပေး‌ဆောင်ခဲ့ကြ‌သော်လည်း ထိုလတွင်ပင် စစ်တပ်မှ သိမ်းယူသွားခဲ့သည်။