Home သတင်း PNLO ပြည်နယ်အဆင့် အပစ်အခတ်ရပ်‌ရေး ‌ဆွေး‌နွေးရန် ထွက်ခွာပြီ

PNLO ပြည်နယ်အဆင့် အပစ်အခတ်ရပ်‌ရေး ‌ဆွေး‌နွေးရန် ထွက်ခွာပြီ

2068
ဩဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO သည် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးမှုပြုလုပ်ရန် ယ‌နေ့ ထွက်ခွာသွားပြီဟု သိရသည်။

PNLO ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို ‌တောင်ကြီးမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်‌ပြေနိုင်မည့် ဩဂုတ်လ ၂၅ရက်‌နေ့တွင် ပြုလုပ်နိုင် ဖွယ်ရှိသည်ဟု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ‌ကော်မတီအဖွဲ့‌ခေါင်း‌ဆောင် ခွန်မြင့်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် PNLO အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ခွန်မြင့်ထွန်း၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်ခွန်ထီး‌ဆောင်၊ ဒုတိ ယ ဗိုလ်မှူးကြီးခွန်သူရိန်၊ စစ်‌ထောက်ချုပ် ဗိုလ်မှူးခွန်စဲထို၊ တပ်ရင်းမှူး ဗိုလ်မှူးခွန်‌ကျော်ထင် အပါအဝင် အဖွဲ့ဝင် ၁ဝဦး ပါဝင်သည်ဟု သိရ သည်။

‌ဆွေး‌နွေးပွဲတွင် အဓိက‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများနှင့် ပတ်သက်၍ ခွန်မြင့်ထွန်းက “‌ဆွေး‌နွေးပွဲမှာ အပစ်အခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူညီမှုရရှိဖို့ ပြီးရင် ဆက်ဆံ‌ရေးရုံးဖွင့်ဖို့၊ တပ်ဖွဲ့ဝင်‌တွေ လက်နက်မပါဘဲ တစ်ပြည်လုံး လွတ်လပ်စွာ သွားလာခွင့်ရဖို့၊ နှစ်ဖက် ကြိုတင်ညှိနှိုင်းပြီး တချို့‌နေရာ‌တွေမှာ သွားလာဖို့၊ အဲဒီအချက်‌တွေကို အဓိကထား ‌ဆွေး‌နွေးမှာပါ”ဟု ‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးမှုအ‌ပေါ် ‌မျှော်လင့်ချက်နှင့် ပတ်သက်၍ “ဝန်ကြီးဦး‌အောင်မင်း အပါအဝင် အစိုးရအဖွဲ့အစည်းမှပုဂ္ဂိုလ်များ၊ ကူညီ ‌ဆောင်ရွက်‌ပေးကြတဲ့ ပုဂ္ဂိုလ်များနဲ့ ထိ‌တွေ့ဆက်ဆံမှုက‌နေတစ်ဆင့် ပုဂ္ဂိုလ်‌ရေးအရ ယုံကြည်မှု တစုံတရာ‌တော့ ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ စတင်‌လျှောက်လှမ်းနိုင်ခဲ့တဲ့ ယုံကြည်မှု‌ခြေလှမ်း‌တွေက‌နေတဆင့် နှစ်ဖက်ငြိမ်းချမ်း‌ရေးကို ပူး‌ပေါင်း‌ဆောင်ရွက်နိုင်မယ်လို့ ‌မျှော်လင့်ထားပါ တယ်”ဟု ‌ပြောသည်။

ယခုလို ‌တွေ့ဆုံ‌ဆွေ‌နွေမှု မပြုလုပ်မှီ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ဦး‌အောင်မင်းနှင့် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့တွင် အလွတ်သ‌ဘော ၃ကြိမ်တိုင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။

ထို့‌နောက် ‌လေ့လာ‌ရေးခရီးအ‌နေဖြင့် သျှမ်းပြည်နယ် ‌တောင်ကြီးနှင့် သထုံ၊ ရန်ကုန်မြို့များသို့ ဆယ်ရက်တိုင် သွား‌ရောက်ခဲ့ပြီး ဦး‌အောင် ခမ်းထီ အပါအဝင် ပြည်တွင်းမှ ပအိုဝ်း‌ခေါင်း‌ဆောင်များ၊ ရဟန်းသံဃာ‌တော်များ၊ ပြည်သူလူထုနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။