Home သတင်း စစ်‌ပြေးဒုက္ခသည်များ ပြန်မပို့ရန် သျှမ်းလူထုအဖွဲ့များ တိုက်တွန်း

စစ်‌ပြေးဒုက္ခသည်များ ပြန်မပို့ရန် သျှမ်းလူထုအဖွဲ့များ တိုက်တွန်း

1510
ဩဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


ထိုင်းနိုင်ငံ‌မြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ကွန်း‌ကျော်ဒုက္ခသည်စခန်းတွင် ခိုလှုံ‌နေကြသည့် သျှမ်းစစ်‌ပြေးဒုက္ခသည် ၅၀၀‌ကျော်အား စစ်ဖြစ်ပွား ‌နေသည့် ‌ဒေသသို့ ပြန်မပို့ရန် သျှမ်းလူထုအဖွဲ့များက ‌တောင်းဆိုလိုက်သည်။

‌နော်‌ဝေးဒုက္ခသည်‌ကောင်စီမှ မြန်မာနိုင်ငံငြိမ်းချမ်း‌ရေး ‌ထောက်ပံ့သည့် လုပ်ငန်းအစီအစဉ်၏ သ‌ဘောတူညီချက်အရ ထိုဒုက္ခသည်များကို နယ်စပ်နှင့် ၂ဝကီလိုမီတာကွာ‌ဝေးသည့် မုံးထား‌ဒေသသို့ ပြန်ပို့ရန် စာရင်း‌ကောက်ခံ‌နေသည်ဟု သျှမ်းလူထုအဖွဲ့များက ဩဂုတ်လ ၂၇ ရက်‌နေ့ထုတ် ‌ကြေညာချက်တွင် ပါရှိသည်။

“နိုင်ငံတကာ အလှူရှင်များလည်းပဲ စစ်‌ပြေးဒုက္ခသည်များ ပြန်လည်‌နေရာချထားခြင်းအ‌ပေါ် ဖိအား‌ပေးမယ့်အစား မြန်မာအစိုးရကို ‌ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံညှိနှိုင်းအ‌ဖြေရှာရန် ဖိအား‌ပေးသင့်တယ်”ဟု သျှမ်းလူထုအဖွဲ့၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ စိုင်း‌ခေးဆိုင်က ‌ပြောသည်။

ဒုက္ခသည်ပြန်ပို့မည့်အစီအစဉ်ကို သျှမ်းပြည်တပ်မ‌တော်(‌တောင်ပိုင်း)နှင့် မြန်မာအစိုးရတို့ နှစ်ဘက် ‌တွေ့ဆုံညှိနှိုင်းရာတွင် ပုံ‌ဖော်ခဲ့‌သော အစီအစဉ်ဖြစ်သည်ဟုလည်း ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

သျှမ်းပြည်တပ်မ‌တော်(‌တောင်ပိုင်း)နှင့် မြန်မာအစိုးရတို့ အပစ်ခတ်ရပ်စဲ‌ရေး နှစ်ဘက်သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့သည့် ၂၀၁၁၊ ဒီဇင် ဘာလ‌နောက်ပိုင်း နှစ်ဘက်တပ်များအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည့် ‌ဒေသများတွင် မုံးထား‌ဒေသသည် ပဋိပက္ခ ဆက်ဖြစ်‌နေ သည့် ‌ဒေသတစ်ခုလည်း ဖြစ်သည်။

၎င်း‌ဒေသသည် အစိုးရစစ်တပ်နှင့် ငြိမ်းချမ်း‌ရေးရယူထားကြသည့် အခြားစစ်တပ်တို့ကို ထိတ်လန့်‌ကြောက်ရွံ့‌နေကြခြင်းနှင့် တချို့‌ဒေသ မှာ ‌မြေမြုပ်မိုင်းများ ရှိ‌နေခြင်းတို့‌ကြောင့် ဒုက္ခသည်များ မပြန်လိုကြ‌ကြောင်း သိရသည်။

စိုင်း‌ခေးဆိုင်က “ကျ‌နော်တို့ စစ်တမ်း‌ကောက်တာ ဒုက္ခသည်‌တွေ အားလုံး မပြန်ချင်ကြဘူး။ ဘာလို့လဲဆို‌တော့ အဲဒီ‌ဒေသမှာ စစ်တပ်‌တွေ အများကြီးရှိတယ်။ စစ်ပွဲဖြစ်မှာကိုလည်း ‌ကြောက်‌နေကြတယ်။ အဲဒီ‌နေရာဟာ သူတို့အတွက် လုံခြုံ‌ရေး အာမခံချက် ဘာမှမရှိလို့ သူတို့ လက်ရှိ ‌နေ‌နေတဲ့‌နေရာမှာပဲ ‌နေချင်တယ်”ဟု ဆိုသည်။

ကွန်း‌ကျော်ဒုက္ခသည်စခန်းတွင် ‌နေထိုင်‌နေကြသည့် ဒုက္ခသည်များသည် အများအားဖြင့် သျှမ်းပြည်နယ်အလယ်ပိုင်း‌ဒေသမှ ထွက်‌ပြေး လာကြသည့် ဒုက္ခသည်များဖြစ်သည်။