Home သတင်း MDP စည်းရုံး‌ရေး‌ကော်မတီများ မြို့နယ်အသီးသီးတွင် ဖွဲ့စည်း

MDP စည်းရုံး‌ရေး‌ကော်မတီများ မြို့နယ်အသီးသီးတွင် ဖွဲ့စည်း

1604
ဩဂုတ်လ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

၁၉၉ဝ ‌ရွေး‌ကောက်ပွဲအနိုင်ရ မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ (MNDF) ကို မွန်ဒီမိုက‌ရေစီပါတီအမည်သစ်ဖြင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ပါတီတည်‌ထောင်ခွင့် ပြုလိုက်ပြီး‌နောက် မြို့နယ်အသီးသီးတွင် ပါတီစည်းရုံး‌ရေး‌ကော်မတီများ ဖွဲ့စည်းလျက်ရှိသည်။

‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် တရားဝင် ချမှတ်‌ပေးလိုက်သည့် ဇူလိုင်လ ၁ဝရက်‌နေ့မှစပြီး ပါတီ‌ခေါင်း‌ဆောင်တို့က စည်း ရုံး‌ရေး‌ကော်မတီ အလုပ်အမှု‌ဆောင်အဖွဲ့ကို မြို့နယ်အသီးသီးတွင် ဖွဲ့စည်းကာ ပါတီစည်းရုံး‌ရေးခရီးစဉ်ကို စတင်ခဲ့သည်။

ယ‌နေ့ ဩဂုတ်လ ၂၁ရက်‌နေ့တွင်လည်း မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်တွင် ၁၉ ဦးပါဝင်သည့် မြို့နယ်စည်းရုံး‌ရေး ‌ကော်မတီအလုပ်အမှု ‌ဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကျန်ရှိမြို့နယ်များတွင်လည်း ဆက်လက် ဖွဲ့စည်းသွားမည်ဟု ပါတီဗဟိုအလုပ်မှု‌ဆောင်အဖွဲ့ဝင် နိုင်စိုးမြင့်က ‌ပြောသည်။

နိုင်စိုးမြင့်က “မနက်ဖြန်ဆို ကျ‌နော်တို့ ဘားအံမှာ အလုပ်အမှု‌ဆောင်အဖွဲ့‌တွေ ဖွဲ့မယ်။ ရုံးဖွင့်မယ်။ ပြီး‌တော့ ‌ခေါဇာကို ဆင်းမယ်။ ကျ‌နော် တို့ လက်ရှိ သထုံ၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ‌ပေါင် ‌လေးမြို့နယ် ဖွဲ့ထားပြီးပြီ။ ပါတီစည်းရုံး‌ရေးက အားရစရာ‌ကောင်းပါတယ်။ ကျ‌နော်တို့ပါတီက လည်း အရင်က ရှိခဲ့ပြီးဖြစ်တဲ့အတွက် စည်းရုံး‌ရေးဆင်းတဲ့‌နေရာမှာ သိပ်‌တော့ မခက်ဘူး”ဟု ဆိုသည်။

သို့‌သော် အချို့‌ဒေသများတွင် မွန်ပါတီ နှစ်ပါတီရှိ‌နေသည့်အတွက် စည်းရုံး‌ရေးခရီးဆင်းရာ၌ အခက်အခဲအနည်းငယ်ရှိ‌ကြောင်း သူက ‌ပြောသည်။

“ပါတီဝင်‌တွေက‌တော့ ဥပမာ သံဖြူဇရပ်မြို့နယ်မှာဆိုရင် ပါတီဝင်က နှစ်‌ထောင်‌ကျော် သုံး‌ထောင်နီးပါးရှိ‌နေပြီ။ အဲဒါ‌တွေကို ကျ‌နော်တို့ အစည်းအ‌ဝေးကျမှ ပြန်‌ပေါင်းပြီး‌တော့ ပါတီဝင် ဘယ်‌လောက်ရ‌နေပြီးလဲဆိုတာ သိမှာ”ဟု နိုင်စိုးမြင့်က ပါတီဝင်အင်အား စု‌ဆောင်းရမှု အ‌ခြေအ‌နေကို ရှင်းပြသည်။

နိုင်ငံ‌ရေးပါတီများ ထူ‌ထောင်ခွင့်ဥပ‌ဒေပါ ပြဌာန်းချက်အရ ပါတီထူ‌ထောင်ခွင့်ပြုလိုက်သည့် ‌လျှောက်ထားသူများသည် ရက်‌ပေါင်း ၉ဝအ တွင်း ပါတီဝင်အင်အားတစ်‌ထောင်ကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ စု‌ဆောင်းတင်ပြရမည်ဖြစ်သည်။

မွန်ဒီမိုက‌ရေစီပါတီသည် မွန်ပြည်နယ်ရှိ မြို့နယ် ၁ဝမြို့နယ်အပြင် မွန်လူမျိုးများ ‌နေထိုင်ရာ အခြားတိုင်း‌ဒေသကြီးနှင့် ပြည်နယ်ရှိ မြို့နယ် အချို့တွင် ပါတီစည်းရုံး‌ရေးဆင်းခြင်းနှင့် ပါတီရုံးခွဲများ ဖွင့်လှစ်ခြင်းတို့ကို ‌ဆောင်ရွက်သွားမည်ဖြစ်သည်။