Home သတင်း အစိုးရနှင့်တတိယအကြိမ် ‌တွေ့ဆုံရန် KNU ခရီးစဉ် စတင်

အစိုးရနှင့်တတိယအကြိမ် ‌တွေ့ဆုံရန် KNU ခရီးစဉ် စတင်

1651
စက်တင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် တတိယအကြိမ် ‌တွေ့ဆုံရန် ယ‌နေ့ စက်တင်ဘာလ ၁ရက်‌နေ့၊ မနက် ၈နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့မှ စတင်ထွက်ခွါခဲ့ သည်။

KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန် ဦး‌ဆောင်ပြီး တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် စရှာထု‌ဝေါ်၊ တပ်မဟာ(၅)ရုံးထိုင်မှူး ဗိုလ်မှူး ‌စောကလယ်ဒို့၊ ဂျီသရီး ဗိုလ်မှူး ‌စောတာမလာ‌သော၊ KNU ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီအဖွဲ့ဝင် ပဒိုအားတိုး၊ ‌စော‌သောသီဘွဲ၊ ‌စောလှထွန်း၊ ‌စော‌အောင်ဝင်း‌ရွှေ စသည့် အဖွဲ့ဝင်အားလုံး ၁၄ ဦးပါသည့် ၎င်းတို့အဖွဲ့ကို မြဝတီမိသားစု ဧည့်ရိပ်သာတွင် မြဝတီ အုပ်ချုပ်‌ရေးမှူးနှင့် KNU ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး ‌စော‌ဖောဒိုတို့က မနက်စာဖြင့် ဧည်ခံခဲ့သည်။

၎င်းတို့အဖွဲ့သည် မြဝတီမြို့မှ စတင်ထွက်ခွါပြီး‌နောက် ‌နေ့လည် ၁၁နာရီတွင် ‌ကော့ကရိတ်မြို့တွင် ‌ရောက်ရှိရာ အစိုးရဘက်မှ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် သမ္မတရုံးဝန်ကြီးဌာနမှ ဝန်ကြီး ဦး‌အောင်မင်းအပါအဝင် လူဝင်မှုကြီး ကြပ်‌ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့် ကရင်ပြည်နယ် နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေး ဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်လွင်တို့က လာ‌ရောက်ကြိုဆိုခဲ့သည်။ ဝန်ကြီး ဦး‌အောင်မင်းသည် KNU ကိုယ်စားလှယ်အဖွဲ့များအား ‌ကော့ကရိတ်တွင် လာ‌ရောက်ကြိုဆိုပြီး‌နောက် ရန်ကုန်မြို့သို့ တခါတည်း ပြန်သွားခဲ့သည်။

‌နေ့လည်စာကို ၎င်းတို့အားလုံးက ‌ကော့ကရိတ်မြို့ရှိ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂)ရိပ်သာတွင် သုံး‌ဆောင် ခဲ့ကြပြီး ‌နေ့လည် ၁၂နာရီတွင် ခရီးဆက်လက်ထွက်ခွါခဲ့ကြသည်။

ထို့‌နောက် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ မဝင်မီ ‌တောင်က‌လေး‌ကျေးရွာ ပရိယတ္တိစာသင်တိုက်သို့ သွား‌ရောက် ခဲ့ပြီး ‌ကျောင်းသူ‌ကျောင်းသားအပါအဝင် သံဃာ‌တော်များ စုစု‌ပေါင်း ၂၀ဝ ‌ကျော်တို့က ၎င်းတို့အား ကြိုဆိုခဲ့ကြ သည်။ တဆက်တည်းမှာပင် ယ‌နေ့တွင် ကရင်လူမျိုးတို့၏ လက်ချည်ပွဲမဂင်္လာ ကျင်းပသည့်‌နေ့ ဖြစ်‌သော‌ကြောင့် ‌တောင်က‌လေးရှိ သက်ကြီးရွယ်အိုများက KNU ကိုယ်စားလှယ်များအား ချည်ဖြူဖွဲ့‌ပေးခဲ့ကြသည်။ ယင်း‌နောက် ‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိနှင့် ‌တွေ့ဆုံခဲ့သည်။

ည‌နေ ၃နာရီတွင် ‌တောင်က‌လေးရွာမှ ဖားအံမြို့သို့ ပြန်ဝင်လာခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ စီစဉ်မှုဖြင့် ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် တည်းခိုခဲ့ကြသည်။ ည‌နေ ၆နာရီ၌ ဇွဲကပင် ဂါးဒင်းစား‌သောက်ဆိုင်တွင် ဖားအံရှိ ကရင်လူမှုအသိုင်းအဝိုင်းများမှ လူဦး‌ရေ ၆ဝခန့်က KNU ကိုယ်စားလှယ်များကို တည်ခင်းဧည့်ခံကာ ခရီးစဉ်ဆိုင်ရာများကို အပြန်အလှန်‌မေးမြန်း‌ပြောဆိုခဲ့ကြသည်။

တည်ခင်းဧည့်ခံပွဲတွင် ရန်ကုန်တိုင်း ကရင်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ ဖားအံမြို့ရှိ အမျိုးသားဒီမို က‌ရေစီအဖွဲ့ချုပ်-NLD အဖွဲ့ဝင် နန်းခင်‌ထွေးမြင့်၊ ကရင်ပြည်သူ့ပါတီ-KPPနှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDPမှ ကိုယ်စားလှယ်အချို့၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်တို့က ပါဝင်သည်။

ဧည့်ခံပွဲ၌ ကရင်လူမှုအသိုင်းအဝိုင်းများက ယခု အစိုးရနှင့် တတိယအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးမည့် အ‌ကြောင်း အရာအပြင် ဒုက္ခသည်ကိစ္စ၊ အနာဂတ် KNU ၏ ရပ်တည်ချက် စသည့်တို့ကို ‌မေးမြန်းပြီး KNU ကိုယ်စားလှယ်များက ‌ဖြေကြား‌ပေးခဲ့သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖြန် စက်တင်ဘာလ ၂ရက်‌နေ့တွင် ဖားအံမြို့ရှိ ခရစ်ယာန်ဘုရားရှိ ခိုး‌ကျောင်းများနှင့် ဘုန်းကြီး‌ကျောင်းများတွင် သွား‌ရောက်လည်ပတ်သွားမည်ဟု သိရသည်။