Home သတင်း ၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်‌နေ့ NMSP ဗဟိုဌာနချုပ်တွင် ကျင်းပ

၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်‌နေ့ NMSP ဗဟိုဌာနချုပ်တွင် ကျင်းပ

1715
ဩဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၂၉ရက်‌နေ့တွင် ကျ‌ရောက်သည့် ၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်‌နေ့ကို ‌ရေး‌ချောင်းဖျား ‌ဒေသရှိ မွန်ပြည်သစ်ပါတီ-(NMSP) ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်‌ထောမွန်၊ ဒုဥက္ကဌ နိုင်‌ရော့စ၊ တွဲဖက်အတွင်း‌ရေးမှူး နိုင်‌အောင်မင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီဂ‌ကောင်း အပါအဝင် မွန်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် အင်အား ၁၀၀‌ကျော် တက်‌ရောက်ကြသည်။

အခမ်းအနားတွင် က‌လေးစစ်သား အသုံးမပြုရန် ဂျီနီဗါသ‌ဘောတူညီချက်ကို အခမ်းအနားတက်‌ရောက်လာခဲ့သည့် တပ်မှူးတပ်သားများ နှင့် ပါတီတာဝန်ရှိတို့ကို ရှင်းလင်း‌ပေးခဲ့ပြီး မွန်ပြည်သစ်ပါတီအ‌နေနှင့် Geneva Call စာချုပ်ကိစ္စနှင့် ပတ်သက်ပြီး ‌အောက်‌ခြေတပ်ရင်း တပ်ဖွဲ့များကိုလည်း ရှင်းလင်းသွားမည်ဟု သိရသည်။

“Geneva Call နဲ့ပတ်သက်ပြီး‌တော့ ကျ‌နော်တို့စာချုပ်ချုပ်ဆိုထားတဲ့ အချက် (၁၆)နဲ့ ပတ်သက်တဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်‌တွေကို ရှင်းပြ တယ်။ တခြားတပ်ရင်း‌တွေအတွက်လည်း ‌လော‌လောဆယ် Geneva Call စာချုပ်ကိစ္စနဲ့ပက်သက်ပြီး မွန်လိုပြန်ထားပြီး‌တော့ တပ်ရင်း တိုင်း၊ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ ဖြန့်ဖို့ရှိတယ်။ ‌နောက် စာချုပ် ချုပ်ဆိုထားတဲ့ အ‌သေးစိတ်ရှင်းလင်းချက်ကိုလည်း နယ်ကိုပြန်ဖြန့်ဖို့ ရှိပါ တယ်”ဟု ဗဟိုစစ်‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးချုပ်လယီဂ‌ကောင်းက ‌ပြောသည်။

Geneva Call စာချုပ်ပါအချက်အလက်များကို ‌အောက်‌ခြေအဆင့်ထိ ရှင်းလင်းသွားမည်ဖြစ်သလို ဘဝတူ‌တော်လှန်‌ရေး အဖွဲ့အစည်းများ ကိုလည်း စာချုပ် ချုပ်ဆိုနိုင်‌အောင် တိုက်တွန်းသွားမည်ဟုလည်း ၎င်းက ‌ပြောသည်။

အသက် (၁၈)နှစ်‌အောက် က‌လေးသူငယ်များကို စစ်မှုမထမ်းခိုင်း‌ရေးအတွက် ဂျီနီဗာ သ‌ဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ(NMSP) နှင့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)တို့က ဩဂုတ်လဆန်းပိုင်းခန့်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ မြို့‌တော်ခမ်းမတွင် တရား ဝင် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်က စစ်အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ပြီး အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းလဲ‌ရေးကို လက်မခံခဲ့သဖြင့် ၂၀၁ဝခုနှစ်၊ ဧပြီလတွင် ငြိမ်းချမ်း‌ရေးပျက်ပြယ်ခဲ့သည်။

၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်‌ခေါင်း‌ဆောင်များနှင့် မြန်မာအစိုးရ ရထားပို့‌ဆောင်‌ရေး ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့တို့ ‌တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲ‌ရေး ပဏာမသ‌ဘော တူညီချက် ၅ချက်ဖြင့် လက်မှတ်‌ရေးထိုးခဲ့သည်။

မွန်ပြည်သစ်ပါတီလက်‌အောက်ခံ မွန်အမျိုးသားတပ်မ‌တော်ကို ၁၉၇၁ခုနှစ်၊ ဩဂုတ်လ ၂၉ရက်‌နေ့တွင် ဖွဲ့စည်းခဲ့သည်။