Home သတင်း ခူးထဲဘူးဖဲ စာ‌ပေသင်ကြား‌ရေးကို ကရင်နီလူထုများ ပိုစိတ်ဝင်စားလာ

ခူးထဲဘူးဖဲ စာ‌ပေသင်ကြား‌ရေးကို ကရင်နီလူထုများ ပိုစိတ်ဝင်စားလာ

3873
စက်တင်ဘာလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


အပစ်ရပ်ကာလအတွင်း ပြည်တွင်းတွင် ပထမဆုံး စတင်သင်ကြားပို့ချ‌ပေး‌နေသည့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးထဲဘူးဖဲ(ကွယ်လွန်) ထီထွင်ခဲ့သည့် ကရင်နီစာ‌ပေကို မြန်မာပြည်တွင်းရှိ ကရင်နီလူထုများ ပိုမို စိတ်ဝင်စားလာသည်ဟု သိရသည်။

ထိုစာ‌ပေကို ကရင်နီ(ကယား)ပြည်နယ်၊ ရှား‌တောမြို့နယ်တွင် စတင် သင်ကြား‌ပေးရာ ယခု‌နောက်ပိုင်း လွိုင်‌ကော်၊ ဒီ‌မောဆို အစရှိသည့် မြို့နယ်အသီးသီးမှ လူထုအများစုကလည်း လာ‌ရောက်သင်ကြားပို့ချ‌ပေးရန် ‌တောင်းဆိုမှုများရှိလာသလို ယင်းစာ‌ပေကို ‌နေရာတိုင်းတွင် တစ်ကြိမ်တည်း မသင်ကြား‌ပေးနိုင်သည့်အတွက် တ‌နေရာပြီးမှ တ‌နေရာ သင်ကြားသွားရန် အစီအစဉ်ချ လုပ်‌ဆောင်‌ပေးလျှက်ရှိသည်ဟု KNPP က ‌ပြောသည်။

KNPP အတွင်း‌ရေးမှူး(၁) ခူဦးရယ်က “လူထု‌တွေ အ‌တော်များများ သူတို့မှာ စာ‌တွေ ‌ပေ‌တွေ ရှိတယ်ဆိုတာ မသိကြတာ ရှိတယ်‌လေ။ အထူးသဖြင့် ‌တောနယ်မှာ ‌နေ‌နေကြတဲ့လူ‌တွေက ရင်းနှီးမှု မရှိတဲ့အခါကျ‌တော့ ရှိ‌နေမှန်းလည်းမသိတဲ့အခါ ဒီစာ‌ပေအ‌ပေါ် သူတို့အ‌နေနဲ့ လိုလိုလားလား သင်ကြားချင်ကြတဲ့ ဆန္ဒ‌တွေ ရှိကြတယ်”ဟု ‌ပြောသည်။

ဆက်လက်၍ ခူဦးရယ်က “စာစသင်တာက ရှား‌တောမှာ။ လွိုင်‌ကော်မှာလည်း သင်ချင်တဲ့လူ‌တွေရှိတယ်။ ‌တောင်းဆိုလာတာရှိ‌တော့ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ သင်‌ပေးတဲ့အဆင့်ပဲ ရှိတယ်။ တခြား‌ဒေသမှာလည်း သင်ကြား‌ပေးဖို့ ‌တောင်းဆိုလာတဲ့လူ‌တွေရှိတယ်။ အထူးသဖြင့် လူငယ်‌တွေများတယ်”ဟု ‌ပြောသည်။

၎င်းအပြင် ‌ကျောင်းတက်‌နေကြသည့် လူငယ်များလည်း ‌ကျောင်းပိတ်ချိန်တွင် လာ‌ရောက်သင်ကြား‌ပေးရန်နှင့် ‌တောင်ယာအလုပ်ကို လုပ် ကိုင်‌နေကြသည့် လူလတ်ပိုင်းနှင့် တချို့လူကြီးပိုင်းတို့ကလည်း ၎င်းတို့၏ အားလပ်ချိန်များတွင် သင်ကြား‌ပေးရန်လည်း ‌တောင်းဆို‌နေကြ သည်။

ဆရာကြီး ခူးထဲဘူးဖဲ စာကို စိတ်ဝင်စားသည့် လွိုင်‌ကော်ရှိ ကရင်နီလူငယ်တဦးက “ဒီစာကို သင်ကြားဖို့ စိတ်ဝင်စားပါတယ်။ သင်လည်း သင်ချင်တယ်။ တက်လည်း တတ်‌မြောက်ချင်ပါတယ်”ဟု ‌ပြောသည်။

ယခု ကရင်နီပြည်နယ်အတွင်း ပထမဦးဆုံး သင်ကြားပို့ချ‌ပေး‌နေသည့် ကရင်နီစာ‌ပေမှာ ကွယ်လွန်သွားခဲ့သည့် KNPP ဥက္ကဋ္ဌ‌ဟောင်း ခူးထဲဘူးဖဲမှ ၁၉၅၅ခုနှစ်ကတည်းက စတင် ထီထွင်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီး ခူးထဲဘူးဖဲ စာ‌ပေကို ပြည်တွင်းရှိ ကရင်နီစာ‌ပေနှင့် ယဉ်‌ကျေးမှုဌာနတို့၏ ဦး‌ဆောင်မှုဖြင့် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိ ယအဆင့်ဟူ၍ အဆင့် ၆ဆင့်ထိ ခွဲခြားထားပြီး တဆင့်ချင်းဆီ သင်ကြားပို့ချ‌ပေး‌နေသည်ဟု ကရင်နီစာ‌ပေနှင့် ယဉ်‌ကျေးမှုဌာနကလည်း ‌ပြောသည်။

ကရင်နီလူမျိုးများသည် ဗမာဗျည်းအက္ခရာနှင့် ကရင်နီစာ ‌ရောမအက္ခရာ ကရင်နီစာနှင့် ခူးထဲဘူးဖဲ ထီထွင်သည့် ကရင်နီစာ‌ပေဟူ၍ သုံး မျိုးရှိရာ ယင်းအနက် ဗမာဗျည်းအက္ခရာနှင့် ‌ရောမအက္ခရာစာ‌ပေကို ပြည်တွင်းရှိ ကရင်နီ‌ဒေသများတွင် အများဆုံး အသုံးပြုကြပြီး ခူးထဲ ဘူးဖဲ ထီထွင်ခဲ့သည့် စာ‌ပေကို ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ ကရင်နီလူမျိုးများနှင့် ပြည်ပ‌ရောက် ကရင်နီလူမျိုးတို့က သင်ကြားတတ် ‌မြောက်ကြသည်။