Home သတင်း ရွာသားများကို ‌ခေါ်ယူခိုင်း‌စေပြီး စစ်သားသစ်ပါ ‌ကောက်ယူ‌နေ

ရွာသားများကို ‌ခေါ်ယူခိုင်း‌စေပြီး စစ်သားသစ်ပါ ‌ကောက်ယူ‌နေ

1857
နိုဝင်ဘာလ ၂၅။ ‌စောထွန်းနိုင် (‌ကေအိုင်စီ)

ယခုရက်ပိုင်းတွင် ဖာပွန်‌ဒေသအတွင်း ဝင်‌ရောက်လှုပ်ရှား စခန်းချလာသည့် ဒီ‌ကေဘီ‌အေတပ်များသည် ‌ဒေသခံရွာသူရွာသားများ ကို ‌ခေါ်ယူခိုင်း‌စေသည့်အပြင် စစ်သားသစ်ကိုပါ ‌ကောက်ယူ‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၃၃၃)မှ ဒုဗိုလ်မှူးကြီး ‌စောဘိ ဦးစီး‌သော တပ်ရင်းနှင့် ဒုဗိုလ်မှူးကြီး ဟင်နရီ ဦးစီး‌သော တပ်ရင်းတို့သည် ယခုလ ၁ဝရက်‌နေ့က ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်အတွင်းရှိ မိ‌ချောင်းဝင်း(ကွီးတမာ့)နှင့် ဝင်း‌မော်(‌ဝေါ်မူ)‌ကျေးရွာများအတွင်းသို့ ‌ရောက်ရှိစခန်းချခဲ့ရာ စခန်း‌ဆောက်လုပ်ရန်နှင့် ရိက္ခာသယ်ယူရန်အတွက် ရွာသူရွာသားများကို ‌ခေါ်ယူခိုင်း‌စေခဲ့‌ကြောင်း ‌ကေအဲန်ယူ ဖာပွန်ခရိုင်မှ ဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင်စီကို ‌ပြောသည်။

သူက “ဒီ‌ကေဘီ‌အေ နံပါတ်(၃၃၃)အဖွဲ့က ဒီလ ၁ဝရက်‌နေ့မှာ ကွီးတမာ့(မိ‌ချောင်းဝင်း)အထိ ‌ရောက်လာပြီး‌တော့ အဲဒီမှာ စခန်းချ တယ်။ အဲဒီစခန်းအတွက် အခု သူတို့ ရိက္ခာ‌တွေ သယ်ယူတယ်။ အဲဒီအတွက် ကွီးတမာ့(မိ‌ချောင်းဝင်း)ရွာသား‌တွေကို ‌ခေါ်ယူပြီး ‌တော့ သယ်ခိုင်းတယ်။ ရိက္ခာသယ်ရတဲ့အပြင် အခြားအလုပ်‌တွေ အပါအဝင်‌ပေါ့‌လေ။ တ‌ခေါက်ကို ရွာသားအ‌ယောက်(၂၀) ‌ခေါ်ပြီး ‌တော့ ၃ရက်တိတိ သွားလုပ်ရတယ်။ ပြီးရင် ‌နောက်တသုတ် အလှည့်ကျ ၃ရက်စီ သွားလုပ်‌ပေးရတယ်။ မသွားနိုင်ဘူးဆိုရင် လူတ ‌ယောက်ကို ‌ငွေ(၅၀၀၀)ကျပ်‌ပေးရတယ်”ဟု ဆိုသည်။

၎င်းတို့ တပ်စခန်း ‌ဆောက်ရန်အတွက် ရွာသူရွာသားများကို ‌ခေါ်ယူခိုင်း‌စေပြီး လိုအပ်သည့် သစ်၊ ဝါးနှင့် ဖက်များကိုလည်း ရွာသူ ရွာသားများထံမှ ‌ငွေမ‌ပေးဘဲ အခမဲ့ မှာယူခဲ့သည်။ ထိုသို့ လုပ်အားခိုင်း‌စေမှုအပြင် တချိန်တည်းတွင် မိ‌ချောင်းအင်း၊ ဝင်း‌မော်ရွာနှင့် အနီးတဝိုက်ရွာများမှ ရွာသူရွာသားများကို ယခုလ ၂၃ရက်‌နေ့က တအိမ်တ‌ယောက် ‌ခေါ်ယူ‌တွေ့ဆုံကာ စစ်သားသစ်‌ကောက်ယူရန် ‌ဆွေး‌နွေးချပြခဲ့သည်ဟု ထို‌ဒေသခံ၏ ‌ပြောပြချက်အရ သိရသည်။

