Home သတင်း KNU နှင့်တတိယ အကြိမ်‌မြောက် ‌ဆွေး‌နွေး‌ရေး မြန်မာ အစိုးရ ရက်‌ရွှေ့ဆိုင်း

KNU နှင့်တတိယ အကြိမ်‌မြောက် ‌ဆွေး‌နွေး‌ရေး မြန်မာ အစိုးရ ရက်‌ရွှေ့ဆိုင်း

1615
ဩဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဩဂုတ်လ ၂၇ရက်မှ ၂၉ရက်‌နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် တတိယအကြိမ်‌မြောက် အပစ်ရပ်‌ရေး‌ဆွေး‌နွေးမည့်ကိစ္စကို မြန်မာအစိုးရဘက်မှ အ‌ကြောင်းပြချက်မရှိ ရက်‌ရွှေ့ဆိုင်းလိုက်‌ကြောင်း KNU က ယ‌နေ့ ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရသည် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့က နှုတ်အားဖြင့် KNU ကို ယမန်‌နေ့၌ အ‌ကြောင်းကြားခဲ့ခြင်းဖြစ်‌ကြောင်း KNU ငြိမ်း ချမ်း‌ရေးလုပ်ငန်းစဉ်၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်‌မေဦးက “ကျမတို့ အပြန်အလှန် ပုံမှန်ဆက်သွယ်ဖို့ သတ်မှတ်ထားတဲ့ လူက‌နေတဆင့် အစိုးရဘက်က အ‌ကြောင်းကြားခဲ့တာပါ။ အ‌ကြောင်းပြချက်‌တော့ ဘာမှ မသိရဘူး။ ဒါ ‌ရွှေ့ခိုင်းတယ်လို့ပဲ ကျမတို့ကို ‌ပြောခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် တတိယအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ဖြစ်‌မြောက်ရန်အတွက် မြန်မာအစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး ‌တွေ့ဆုံနိုင် မည့် ‌နေ့ရက်ကိုအမြန် ဆုံး ဆက်လက် အ‌ကောင် အထည်‌ဖော် ကြိုးပမ်းသွားမည်ဟု KNU က ဆိုသည်။

KNU နှင့် အစိုးရတို့သည် တတိယအကြိမ်‌မြောက် အပစ်အခတ်ရပ်ဆိုင်း‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ယခုဩဂုတ်လ ၅ ရက်‌နေ့၌ မြဝတီမြို့တွင် အစည်းအ‌ဝေးပြုလုပ်၍ နှစ်ဦးနှစ်ဘက်ကိုယ်စားလှယ်များက ညှိနှိုင်းတိုင်ပင်ခဲ့ရာ ‌တွေ့ဆုံမည့်‌နေရာ၊ ‌နေ့ရက်များ ကို သ‌ဘောတူသတ်မှတ်ခဲ့ကြပြီး ဖြစ်သည်။

ဆက်လက်၍ ‌နော်‌မေဦးက “ကျမတို့ တတိယအကြိမ် ‌တွေ့ဆုံဖို့ အစိုးရဘက်က ရက်‌ရွှေ့ထားတာကို အများပြည်သူသိ‌အောင် အခုလို ‌ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်တယ်။ ဒီလို မဟုတ်ရင် ပြည်သူလူထု‌တွေ အထင်မှားမှုနဲ့ စိုးရိမ်မှု‌တွေ ဖြစ်မှာကို စိုးလို့ပါ”ဟု ဖြည့် စွက်‌ပြောဆိုသည်။

ဧပြီလ ၆ရက်‌နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည့် ပြည်‌ထောင်စုအဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ၏ အစည်းအ‌ဝေး ဆုံးဖြတ် ချက်အရ ပြည်သူလူထု ဘဝလုံခြုံမှုကို အာမခံ‌ပေးနိုင်ရန် တပ်များ ပြန်လည် ‌နေရာချထား‌ရေးနှင့် နှစ်ဦးနှစ်ဘက်လိုက်နာရမည့် အပစ်အ ခတ် ရပ်ဆိုင်း‌ရေးဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of conduct)ကို တတိယအကြိမ်‌မြောက်‌ဆွေး‌နွေးပွဲတွင် အ‌သေး စိတ် ‌ဆွေး‌နွေးသွားရန် စီစဉ်ထား‌ကြောင်းလည်း KNU က ‌ပြောသည်။

၎င်းအပြင် အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်း‌ရေး အ‌ကောင်အထည်‌ဖော်သည့် လုပ်ငန်းစဉ်တိုင်းသည် ယုံကြည်မှု တည်‌ဆောက်သည့်အ ဆင့်အဖြစ် သတ်မှတ်သည့်အ‌လျောက် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်‌ရေးအတွက် ယုံကြည်မှုကို ပိုမိုခိုင်မာ‌အောင် နှစ်ဦးနှစ် ဖက်မှ လုပ်ကိုင်သွားရန်လည်း KNU က ၎င်း၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

ယခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့က KNU သည် မြန်မာအစိုးရနှင့် ‌တွေ့ဆုံပြီး ပြည်နယ်အဆင့် ပဏာမ အပစ်အရပ်‌ရေး သ‌ဘောတူ လက်မှတ်ထိုးပြီး‌နောက် ဧပြီလ ၆ရက်‌နေ့က ပြည်‌ထောင်စုအဆင့်အဖြစ် ထပ်မံ ‌ဆွေး‌နွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သ‌ဘောတူညီမှုများ ရရှိခဲ့သည်။