Home သတင်း ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေးတွင် SNLD ပါဝင်သွားမည်

ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေးတွင် SNLD ပါဝင်သွားမည်

1655
ဩဂုတ်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

မြန်မာအစိုးရ၏ ပြည်တွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD) အ‌နေဖြင့် တဖက်တလမ်းမှ ပါဝင်လုပ်‌ဆောင်သွားမည်ဟု ပါတီ၏‌ပြော‌ရေးဆိုခွင့်ရှိသူ တွဲဖက်အတွင်း‌ရေးမှူး စိုင်းလိတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“နိုင်ငံ‌တော်က လုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေးလုပ်ငန်းစဉ်‌တွေမှာ ကျ‌နော်တို့ဘက်က တတတ်တအား ပါဝင်အားဖြည့်ဖို့ ပြင် ဆင်‌နေပါတယ်။ အခု ပါတီဌာနချုပ် ဖွင့်လှစ်ပြီးရင် လုပ်‌ဆောင်သွားမဲ့ လုပ်ငန်းစဉ်ထဲက တစ်ခုပါ”ဟု ဆိုသည်။

၎င်းအပြင် SNLD အ‌နေဖြင့် ရုံးဖွင့်လှစ်ပြီး‌နောက်ပိုင်း နိုင်ငံ‌ရေး စွမ်းရည်မြှင့်တင်‌ရေးသင်တန်းများကို လာမည့် စက်တင်ဘာလတွင် စတင် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်မှုလုပ်ငန်းစဉ်များတွင်လည်း ပူး‌ပေါင်းပါဝင်သွား ရန်ရှိ‌ကြောင်း စိုင်းလိတ်က ဆက်လက် ‌ပြောဆိုသည်။

“ပထမဆုံး Capacity building ‌တွေ စလုပ်ပါမယ်။ နိုင်ငံ‌ရေး ဆိုင်ရာစွမ်းရည်မြင့်သင်တန်း၊လူ့အခွင့်အ‌ရေဆိုင်ရာနဲ့ ဒီမိုက‌ရေစီကိစ္စ‌တွေကို ပြည်သူ‌တွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်‌အောင်လို့ နယ်‌တွေဆင်းပြီး‌တော့ စွမ်းရည်မြှင့်သင်တန်း‌တွေ ပို့ချ‌ပေးသွားမှာ ဖြစ်တယ်” ဟု ‌ပြောသည်။

ယမန်‌နေ့က SNLD ဗဟိုဌာနချုပ် ဖွင့်ပွဲနှင့် ပါတီ ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ အမှတ် (၂၆)ရှိ ပါတီ ဥက္ကဌ ခွန်ထွန်းဦး၏ ‌နေအိမ်၌ နံနက် ၉နာရီမှ ၁၁နာရီအထိ ပြုလုပ်ခဲ့ရာ ၎င်းပါတီအဖွဲ့ဝင်များ၊ SNDP ကျားဖြူပါတီမှ တွဲဖက် အတွင်း‌ရေးမှူး ‌စောသန်းမြင့်၊ UNA ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများမဟာမိတ်မှ မွန်ဒီမိုက‌ရေစီဥက္ကဌ နိုင်‌ငွေသိန်း၊ အမျိုးသား ဒီမိုက ‌ရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦး၊ ၈၈မျိုးဆက်‌ကျောင်းသားအဖွဲ့မှ ကိုပြုံးချိုတို့ အပါအဝင် လူဦး‌ရေ ၂၀၀‌ကျော်တက်‌ရောက်ခဲ့သည်။

ဌာနချုပ်ဖွင့်ပွဲတွင် ဦးခွန်ထွန်းဦးမှ အမှာစကား ‌ပြောကြားခဲ့ပြီး တက်‌ရောက်လာသည့် ပါတီကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စား လှယ်များ၊ ၈၈မျိုးဆက်‌ကျောင်းသားကိုယ်စားလှယ်များမှ နှုတ်ခွန်းဆက်စကားများ ‌ပြောကြားခဲ့ကြသည်။ SNLD ၏ ဌာနချုပ်ကို ယခု ဖွင့် လှစ်လိုက်ပြီး‌နောက်ပိုင်း ကျိုင်းတုံ၊ လားရှိုး၊ ‌တောင်ကြီး၊ မန္တ‌လေးမြို့များတွင်လည်း ရုံးခွဲများ ဆက်လက် ဖွင့်လှစ်သွားမည်ဟု သိရသည်။

SNLD တွင် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဒုဥက္ကဌ စိုင်း‌စော‌အောင်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး စိုင်းညွှန့်လွင်၊ တွဲဖက်အတွင်း‌ရေးမှူး စိုင်းလမင်း၊ စည်းရုံး‌ရေးမှူး စိုင်းဖ အပါအဝင် ဗဟိုအလုပ်အမှု‌ဆောင် ၁၁ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဌာနချုပ်ဖွင့်ပွဲတွင် တိုင်းရင်းသားပြဿနာများကို အ‌ခြေခံ၍ ‌နောက်ဖြစ်လာမည့် ပြည်နယ်ပြဿနာများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရမှ ကိုင်တွယ်‌ဖြေရှင်းနိုင်ရန် လုပ်ပိုင်ခွင့်များ ကြိုတင်အပ်နှင်းသင့်‌ကြောင်း၊ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးရရှိရန်အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို အ‌လေးအနက်ထားကာ သက်ဆိုင်သူအားလုံး ပါဝင်‌သော တန်းတူ ‌တွေ့ဆုံနိုင်သည့် ‌ဆွေး‌နွေးပွဲပြုလုပ်‌ရေးကို ရည်ရွယ်၍ ‌ကြေညာချက် တစ်‌စောင်ကို SNLD က ထုတ်ပြန်ခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်-SNLD သည် ၁၉၉ဝခုနှစ် ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရပါတီဖြစ်ပြီး ခွန်ထွန်းဦးနှင့် ပါတီ‌ခေါင်း ‌ဆောင် ၈ဦးကို ရှမ်းပြည်နယ် အတိုင်ပင်ခံ‌ကောင်စီ ဖွဲ့စည်းမှုဖြင့် ၂၀၀၅ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့‌နောက် အစိုး ရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်‌မြောက်လာခဲ့ပြီး ယခုနှစ်၊ ဇွန်လ ၁၂ရက်‌နေ့တွင် နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိကာ ပါတီဝင်ဦး‌ရေ အနည်းဆုံးတစ်‌ထောင်ဖြင့် စက်တင်ဘာလ (၁၂)ရက်‌နေ့ ‌နောက်ဆုံးထားပြီး ပြည်‌ထောင်စု ‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်သို့ တင်ပြသွားမည်ဟု သိရသည်။