Home သတင်း မွန်နှစ်ပါတီ ‌ပေါင်းစည်း‌ရေး ညှိနှိုင်း မရဖြစ်‌နေဆဲ

မွန်နှစ်ပါတီ ‌ပေါင်းစည်း‌ရေး ညှိနှိုင်း မရဖြစ်‌နေဆဲ

1792
ဩဂုတ်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

မွန်ဒီမိုက‌ရေစီပါတီ(MDP) နှင့် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ (AMDP) တို့ နှစ်ပါတီ ‌ပေါင်းစည်း‌ရေးအတွက် ညှိနှိုင်းရာတွင် ယခုအ ချိန်ထိ အခက်အခဲရှိ‌နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်‌နေ့တွင် ‌မော်လမြိုင်မြို့၌ ဗုဒ္ဓဘာသာ သံဃာ‌တော်များ အပါအဝင် နှစ်ဘက် ပါတီကိုယ်စားလှယ်များနှင့် မွန်လူ ထု နှစ်ရာ‌ကျော် ‌တွေ့ဆုံခဲ့ကြပြီး ၎င်းတွင် ပါတီနှစ်ခု ‌ပေါင်းစည်း‌ရေးအချက် ၄ချက်ကို MDP ဘက်က သ‌ဘောတူခဲ့‌သော်လည်း AMDP က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

“‌နောက်ဆုံး ဇူလိုင်မှာ‌ပေါ့‌နော်။ မွန်‌ဒေသဘက်က အချက် ၄ချက်ကို လက်ခံတယ်ဆိုပြီး ‌ပေါင်းစည်း‌ရေးမူ ၃ချက်၊ မွန်‌ဒေသဘက်က အ‌ရေ အတွက်တူ ပါတီနှစ်ခု‌ပေါင်းမယ်။ ဆိုလိုတာက တစ်ပါတီ အ‌ယောက် ၂၀‌ပေါ့။ ကျ‌နော်တို့က ပါတီ ၂ခုက စီအီးစီ ၂၁‌ယောက်စီ‌ပေါင်း။ အဲဒီ က‌နေ လျှို့ဝှက်မဲနဲ့ ဥက္ကဌ၊ အတွင်း‌ရေးမှူး‌တွေကို ပြန်‌ရွေး ဒါကို မွန်‌ဒေသဘက်က လက်မခံနိုင်‌သေးဘူး။ လက်ခံလို့မရ‌သေးဘူးဆို‌တော့ ‌ပေါင်းဖို့က ရပ်တန့်‌နေတယ်”ဟု မွန်ဒီမိုက‌ရေစီပါတီ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် နိုင်စိုးမြင့်က ‌ပြောသည်။

သံဃာ‌တော်များမှ ချမှတ်ထား‌ပေးသည့် အဆိုပါအချက် ၄ချက်မှာ (၁)နှစ်ပါတီ ပူး‌ပေါင်းရန် (၂)၂၀၁၄ ဒီဇင်ဘာလ ‌နောက်ဆုံးထား ပူး ‌ပေါင်းရန် (၃)နှစ်ဘက်ပါတီကိုယ်စားလှယ်များ လစဉ်ပုံမှန် ‌တွေ့ဆုံ‌ဆွေး‌နွေးရန်နှင့် (၄)တစ်ပါတီအဖြစ် ‌ပေါင်းစည်းသည့်အခါ ပါတီအမည် သစ် သတ်မှတ်‌ရေး ဆက်လက်‌ဆွေး‌နွေသွားရန်တို့ ဖြစ်သည်။

နှစ်ပါတီ‌ပေါင်းစည်း‌ရေးကို ချမှတ်ထားသည့် ၂၀၁၄ခုနှစ်မကုန်ခင် ဖြစ်‌မြောက်‌စေလို‌ကြောင်း ကြိုးပမ်း‌နေကြသည့် သံဃာ‌တော်များထဲမှ သံဃာတစ်ပါးက “ပါတီ‌ပေါင်းစည်းဖို့ကို မြန်မြန်‌ပေါင်း‌စေချင်တယ်။ ၂၀၁၄ကုန်မှ‌ပေါင်းရင် ၂၀၁၅ မတ်လ၊ ဧပြီလ‌လောက်မှာ ‌ရွေး‌ကောက် ပွဲလုပ်မယ်ဆိုရင် ‌နောက်ကျမယ်။ ဘာမှပြင်ဆင်မှုမှမရှိ။ ဝင်ပြိုင်ရင်လည်း ရှုံးနိုင်မယ်”ဟု မိန့်ဆိုသည်။

သံဃာ‌တော်များနှင့် မွန်ပြည်လူထုတို့ လိုလားသည့် မွန်နှစ်ပါတီ ‌ပေါင်းစည်း‌ရေးကို မွန်ဒီမိုက‌ရေစီပါတီ ဥက္ကဌမှအစ အဆင်သင့် အ‌နေအ ထားဖြင့် အမြန်‌ပေါင်းစည်းလို‌သော်လည်း မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီဘက်မှသာ လက်မခံနိုင်‌သေးသူများ ရှိ‌နေသည့်အ‌ပေါ် ခက်ခဲ ‌နေရခြင်းဖြစ်သည်ဟုလည်း MDP မှ နိုင်စိုးမြင့်က ‌ပြောသည်။

မွန်ဒီမိုက‌ရေစီအဖွဲ့ကို ၁၉၈၈ခုနှစ်၊ ‌အောက်တိုဘာလ ၁၁ရက်‌နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ဦး ဝင် ‌ရောက်ယှဉ်ပြိုင်ရာတွင် ၅‌နေရာ အနိုင်ရခဲ့ကာ ၁၉၉၂၊ မတ်လ ၁၉ရက်‌နေ့တွင် ပါတီ ဖျက်သိမ်းခံခဲ့ရသည်။

မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီကိုမူ ၂၀၁ဝခုနှစ်၊ ဧပြီလ ၇ရက်‌နေ့တွင် စတင်ဖွဲ့စည်းပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၃၄ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆‌နေရာ အနိုင်ရရှိထားသည့်ပါတီ ဖြစ်သည်။