Home သတင်း နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်ကို မြန်မာ အစိုးရနှင့် ‌ကေအဲန်ယူတို့ စတင် ‌ဆွေး‌နွေး

နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်ကို မြန်မာ အစိုးရနှင့် ‌ကေအဲန်ယူတို့ စတင် ‌ဆွေး‌နွေး

2063
စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ၏ သတင်း‌ပေးပို့ချက် (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်လ်၌ ယ‌နေ့မနက်မှ ညဦးပိုင်းအထိ ကျင်းပပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct-CoC)ကို ဦးစွာ ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်းသို့‌ဆွေး‌နွေးရာတွင် ‌ကေအဲန်ယူမှ ‌ရေးသားတင်ပြထားသည့် CoC မူကြမ်းကို နှစ်ဖက်စလုံးမှ နယ်နိမိတ်‌ခေါ်‌ဝေါ်မှု၊ IDP အဓိပ္ပါယ်ဖွင့် ဆိုချက် အပါအဝင် မူကြမ်းပါ အသုံးအနှုံးများအပြင် လူထုမှ လိုက်နာရမည့်ကျင့်ဝတ်နှင့် နှစ်ဖက်တပ်များမှ လိုက်နာရမည့်ကျင့်ဝတ်များကို တစ်ချက်ချင်း၊ တစ်ပိုဒ်ချင်း အ‌ကျေအလည် ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

ယ‌နေ့‌ဆွေး‌နွေးပွဲတွင် အဓိကအားဖြင့် အစိုးရဘက်မှ သမ္မတဝန်ကြီး ဦးစိုးသိန်း၊ ပြည်‌ထောင်စု ဒု-ဥပ‌ဒေချုပ် ဦးထွန်းထွန်းဦး၊ အ‌ရှေ့ ‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သစ်‌တောဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ ပြည်‌ထောင်စု လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်‌ဇော်ဝင်းတို့က ဦး‌ဆောင်‌ဆွေး‌နွေးခဲ့ကြ သည်။

အထူးသဖြင့် CoC တွင် ပါဝင်သည့် တပ်စခန်းတည်‌ဆောက်‌ရေးကိစ္စ၊ နယ်‌မြေစိုးမိုး‌ရေးနှင့် စစ်သည်‌တော်ကျင့်ဝတ်များကို နှစ်ဖက်ကိုယ် စားလှယ်များက အ‌သေးစိတ် ညှိနှိုင်း‌ပြောဆို လက်ခံခဲ့ကြသလို ‌ကေအဲန်ယူဘက်မှ တွဲဖက် စစ်‌ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထု‌ဝေါ်နှင့်အတူ ဗိုလ်မှူး‌စောဂလယ်ဒို့၊ ဗိုလ်မှူး‌စောတာမလာ‌သောတို့က ဦး‌ဆောင်တင်ပြ‌ဆွေး‌နွေးဖြစ်ခဲ့သည်။

“စစ်‌ရေးအရဆို နှစ်ဖက်တပ်‌တွေရဲ့ သွားလာမှု‌တွေ၊ လက်နက် ရိက္ခာသယ်ယူမှုကို လိုအပ်တာထက် ပိုမသယ်‌ဆောင်ဖို့၊ လူထုရှင်းလင်းပွဲ လို လုပ်‌ဆောင်ချက်‌တွေဆိုလည်း အပြန်အလှန် ယုံကြည်မှုရှိ‌အောင် တစ်ဖက်နဲ့တစ်ဖက် အသိ‌ပေးသွားဖို့‌တွေ ‌ဆွေး‌နွေးဖြစ်ကြတယ်။ ‌ဆွေး‌နွေးပွဲ တက်‌ရောက်တဲ့ လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာက လူထုလိုလားတဲ့ ၁၇/၁ ပုဒ်မကို ဖြုတ်‌ပေးဖို့ကို ‌တောင်းဆို‌တော့ ဝန်ကြီးဦး‌အောင်မင်းက ကရင်‌ဒေသမှာ မရှိ‌တော့‌ကြောင်း ‌ပြောခဲ့ပါတယ်”ဟု ကိုယ်တိုင်သတင်း စု‌ဆောင်းသူ နန်း‌ဖော့‌ဂေက ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် မိုင်းရှင်းလင်း‌ရေးနှင့် ပတ်သက်၍ နှစ်ဘက် လက်ခံ‌ဆွေး‌နွေးခဲ့သည်မှာ အပစ်ရပ်‌ဒေသများတွင် မိုင်းအသစ် ထပ်မံ ‌ထောင် ထားခြင်းကို မပြုလုပ်‌တော့ဘဲ ‌ထောင်ထားပြီး‌သော မိုင်းများကို ရှင်းလင်း‌ရေးကိစ္စတွင် နှစ်ဦးနှစ်ဖက် ပူး‌ပေါင်း‌ဆောင်ရွက်ရန် သ‌ဘောတူခဲ့ ကြသည်။

