Home သတင်း သထုံတွင် PNLO ဆက်ဆံ‌ရေး ရုံးဖွင့်ရန် အစိုးရသ‌ဘောမတူ

သထုံတွင် PNLO ဆက်ဆံ‌ရေး ရုံးဖွင့်ရန် အစိုးရသ‌ဘောမတူ

3396
ဩဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO မှ သျှမ်းပြည်‌တောင်ပိုင်းရှိ ‌တောင်ကြီးမြို့၊ ‌မောက်မယ်မြို့၊ ဆီဆိုင်မြို့နှင့် မွန်ပြည်နယ် သထုံမြို့ ၄‌နေရာ ‌တောင်းဆိုခဲ့ရာ သထုံဆက်ဆံ‌ရေး ရုံး ဖွင့်လှစ်မည့်ကိစ္စကို အစိုးရဘက်မှ သ‌ဘောမတူခဲ့‌ကြောင်း PNLO အတွင်း‌ရေးမှူး ခွန်မြင့်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဆက်ဆံ‌ရေးရုံးဆိုတာ သူတို့(အစိုးရ)ဘက်က မြင်တာက စစ်‌ရေးပဋိပက္ခ‌တွေ အဓိက ‌ဖြေရှင်းဖို့ ဖြစ်တယ်။ ကျ‌နော့် PNLA တပ်‌တွေက သျှမ်းပြည်‌တောင်ပိုင်းမှာ ရှိတဲ့အခါကျ‌တော့ သျှမ်းပြည်‌တောင်ပိုင်းမှာပဲ ဖွင့်လှစ်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်”ဟု သူက ‌ပြောသည်။

ပအိုဝ်းလူမျိုးတို့သည် သျှမ်းပြည်‌တောင်ပိုင်းအပြင် ကရင်နီ(ကယား)ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် ‌နေထိုင်ကြ သကဲ့သို့ PNLO သည် ‌ဒေသကို အ‌ခြေမခံဘဲ အမျိုးသား‌ရေးကို ကိုယ်စားပြုဖွဲ့စည်းခြင်းဖြစ်‌သော‌ကြောင့် အစိုးရနှင့် ‌ပြေလည်မှုရရှိ‌အောင် ဆက်လက် ကြိုးပမ်းသွားမည်ဟု ခွန်မြင့်ထွန်းက ဖြည့်စွက်‌ပြောဆိုသည်။

(မြန်မာနိုင်ငံ)‌အောက်ပိုင်းတွင် PNLA တပ်ဖွဲ့ မရှိ‌သော်လည်း နိုင်ငံ‌ရေးအရ အမျိုးသား‌ရေးအတွက် ‌ဆောင်ရွက်စရာများ ရှိ‌ကြောင်း၊ ပအိုဝ်း ပြည်သူများ၏ ဆန္ဒကို ရယူနိုင်ရန် သထုံတွင် ဆက်ဆံ‌ရေးရုံး လိုအပ်‌ကြောင်းနှင့် သထုံသည် ပအိုဝ်းအမျိုးသားများ၏ ပုဂံဖြစ်‌ကြောင်း PNLO အဖွဲ့က ဆိုသည်။

PNLO သည် ၎င်းတို့၏ ဆက်ဆံ‌ရေးရုံးအတွက် PNLO ၏ အရံဗဟို‌ကော်မတီဝင် ဗိုလ်မှူးခွန်ဇွဲထိုအား ဆက်ဆံ‌ရေးရုံး တာဝန်ခံအဖြစ် ခန့်အပ်ထားလိုက်ပြီး ဩဂုတ်လမကုန်မီ ‌တောင်ကြီးတွင် ရုံးဖွင့်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။

ဩဂုတ်လ ၂၅ရက်‌နေ့က PNLO သည် ပြည်နယ်အစိုးရနှင့် သျှမ်းပြည်နယ် ‌တောင်ကြီးမြို့၌ ပြည်နယ်အဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် သ‌ဘောတူညီချက် (၅)ချက်ထဲတွင် ဆက်ဆံ‌ရေးရုံးနှင့် ပတ်သက်၍ “ဆက်ဆံ‌ရေးရုံးများကို ‌တောင်ကြီး၊ ဆီဆိုင်၊ ‌မောက်မယ်မြို့များ၌ ထားရှိ‌ရေး”ဟူ‌သောအချက် ပါရှိသည်။

ထို‌နေ့ တစ်ရက်တည်းပင် ၎င်းတို့နှစ်ဖွဲ့ ပြည်‌ထောင်စုအဆင့်‌တွေ့ဆုံကာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်‌ရေး၊ အပစ်ရပ်‌ရေးဆိုင်ရာကျင့်ဝတ် (Code of conduct)၊ ဆက်ဆံ‌ရေးရုံးလည်ပတ်နိုင်‌ရေး၊ တပ်‌နေရာများ ညှိနှိုင်း‌ရေး၊ မူးယစ်‌ဆေးဝါး ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး၊ သတင်းမီဒီ ယာကိစ္စ၊ တပ်ဖွဲ့ဝင်များ၏ စားဝတ်‌နေ‌ရေး၊ ပြည်သူလူထုလုံခြုံ‌ရေးနှင့် အ‌ခြေခံစိုက်ပျိုး‌ရေး စသည့်အချက် ၈ချက်ကို ဆက်လက်‌ဆွေး‌နွေးရန် သ‌ဘောတူညီခဲ့ကြသည်။

၎င်း‌တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်း‌ရေးလုပ်ငန်း‌ကော်မတီ ဒု-ဥက္ကဌ ဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်ပြီး PNLO ဘက်မှ အတွင်း‌ရေးမှူးချုပ် ခွန်မြင့်ထွန်း ဦး‌ဆောင်ခဲ့သလို လာမည့် ‌အောက်တိုဘာလတွင် ရန်ကုန်၌ နှစ်ဦးနှစ်ဘက် ထပ်မံတွ့ဆုံရန် လျာထားသည် သိရသည်။

PNLO သည် ရဟန်းသံဃာ‌တော်များ အပါအဝင် ပအိုဝ်းလူငယ်များ၊ အမျိုးသမီးအဖွဲ့များ၊ အလုပ်သမားအဖွဲ့ များနှင့် ပအိုဝ်းလက်နက်ကိုင် တပ်ဖွဲ့တို့က ပူး‌ပေါင်းကာ ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းမြန်မာ နယ်စပ်တ‌နေရာတွင် ညီလာခံကျင်းပ၍ ပြန်လည်ဖွဲ့စည်းထားခဲ့သည်။