Home သတင်း သမ္မတဦးသိန်းစိန်၏ ဝန်ကြီး အ‌ပြောင်းအလဲ KNUအ‌ကောင်းမြင်

သမ္မတဦးသိန်းစိန်၏ ဝန်ကြီး အ‌ပြောင်းအလဲ KNUအ‌ကောင်းမြင်

1951
ဩဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်‌နေ့က ပြည်‌ထောင်စုဝန်ကြီး ၉ဦးအား ‌ပြောင်းလဲတာဝန်‌ပေးခြင်းအ‌ပေါ် အ‌ကောင်းမြင် ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယ‌နေ့ ‌ပြောကြားလိုက်သည်။

KNU ဒု-ဥက္ကဌ ပဒို‌စော‌ဒေးဗစ်သာက‌ပေါက “ဒါက‌တော့ ‌ကောင်းတဲ့အ‌ပြောင်းအလဲပဲလို့ မြင်ပါတယ်။ အခု တက်လာတဲ့လူ‌တွေက တရား ‌သေ ဝါဒဖြန့်သမား‌တွေ မဟုတ်ဘူး‌ပေါ့။ သမ္မတ ဦးသိန်းစိန်ဆိုတာကလည်း အ‌ပြောင်းအလဲကို တကယ်ဖြစ်‌စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေးပြဿနာများကို ‌ဖြေရှင်းရာတွင် အသစ်‌ပြောင်းလဲ ခန့်အပ်ခံရသူများနှင့်အတူ သမ္မတဦးသိန်းစိန်အ‌နေဖြင့် အ‌ကောင်းဆုံး ကြိုးပမ်းသွားမည်ဟု ‌မျှော်လင့်‌ကြောင်းလည်း ‌စော‌ဒေးဗစ်သက‌ဘောက ဆက်‌ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ‌ပြောင်းလဲခန့်လိုက်သည့် ဝန်ကြီးများထဲတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦး‌အောင်မင်း၊ အမျိုးသားစီမံ ကိန်းနှင့် စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်‌ရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာ‌ရေးဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်လိုက် ခြင်း ဖြစ်သည်။

ထို့အပြင် အလုပ်သမားဝန်ကြီး ဦး‌အောင်ကြည်ကို (ပြန်ကြား‌ရေးဝန်ကြီး)၊ ပြန်ကြား‌ရေးဝန်ကြီး ဦး‌ကျော်ဆန်းကို (သမဝါယမဝန်ကြီး)၊ သမ ဝါယမဝန်ကြီး ဦးအုန်းမြင့်ကို (‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဝန်ကြီး)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦး‌အေးမြင့်ကို (စက်မှုဝန်ကြီး)နှင့် မူလ ဝန်ကြီးဌာနနှစ်ခု တာဝန်ယူထားသည့် ဦးတင့်ဆန်း(အားကစားဝန်ကြီး) စသည်တို့ကို သမ္မတက အသီးသီး ‌ပြောင်းလဲခန့်အပ်ခဲ့သည်။

ပြည်‌ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပုဒ်မ (၂၃၂)နှင့် ပြည်‌ထောင်စုအစိုးရအဖွဲ့ ဥပ‌ဒေပုဒ်မ (၁၂)တို့အရ ပြည်‌ထောင်စုဝန် ကြီးများအား ယင်းကဲ့သို့ ‌ပြောင်းလဲတာဝန်‌ပေးလိုက်ခြင်းဖြစ်သည်ဟု ယ‌နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းစာတွင် ‌ဖော်ပြထားသည်။

သို့‌သော် (ယခင်)မြန်မာစစ်အစိုးရ ဦး‌ဆောင်‌ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေသည် ဒီမိုက‌ရေစီတစ်ပိုင်း၊ စစ်အာဏာရှင်တစ်ပိုင်း ဖြစ်သည့်အ‌ပေါ် အစိုးရအတွင်း၌ တပ်မ‌တော်၏ ကြီးစိုးမှု တည်ရှိဦးမည်ဖြစ်သကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တပ်မ‌တော်အကြား အားပြိုင်မှု များ ဆက်လက် ဖြစ်‌ပေါ်‌နေဦးမည်ဟု ပဒို‌စော‌ဒေးဗစ်သက‌ဘောက သုံးသပ်‌ပြောဆိုခဲ့သည်။

