Home သတင်း မြဝတီ-မဲ‌ဆောက် အမှတ်(၂) ချစ်ကြည်‌ရေးတံတား မကြာမီ တည်‌ဆောက်မည်

မြဝတီ-မဲ‌ဆောက် အမှတ်(၂) ချစ်ကြည်‌ရေးတံတား မကြာမီ တည်‌ဆောက်မည်

3889
ဩဂုတ်လ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲ‌ဆောက်မြို့သို့ ဆက်သွယ်မည့် အမှတ်(၂) ချစ်ကြည်‌ရေးတံတားကြီးကို မကြာခင် တည်‌ဆောက်‌တော့ မည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံ၊ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနက ထုတ်‌ဖော်‌ပြောဆိုသည်။

လက်ရှိ အမှတ်(၁) ချစ်ကြည်‌ရေးတံတားမှာ အ‌သေးစားနှင့် အလတ်စား ‌မော်‌တော်ယာဉ်များသာ သွားလာနိုင်ပြီး မကြာခင် တည်‌ဆောက် ‌တော့မည့် အမှတ်(၂) ချစ်ကြည်‌ရေးတံတားသစ်ကိုမူ တန်အချိန် (၆၀)အထိ တင်‌ဆောင်သည့် အကြီးစား‌မော်‌တော်ယာဉ်များ သွားလာ နိုင်သည်ဟု ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌ကျော်လင်း၏ ‌ပြောဆိုချက်ကို ယ‌နေ့ထုတ် The Nation ထိုင်းသတင်းစာ၌ ‌ဖော်ပြထားသည်။

အမှတ်(၂) တံတားတည်‌ဆောက်မည့်‌နေရာကို အကြမ်းဖျင်းအားဖြင့် နှစ်ဘက် အစိုးရတို့က ‌ရွေးချယ်ထားပြီး ၎င်းတံတားကို ၂၀၁၄ခုနှစ် ခန့်တွင် အပြီးတည်‌ဆောက်နိုင်ရန် ‌ဆွေး‌နွေးထားပြီးဖြစ်‌သော်လည်း လက်ရှိအချိန်တွင် စတင် လုပ်‌ဆောင်ခြင်း မရှိ‌သေး‌ကြောင်း မြဝတီ ခရိုင် အုပ်ချုပ်‌ရေးမှူး ဦးမြင့်တင်က ‌ပြောသည်။

“တံတားတည်‌ဆောက်ဖို့ကို ကျ‌နော်တို့ အစိုးရနဲ့ ထိုင်းအစိုးရက တရားဝင် လက်မှတ်ထိုးထားပြီးသား‌ပေါ့‌နော်။ ဒါ‌ပေမယ့် တကယ် တရား ဝင် တည်‌ဆောက်ဖို့‌တော့ စာနဲ့ ဘာနဲ့ အ‌သေးစိတ်လုပ်ရအုံးမှာ‌ပေါ့ကွာ။ ‌လော‌လောဆယ် ဘာမှ‌တော့ မလုပ်နိုင်‌သေးဘူး”ဟု ဦးမြင့်တင် က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအမှတ်(၂) ချစ်ကြည်‌ရေးတံတားကြီး တည်‌ဆောက်ခြင်းနှင့် ပတ်သက်၍ လွှတ်‌တော်တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦး‌အောင်မြင့်သိန်းက ‌မေးမြန်းရာ ထိုတံတားကို ထိုင်းအစိုးရ၏ အကူအညီဖြင့် ‌ဆောက်လုပ်သွား မည်ဖြစ်‌ကြောင်း ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး‌ကျော်လွင်က ပြန်လည် ‌ဖြေကြားခဲ့သည်။

အသစ်တည်‌ဆောက်မည့်တံတားသည် အမှတ်(၁) တံတား၏ ‌မြောက်ဘက်စုန်ဘက်ခြမ်းတွင် လျာထား(၃)‌နေရာအား ကွင်းဆင်းကြည့်ရှု စစ်‌ဆေးပြီး မြဝတီမြို့နှင့် အနီးဆုံး ၃မိုင်ခန့်‌ဝေးသည့်‌နေရာကို ‌ရွေးချယ်ထား‌ကြောင်းလည်း ‌ဖြေကြားခဲ့သည်။

၎င်းအပြင် မြဝတီမြို့မှ သဃင်္န်းညီ‌နောင်အထိ ကုန်သွယ်‌ရေးလမ်းမကြီးကို သဃင်္န်ညီ‌နောင်မှ ‌ကော့ကရိတ်အထိ ဆက်သွယ်‌ဖောက်လုပ် မည့်လမ်းမှာလည်း သဃင်္န်းညီ‌နောင်မှ ‌ဒေါန‌တောင်‌ခြေကိုဖြတ်၍ ‌ကော့ကရိတ်အထိ စုစု‌ပေါင်း ၂၈.၆ကီလိုမီတာရှိပြီး နှစ်လမ်းသွား ကတ္တရာလမ်းအဖြစ် ထိုင်းနိုင်ငံ၏ အကူအညီဖြင့် ‌ဖောက်လုပ်သွားမည်ဟုလည်း ဦး‌ကျော်လွင်က ‌ဖြေကြားခဲ့သည်။

လက်ရှိ အသုံးပြု‌နေသည့် အမှတ်(၁) ချစ်ကြည်‌ရေးတံတားကို ၂၀၁ဝခုနှစ်၊ ဇူလိုင်လ ၁၈ရက်‌နေ့က မြန်မာအစိုးရဘက်မှ ပိတ်ထားခဲ့ပြီး ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်‌နေ့(ထိုင်းဘုရင့်‌မွေး‌နေ့)၌ ပြန်လည် ဖွင့်လှစ်‌ပေးခဲ့သည်။

ချစ်ကြည်‌ရေးတံတား မပိတ်ခင်ကာလက ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ဖိုးသည် တနှစ်လျှင် အ‌မေရိကန်‌ဒေါ်လာ ၄.၃ဘီလီယံရှိပြီး တစ်လ လျှင် မြန်မာမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်းဆယ်ဂဏန်း (ကျပ်သန်း ၃၀၀)ခန့်ရှိကာ ထိုင်းနိုင်ငံမှ မြန်မာသို့ တင် ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်း ၁,၀၀ဝ (ကျပ်သန်း ၃၀,၀၀၀)ခန့် ရှိသည်ဟု သိရသည်။