Home သတင်း လွိုင်‌ကော်မြို့တွင်ကျန်းမာ‌ရေး ဆိုင်ရာ ‌ကော်မတီတရပ် ဖွဲ့စည်းခဲ့

လွိုင်‌ကော်မြို့တွင်ကျန်းမာ‌ရေး ဆိုင်ရာ ‌ကော်မတီတရပ် ဖွဲ့စည်းခဲ့

1958
စက်တင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် ကရင်နီ(ကယား)လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့၏ လက်‌အောက်ခံ ကျန်းမာ‌ရေးဌာန အသီးသီးတို့က ကျန်းမာ‌ရေးမူဝါဒ ဖွံ့ဖြိုး‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ တရပ်ကို လွိုင်‌ကော်မြို့တွင် ကျင်းပခဲ့ရာ ကျန်းမာ‌ရေး ဆိုင်ရာ ‌ကော်မတီတရပ်ဖွဲ့စည်းနိုင်ခဲ့သည်။

ယင်း‌ဆွေး‌နွေးပွဲတွင် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ကရင်နီလူမျိုး‌ပေါင်းစုံ ပြည်သူ့လွတ်‌မြောက် ‌ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(က‌ယောနီ)၊ ကရင်နီအမျိုး သား‌သွေးစည်းညီညွတ်‌ရေး-KNSO၊ ကယန်းပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားဒီမိုကရက်ပါတီပါဝင်ပြီး ဩဂုတ်လ ၂၇ ရက်‌နေ့မှ ၃၁ရက်‌နေ့ထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲမှ ကရင်နီပြည်သူတရပ်လုံးကို ကိုယ်စားပြုသည့် “ကျန်းမာ‌ရေးဆိုင်ရာ ‌ကော်မတီတရပ်”ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဓိကအားဖြင့် ပြည်သူလူထုအတွက် လိုအပ်သည့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများ လုပ်‌ဆောင်သွားမည်ဟု ‌ကော်မတီ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ခူဒယ်နီယာက ‌ပြောသည်။
၎င်းက “ကျ‌နော်တို့ အပစ်ခတ်ရပ်စဲထားတဲ့အဖွဲ့အစည်းအားလုံးက ကျန်းမာ‌ရေးဌာန‌တွေ ပါတယ်။ ‌ဆွေး‌နွေးပွဲမှာ သ‌ဘောတူညီမှုတခုထွက်လာတာ‌ပေါ့‌နော်။ အဓိက ကျန်းမာ‌ရေးကို အ‌ခြေခံတဲ့ သ‌ဘောတူညီမှုဖြစ်တယ်။ လူထု ‌တွေကို ပထမ ကျန်းမာ‌ရေးပြုစု‌စောင့်‌ရှောက်မှု‌တွေ လုပ်‌ပေးမယ်၊ ‌နောက်ပြီး‌တော့ လူတိုင်း တန်တူညီမှုရှိရမယ်” ဟု ‌ပြောဆိုသည်။

ဆက်လက်၍ ကျန်းမာ‌ရေးဆိုင်ရာ လိုအပ်ချက်အပ်‌နေသည့် ကရင်နီပြည်သူလူထုအတွက် အဓိက အပစ်ခတ် ရပ်စဲထားသည့် အဖွဲ့အစည်းလက်‌အောက်ခံ ကျန်းမာ‌ရေးအဖွဲ့အစည်းများ အားလုံး အတူတကွပူး‌ပေါင်းပြီး ကျန်း မာ‌ရေး‌ဆောင်ရွက်မှုများပြုလုပ်သွားရန်နှင့် ပြည်သူလူထုအတွက် ကျန်းမာ‌ရေးဆိုင်ရာ အာမခံချက်များ‌ပေးနိုင် ရန် ရည်ရွယ်ပြီး အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်း ခူဒယ်နီယာက ‌ပြောသည်။

‌ဆွေး‌နွေးပွဲသို့ ကျန်းမာ‌ရေးဌာနအသီးသီးမှ ကျန်းမာ‌ရေးတာဝန်ခံများ၊ ကရင်နီပြည်သူလူထုများအပါအဝင် စုစု‌ပေါင်း လူဦး‌ရေး ၅ဝ ‌ကျော် တက်‌ရောက်ကြသည်။
အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် သ‌ဘောတူညီထားသည့် ကျန်းမာ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးချက်များနှင့် ပတ်သက်ပြီး ‌ကြေညာချက် ထုတ်ရန် အစီအစဉ်ရှိ‌ကြောင်းလည်း သိရသည်။
‌ကြေညာချက်ထုတ်ပြန်ရာတွင် ပဏာမ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုကို လူတိုင်း တန်းတူညီမျှမှုရှိ‌စေ‌ရေး၊ ကျန်းမာ‌ရေး‌စောင့်‌ရှောင်မှုလုပ်ငန်းများအတွက် လိုအပ်‌သော ဝန်းထမ်းများ ‌လေ့ကျင့်ပြိုး‌ထောင်ခွင့်နှင့် စဉ်ဆက်မပြတ် စည်းပူး‌လေ့လာနိုင်ခွင့်ရှိ‌ရေး၊ တိုင်းရင်းသား‌ဒေသအတွင်းရှိ ကျန်းမာ‌ရေးအဖွဲ့အစည်းများ အသိအမှတ်ပြု‌ပေးရမည်အစရှိသည့် ကျန်းမာ‌ရေးဆိုင်ရာ အချက် ၁၂ ချက်ခန့်ကို ‌ကော်မတီအဖွဲ့တို့က အကြမ်းဖျင်း သ‌ဘောတူထားကြသည်။