၎င်းအပြင် အစိုးရနှင့် ‌ကေအဲန်ယူ နှစ်ဖက် သက်ဆိုင်‌သော ကိစ္စဟူသမျှကို တိုက်ရိုက်ရန်မူ‌သော လုပ်ရပ်နှင့် ရန်မူသည့်သ‌ဘောကို‌ဆောင် ‌သော လုပ်ရပ်အားလုံးကို ရပ်စဲပြီး အပစ်အခတ်ရပ်စဲခြင်း အကျိုးသက်‌ရောက်ရာ အရပ်‌ဒေသ‌နေ အရပ်သားများကို ဥပ‌ဒေမဲ့ ပြုကျင့်မှုများ မဖြစ်ပွား‌စေ‌ရေး လိုက်နာ‌ဆောင်ရွက်‌ရေးကိုလည်း လက်ခံခဲ့ကြသည်။

ယ‌နေ့ ‌ဆွေး‌နွေးပြီးခဲ့သည့် လူထုနှင့် လက်နက်ကိုင်တပ်များ လိုက်နာရမည့်ကျင့်ဝတ် မူကြမ်းကို နှုတ်အားဖြင့် သ‌ဘောတူညီခဲ့ကြကာ မနက်ဖြန် ဒုတိယ‌နေ့ ‌ဆွေး‌နွေးပွဲတွင် နှစ်ဘက်တပ်များ အ‌ရွှေ့အ‌ပြောင်းကိစ္စကို မြန်မာအစိုးရနှင့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် များက ဆက်လက် ‌ဆွေး‌နွေးသွားမည်ဖြစ်သည်။

ကရင်‌ဒေသရှိ လူထုဘဝ လုံခြုံမှုအတွက် လိုက်နာရမည့်ကျင့်ဝတ်နှင့် တပ်အ‌ရွှေ့အ‌ပြောင်းကိစ္စကို ‌ကေအဲန်ယူမှ အဓိကထား၍ မြန်မာ အစိုးရကိုယ်စားလှယ်များနှင့် တတိယအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာ ‌ကေအဲန်ယူဘက်မှ အဖွဲ့‌ခေါင်း‌ဆောင် ‌နော်စီဖိုးရာစိန်၊ ဒုအဖွဲ့‌ခေါင်း ‌ဆောင် ဗိုလ်မှူးချုပ်စ’ရှာထု‌ဝေါ် အပါအဝင် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ၉ဦး တက်‌ရောက်ခဲ့သည်။

အလားတူ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦး‌အောင်မင်းနှင့် ပြည်‌ထောင်စုဝန်ကြီးအချို့၊ ကရင်လွှတ်‌တော် ကိုယ်စားလှယ်များအပြင် ရန်ကုန်တိုင်း ကရင်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်လည်း တက်‌ရောက်ခဲ့ကြသလို နိုင်ငံတကာ ‌လေ့လာသူ ၃ဦးနှင့် ပြည်တွင်း‌လေ့လာသူ ၃ဦး ပါဝင်ခဲ့သည်။