နိုင်ငံ‌တော်သမ္မတ၏ အမိန့်ညွှန်ကြားချက်ဖြင့် လက်ရှိ တာဝန်ထမ်း‌ဆောင်‌နေ‌သော ပြည်‌ထောင်စုဝန်ကြီး ၉ဦးနှင့် ဒုဝန်ကြီး ၁၅ဦးကို ဩဂုတ်လ ၂၇ရက်စွဲဖြင့် ‌ပြောင်းလဲခန့်အပ်လိုက်‌သော ပြည်‌ထောင်စုဝန်ကြီး ၉ဦးမှာ
၁။ ဦးစိုးသိန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – စက်မှုဝန်ကြီးဌာန)
၂။ ဦး‌အောင်မင်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – ရထားပို့‌ဆောင်‌ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – ဘဏ္ဍာ‌ရေးနှင့် အခွန်ဝန်ကြီးဌာန)
၄။ ဦးတင်နိုင်သိန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – အမျိုးသားစီမံကိန်းနှင့် စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦး‌အောင်ကြည် – ပြန်ကြား‌ရေးဝန်ကြီးဌာန (ယခင် – လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦး‌ကျော်ဆန်း – သမဝါယမဝန်ကြီးဌာန (ယခင် – ပြန်ကြား‌ရေးဝန်ကြီးဌာနနှင့် ယဉ်‌ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် – ‌မွေး/‌ရေ ဝန်ကြီးဌာန (ယခင် – သမဝါယမဝန်ကြီးဌာနနှင့် ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဝန်ကြီးဌာန)
၈။ ဦး‌အေးမြင့် – စက်မှုဝန်ကြီးဌာန (ယခင် – သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း – အားကစားဝန်ကြီးဌာန (ယခင် – ဟိုတယ်နှင့် ခရီးသွားလာ‌ရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန)

ထို့အတူ အသစ်ခန့်လိုက်‌သော ဒုဝန်ကြီး ၁၅ဦးတွင် ‌ဒေါက်တာဘွဲ ့ရသူများလည်း ပါဝင်ပြီး ၎င်းတို့မှာ
၁။ ရဲချုပ်‌ကျော်‌ကျော်ထွန်း – ပြည်ထဲ‌ရေးဝန်ကြီးဌာန
၂။ ဦးပိုက်‌ထွေး- ပြန်ကြား‌ရေးဝန်ကြီးဌာန
၃။ ဦးသန်း‌ဆွေ – ယဉ်‌ကျေးမှုဝန်ကြီးဌာန
၄။ ဦး‌အောင်သိမ်း – သမ္မတရုံးဝန်ကြီးဌာန
၅။ ‌ဒေါက်တာလင်း‌အောင် – ဘဏ္ဍာ‌ရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်‌အောင် – အမျိုးသားစီမံကိန်းနှင့် စီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ‌ဒေါက်တာ‌ဒေါ်ခင်စန်းရီ – အမျိုးသားစီမံကိန်းနှင့် စီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ‌ဒေါ်စုစုလှိုင် – လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာန
၉။ ဦး‌သောင်းတင် – ဆက်သွယ်‌ရေး၊ စာတိုက်နှင့် ‌ကြေးနန်းဝန်ကြီးဌာန
၁၀။ ဦးထင်‌အောင် – စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် – လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦး‌အေးမြင့်‌မောင် – ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သစ်‌တော‌ရေးရာဝန်ကြီးဌာန
၁၃။ ‌ဒေါက်တာ‌ဒေါ်သက်သက်ဇင် – ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သစ်‌တော‌ရေးရာဝန်ကြီးဌာန
၁၄။ ဦး‌သောင်းထိုက် – အားကစားဝန်ကြီးဌာန
၁၅။ ‌ဒေါက်တာ‌ဒေါ်သိန်းသိန်း‌ဌေး – ကျန်းမာ‌ရေးဝန်ကြီးဌာန

ထိုသို့ ဝန်ကြီးများ ‌ပြောင်းလဲခန့်အပ်မှု‌ကြောင့် လစ်လပ်သွား‌သော ပြည်‌ထောင်စုဝန်ကြီးများကိုမူ မကြာခင် ထုတ်ပြန်မည်ဖြစ်‌ကြောင်း သတင်းရရှိသည်။