“ဒီ‌ကေဘီ‌အေက စစ်သားသစ်‌ကောက်ယူဖို့အတွက် ဒီလ ၂၃ရက်‌နေ့က ရွာသား‌တွေကို တအိမ်တ‌ယောက် ‌ခေါ်ယူ‌တွေ့ဆုံပြီး‌တော့ ချပြ‌ဆွေး‌နွေးခဲ့တယ်။ အခု ဒီ‌ကေဘီ‌အေက နယ်ခြား‌စောင့်တပ်ဖြစ်ပြီ‌လေ။ ဒါ‌ကြောင့် ရွာသား‌တွေက‌တော့ ဒီ‌ကေဘီ‌အေ စစ်သား ပိုပြီး မလုပ်ချင်တာ‌ပေါ့။ အဲဒါ ဒီ‌ကေဘီ‌အေ‌တွေသိ‌တော့ မဲနိုက်စနစ်နဲ့ ‌ကောက်မယ်။ မဲ‌ပေါက်တဲ့သူ သွားရမယ်လို့ အကြပ်ကိုင်လာ တယ်”ဟု အဆိုပါ‌ဒေသခံက ဆိုသည်။

ဒီ‌ကေဘီ‌အေတပ်တို့ လုပ်‌ဆောင်သည့် စစ်သားသစ်စု‌ဆောင်းမှုကို မနှစ်သက်‌သော ထို‌ဒေသရှိ လူငယ်များသည် ယခုလက်ရှိအ ချိန်တွင် လွတ်‌မြောက်ရာ ‌တောတွင်းသို့ ‌ပြေးပုန်း‌နေထိုင်ကြရသည်။

မိ‌ချောင်းဝင်းရွာသားတဦးက “ကျ‌နော်တို့ရွာမှာ အရင်က နအဖ‌ရော၊ ဒီ‌ကေဘီ‌အေ တပ်စခန်း‌တွေ မရှိဘူး။ ဝင်း‌မော်(‌ဝေါ်မူ)မှာ‌တော့ နအဖ တပ်စခန်းတခုပဲရှိတယ်။ ဒီ‌ကေဘီ‌အေက ဒီအခုမှ ဝင်လာတာ။ နဂိုကတည်းက နအဖတပ်‌တွေရဲ့ ခိုင်း‌စေမှုကို ခံရတဲ့ကြားက အခု ဒီ‌ကေဘီ‌အေ ‌ရောက်လာ‌တော့ လုပ်အားခိုင်းတာ‌ရော၊ စစ်သားစု‌ဆောင်းတာ‌ရော ထပ်လုပ်လာတယ်။ ကျ‌နော်တို့ ရွာသား ‌တွေက ခံပြီးရင်းခံပဲ”ဟု ဆိုသည်။

ယခုကဲ့သို့ ဒီ‌ကေဘီ‌အေတပ်များ ဖာပွန်‌ဒေသအတွင်းသို့ ဝင်‌ရောက်‌နေရာယူခြင်းသည် အဆိုပါ‌ဒေသအတွင်း ထွက်ရှိသည့် သယံ ဇာတများဖြစ်သည့် ‌ရွှေနှင့်သစ်များ ထုတ်လုပ်ရန်အတွက်နှင့် နယ်ခြား‌စောင့်တပ်ဖြစ်လာမည့် ဒီ‌ကေဘီ‌အေတပ်အတွက် နယ်စပ် ‌ဒေသများကို ထိန်းချူပ်နိုင်ရန်အတွက် ဖြစ်နိုင်‌ကြောင်း ထိုမိ‌ချောင်းဝင်းရွာသားက ‌ပြောသည်။

ဖာပွန်‌ဒေသသို့ ‌ရောက်ရှိလာသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များတွင် မြဝတီမြို့နယ်၊ ကုက္ကို‌ကျေးရွာ အ‌ခြေစိုက် (၉၉၉) ဗျူဟာမှူး ဗိုလ်မှူး ကြီး‌စောချစ်သူ ဦးစီးသည့်တပ်ဖွဲ့ ပါဝင်သည်ဟု မြဝတီမြို့ရှိ ဒီ‌ကေဘီ‌အေနှင့် နီးစပ်သူတဦးက ‌ပြောသည်။ “ဗိုလ်ချစ်သူ ဦးစီးတဲ့ ဒီ‌ကေအဖွဲ့‌တွေ ဖာပွန်ဘက်ကိုသွားတယ်လို့‌တော့ ကျ‌နော်တို့ ကြားတယ်။ ဒါ‌ပေမဲ့ ထိုးစစ်အတွက်‌တော့ မဟုတ်ဘူး။ စီးပွား‌ရေးအ တွက်လို့ ‌ပြောကြတာပဲ”ဟု ဆိုသည်။
ဖာပွန်ခရိုင်ရှိ ဘူးသိုနှင့် ဒွဲလိုးမြို့နယ်အတွင်း လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေ (၇၇၇) က‌ဆောဝါးတပ်ရင်းကလည်း ထို‌ဒေသအတွင်း ပျက်စီး‌နေသည့် တံတားနှင့် လမ်းများပြုပြင်ရန် ‌ဒေသခံများကို ယခုလ ၄ရက်‌နေ့မှစ၍ ‌နေ့‌ရောညပါ ‌ခေါ်ယူခိုင်း‌စေခဲ့သည်။